ကိုယ်စားလှယ်လောင်းများကျန်းမာရေးပစ္စည်းများဖြန့်ဝေပါကရွေးကောက်ပွဲကုန်ကျစရိတ်တွင်ထည့်သွင်းဖော်ပြရန်မလိုဟုUECထုတ်ပြန်

0
29

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်မဲဆွယ်ပွဲများတွင်ကျန်းမာရေးပစ္စည်များဖြန့်ဝေပါကရွေးကောက်ပွဲကုန်ကျစရိတ်တွင်ထည့်သွင်းဖော်ပြရန်မလိုကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကယနေ့ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

ထုတ်ပြန်ရာတွင် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် အဆောက်အဦးများအတွင်းနှင့်ပြင်ပနေရာများတွင်သတ်မှတ်ထားသည်လူဦးရေဖြင့်စုဝေးမဲဆွယ်ပွဲပြုလုပ်သည့်အခမ်းအနားများတွင်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်ရွေးကောက်ပွဲကိုယ်စားလှယ်များအနေဖြင့်ပါးစပ်နှာခေါင်းစည်း၊မျက်နှာအကာ၊ရေမလိုလက်သန့်ဆေးရည်နှင့်လက်အိတ်များကိုမဲဆန္ဒရှင်များကိုဖြန့်ဝေပါကရွေးကောက်ပွဲကုန်ကျစရိတ်တွင်ထည့်သွင်းဖော်ပြရန်မလိုကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ထို့အပြင်UECကမဲဆွယ်စည်းရုံးရေးအခမ်းအနားများ၌ဖြန့်ဝေခြင်းမှအပလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်ရွေးကောက်ပွဲကိုယ်စားလှယ်များကအခြားနည်းဖြင့်မဲဆွယ်စည်းရုံးခြင်းနှင့်စပ်လျဉ်း၍အထက်ပါပစ္စည်းများအတွက်မိမိကိုယ်တိုင်ပေးချေရသောကုန်ကျစရိတ်ဖြစ်ပါကရွေးကောက်ပွဲနည်းဥပဒေအရရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတွင်ထည့်သွင်းဖော်ပြရမည်ဟုထုတ်ပြန်ကြေညာထားသည်။

Yin Kay Nwe
#TheFifthWave

( Zawgyi )




Yin Kay Nwe

#TheFifthWave

Leave a Reply