အမရပူရတြင္ COVID အတည္ျပဳလူနာ ခုႏွစ္ ဦးေတြ႕ရွိ

0
26

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်းအမပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖေသက်တင်က ပြောသည်။

အဆိုပါ ပိုးတွေ့လူနာသစ် ခုနှစ်ဦးသည် အမရပူရမြို့ မှန်တန်းရပ်နေ အသက်(၃၀)ကျော်အရွယ် ပိုးတွေ့လူနာ Case-1810 နှင့် ထိတွေ့ဆက်စပ်မိသဖြင့် ဇီးပင်ကြီး ကွာရန်တင်းစင်တာ၌ အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကြောင်းသိရသည် ။

” ပိုးတွေ့လူနာ Case-1810 ဖြစ်တဲ့သူက စက်ဘီးစီးအဖွဲ့ကဖြစ်တယ် ။ သူ့ကို ပိုးတွေ့တွေ့ချင်းပဲ ကန်တော်နီကိုပို့လိုက်တယ် ။ သူနဲ့ ထိတွေ့ဆက်စပ်သူ ၅၂ ဦးရှိတယ် ။ အဲ့တာတွေကို စစ်ဆေးလိုက်တော့ခု ခုနှစ်ဦးတွေ့ရှိတာပေါ့ ” ဟု ၎င်းကပြောသည် ။

အဆိုပါ ပိုးတွေ့လူနာသစ် ခုနှစ်ဦးတွင် အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦးဖြစ်ပြီး ၎င်းတ်ု့နှင့် ထိတွေ့ဆက်စပ်မိသူများကို ဆက်လက်စုံစမ်းရာ (၁၄)ဦး ထပ်မံတွေ့ရှိပြီး လက်ရှိတွင် Quarantine စင်တာသို ပို့ဆောင်ထားသည်ဟုသိရသည် ။

လက်ရှိတွင် ကိုဗစ်အတည်ပြုလူနာသစ်များ နေထိုင်ခဲ့သည့် အမရပူရမြို့ မှန်တန်းရပ်ရှိ နေအိမ်နှင့် လမ်းသွယ်များတွင် Police line ကြိုးတားခြင်း၊ ဝါးလုံးတန်း တားခြင်းများ ပြုလုပ်ထားသည် ။

ပိုးတွေ့လူနာ (Case-1810) နေထိုင်သည့် အိမ်နှင့်ပတ်ဝန်းကျင်ရှိ အိမ်ထောင်စု (၁၄)စု၊ လူဦးရေ (၄၅)ဦးကို နေအိမ်၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ(၁၁)ရက်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂၅၆)ဦး ရှိပြီး သေဆုံးသူ (၁၄)ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နေသူရိန်လင်း
#TheFifthWave

(zawgyi)

မႏၲေလးတိုင္းေဒသႀကီး အမရပူရၿမိဳ့နယ္တြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၇)ဦး ထပ္မံစစ္ေဆးေတြ႕ရွိေၾကာင္းအမပူရၿမိဳ့နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေဖသက္တင္က ေျပာသည္။

အဆိုပါ ပိုးေတြ႕လူနာသစ္ ခုႏွစ္ဦးသည္ အမရပူရၿမိဳ့ မွန္တန္းရပ္ေန အသက္(၃၀)ေက်ာ္အရြယ္ ပိုးေတြ႕လူနာ Case-1810 ႏွင့္ ထိေတြ႕ဆက္စပ္မိသျဖင့္ ဇီးပင္ႀကီး ကြာရန္တင္းစင္တာ၌ အသြားအလာ ကန႔္သတ္ထားသူမ်ား ျဖစ္ေၾကာင္းသိရသည္ ။

” ပိုးေတြ႕လူနာ Case-1810 ျဖစ္တဲ႔သူက စက္ဘီးစီးအဖြဲ႕ကျဖစ္တယ္ ။ သူ႔ကို ပိုးေတြ႕ေတြ႕ခ်င္းပဲ ကန္ေတာ္နီကိုပို႔လိုက္တယ္ ။ သူနဲ႔ ထိေတြ႕ဆက္စပ္သူ ၅၂ ဦးရွိတယ္ ။ အဲ႔တာေတြကို စစ္ေဆးလို္က္ေတာ့ခု ခုႏွစ္ဦးေတြ႕ရွိတာေပါ့ ” ဟု ၎ကေျပာသည္ ။

အဆိုပါ ပိုးေတြ႕လူနာသစ္ ခုႏွစ္ဦးတြင္ အမ်ိဳးသား ေလးဦးႏွင့္ အမ်ိဳးသမီး သုံးဦးျဖစ္ၿပီး ၎တ္ု႔ႏွင့္ ထိေတြ႕ဆက္စပ္မိသူမ်ားကို ဆက္လက္စုံစမ္းရာ (၁၄)ဦး ထပ္မံေတြ႕ရွိျပီး လက္ရွိတြင္ Quarantine စင္တာသို ပို႔ေဆာင္ထားသည္ဟုသိရသည္ ။

လက္ရွိတြင္ ကိုဗစ္အတည္ျပဳလူနာသစ္မ်ား ေနထိုင္ခဲ့သည့္ အမရပူရၿမိဳ့ မွန္တန္းရပ္ရွိ ေနအိမ္ႏွင့္ လမ္းသြယ္မ်ားတြင္ Police line ႀကိဳးတားျခင္း၊ ဝါးလုံးတန္း တားျခင္းမ်ား ျပဳလုပ္ထားသည္ ။

ပိုးေတြ႕လူနာ (Case-1810) ေနထိုင္သည့္ အိမ္ႏွင့္ပတ္ဝန္းက်င္ရွိ အိမ္ေထာင္စု (၁၄)စု၊ လူဦးေရ (၄၅)ဦးကို ေနအိမ္၌ အသြားအလာ ကန႔္သတ္ ေစာင့္ၾကည့္ထားေႀကာင္းသိရသည္။

ျမန္မာနိုင္ငံတြင္ စက္တင္ဘာ(၁၁)ရက္အထိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၂၂၅၆)ဦး ရွိၿပီး ေသဆုံးသူ (၁၄)ဦး ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ေနသူရိန္လင္း
#TheFifthWave

Leave a Reply