Music Zone KTV Restaurent အား ဖျက်သိမ်းပေးရန် နေရွှေသွေးအောင်၏ဖခင်ဖြစ်သူက တောင်းဆို

0
73

Music Zone KTV Restaurent နှင့် ပတ်သက်ပြီး အသရေဖျက်နေမှုများများမှာ မဟုတ်မှန်ကြောင်း နှင့် ဖျက်သိမ်းပေးရန် နေရွှေသွေးအောင်၏ ဖခင်ဖြစ်သူက ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ဖော်ပြထားချက် အရ သိရသည်။

၎င်း၏သားအား အယောင်ဆောင် အသရေဖျက်သည့်အပြင် COVID ကာလ တွင်စည်းကမ်းမလိုက်နာခဲ့သော လူအများကို ရောဂါ ကူးစက်စေခဲ့သော Music Zone KTV Restaurent အား ဖျက်သိမ်းပေးရန် တောင်းဆိုအပ်ပါသည်ဟု ရေးသားဖော်ပြထားသည်။

လူမှုကွန်ယက်စာမျက်နှာရေးသားဖော်ပြရာတွင် ဖခင်ဖြစ်သူဦးနေမောင်က”လတ်တလောCOVID-19ပိုးတွေ့ရှိခဲ့ပြီးသင်္ကန်းကျွန်းမြို့နယ်အတွင်း ပိုးများ အဓိက ဖြန်းဖြူးသည်ဟု နာမည် ထွက်နေသော Music Zone KTV Karaoke Restaurant သည် နေမောင် ၏ သား နေရွှေသွေးအောင် ဖွင့်လှစ်ထားသည် ဆိုကာ အသရေဖျက်မှုများ လုပ်ဆောင်လျက်ရှိပါသည်။ ယင်း KTV သည် မဖွင့်ခင်ကပင် သား ဖိုးလ ပိုင်သ ယောင်ယောင် ပြောပြီး ဖွင့်ပြီးချိန်တွင်လည်း waiter လေးများ ကို ပိုင်ရှင်ဘယ်သူလည်းမေးလျင် ပြော၍ မရပါကြောင်း ဟုတ်သယောင်ယောင် ဖြစ်အောင် ရဲများ မဝင်အောင် နည်းဗျူဟာသုံးကြောင်းလည်း ရဲစခန်းမှ ပြောပြပါသည်”ဟု ရေးသားထားသည်။

ဆက်လက်၍ဦးနေမောင်က”နေရွှေသွေးအောင်မှာ အများထင်သလို လုပ်ငန်းကြီး များ လည်း မရှိသည့်ပြင် KTV Club များ ဖွင့် ရန်မဆို ထားနှင့် သွားရောက်လေ့ပင် မရှိပါ ထို့ကြောင့် မနာလို ဝန်တိုမစ္ဆရိယ စိတ်ဖြင့် နာမည် ဖျက်မှုများသည်လုံးဝမဟုတ်မှန်ကြောင်းသိစေအပ်ပါသည်”ဟု ဦးနေမောင်ကဆက်လက်ရေးသားထားသည်။

HM
#TheFifthWave

(zawgyi)





HM
#TheFifthWave

Leave a Reply