ရမည္းသင္းတြင္ ကုန္တင္ယာဥ္ ၇၀၀ခန္႔ပိတ္မိ

0
58

ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသော ကုန်တင်ယာဉ်များကို ရမည်းသင်းတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်လဲလှယ်မောင်းနှင်စေမည့်စနစ်ကြောင့် ကုန်တင်ယာဉ် ၇၀၀ ခန့်ပိတ်မိနေကြောင်းရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးထံမှသိရသည် ။

မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်များမှတဆင့် COVID-19ရောဂါကူးစက်မှုမရှိစေရေးအတွက် ရခိုင်ပြည်နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးမှ ယာဉ်မောင်းယာဉ်နောက်လိုက်များကို ရမည်းသင်းတွင် လဲလှယ်မောင်းနှင်စေမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၁ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှညွှန်ကြားချက်ထုတ်ပြန်ခဲ့သည် ။

” ကားတွေကတော့တော်တော်များနေပြီ အစီးရေကတော့ ရာဂဏန်းလောက်အထိရှိနေတယ် ။ သူတို့ကလည်းချိန်းမယ့်သူတွေခေါ်နေတုန်းပဲ ။ စောင့်နေတုန်းပဲ ။ ဒါကကျန်းမာရေးအခြေအနေအရ မဖြစ်မနေလုပ်ရမှာဖြစ်တဲ့အတွက် သူတို့ကိုလည်းသည်းခံပေးဖို့ပြောနေရတယ် ။ ယာဉ်မောင်းနောက်လိုက်တွေရဲ့ထောက်ခံချက်တွေတိုက်ဆိုင်စစ်ဆေးပြီးလို့မှန်ရင် လူချင်းချိန်းပြီးချက်ချင်းလွှတ်ပေးပါတယ် ” ဟုရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးဇော်မင်းဟန်ကပြောသည် ။

ရခိုင်ပြည်နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးမှအပ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှလာရောက်သည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း ၊ ယာဉ်နောကလိုက်များကို စစ်ဆေးရေးဂိတ်များ၌ ကျန်းမာရေးစစ်ဆေးပြီး ကျန်းမာရေးကောင်းမွန်ပါက မန္တလေးတိုင်းဒေသကြီးအတွင်း ညအိပ်ရပ်နားခြင်းမပြုစေဘဲ ဖြတ်သန်းမောင်းနှင်စေမည်ဖြစ်ကြောင်းလည်းမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထုတ်ပြန်ချက်တွင်ပါရှိသည် ။

လက်ရှိရမည်းသင်းမြို့တွင် မြေပြင်ကားသမားများဆီမှသတင်းအရ ကုန်တင်ယာဉ် အစီးရေ ၇၀၀ ခန့် ပိတ်မိနေကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးကျော်သူရက ပြောသည် ။

” ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်လဲလှယ်ရာမှာ လဲလှယ်ရမယ့် ယာဉ်မောင်းအချင်းချင်း ချိန်းဆိုစောင့်ဆိုင်းရမယ့် အချိန် နေရာနဲ့ကုန်ကျစရိတ်ကားသမားခက်ခဲမှုရှိနေတယ် ။ ကုန်စည်နှေးကွေးမှုနှင့်ကားခဈေးနှုန်းမြင့်တက်မှုတွေလဲနောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တယ် ” ဟု၎င်းကဆက်ပြောသည် ။

လက်ရှိ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)စာရင်းအရ တရားဝင်ရန်ကုန်-မန္တလေး ကုန်တင်ယာဉ်လိုင်းဂိတ်ပေါင်း ၈၀ခန့်ရှိပြီး တရားဝင်ဂိတ်မဟုတ်ဘဲ ပြင်ပကုန်တင်ယာဉ်ဝန်ဆောင်မှုလုပ်နေသည့်လုပ်ငန်းများပါဝင်ပါက ဂိတ်ပေါင်း ၁၀၀ကျော်ခန့်ရှိကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWave

(zawgyi)

ရန္ကုန္တိုင္းႏွင့္ ရခိုင္ျပည္နယ္မွ ဝင္ေရာက္လာေသာ ကုန္တင္ယာဥ္မ်ားကို ရမည္းသင္းတြင္ ယာဥ္ေမာင္းႏွင့္ယာဥ္ေနာက္လိုက္လဲလွယ္ေမာင္းႏွင္ေစမည့္စနစ္ေၾကာင့္ ကုန္တင္ယာဥ္ ၇၀၀ ခန႔္ပိတ္မိေနေၾကာင္းရမည္းသင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႈးထံမွသိရသည္ ။

မႏၲေလးတိုင္းေဒသႀကီးအတြင္း ကုန္တင္ယာဥ္မ်ားမွတဆင့္ COVID-19ေရာဂါကူးစက္မႈမရွိေစေရးအတြက္ ရခိုင္ျပည္နယ္ႏွင့္ရန္ကုန္တိုင္းေဒသႀကီးမွ ယာဥ္ေမာင္းယာဥ္ေနာက္လိုက္မ်ားကို ရမည္းသင္းတြင္ လဲလွယ္ေမာင္းႏွင္ေစမည္ျဖစ္ေၾကာင္း စက္တင္ဘာလ ၁၁ရက္ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့သည္ ။

” ကားေတြကေတာ့ေတာ္ေတာ္မ်ားေနၿပီ အစီးေရကေတာ့ ရာဂဏန္းေလာက္အထိရွိေနတယ္ ။ သူတို႔ကလည္းခ်ိန္းမယ့္သူေတြေခၚေနတုန္းပဲ ။ ေစာင့္ေနတုန္းပဲ ။ ဒါကက်န္းမာေရးအေျခအေနအရ မျဖစ္မေနလုပ္ရမွာျဖစ္တဲ့အတြက္ သူတို႔ကိုလည္းသည္းခံေပးဖို႔ေျပာေနရတယ္ ။ ယာဥ္ေမာင္းေနာက္လိုက္ေတြရဲ႕ေထာက္ခံခ်က္ေတြတိုက္ဆိုင္စစ္ေဆးၿပီးလို႔မွန္ရင္ လူခ်င္းခ်ိန္းၿပီးခ်က္ခ်င္းလႊတ္ေပးပါတယ္ ” ဟုရမည္းသင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႈးဦးေဇာ္မင္းဟန္ကေျပာသည္ ။

ရခိုင္ျပည္နယ္ႏွင့္ရန္ကုန္တိုင္းေဒသႀကီးမွအပ အျခားတိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားမွလာေရာက္သည့္ ကုန္တင္ယာဥ္မ်ား၏ ယာဥ္ေမာင္း ၊ ယာဥ္ေနာကလိုက္မ်ားကို စစ္ေဆးေရးဂိတ္မ်ား၌ က်န္းမာေရးစစ္ေဆးၿပီး က်န္းမာေရးေကာင္းမြန္ပါက မႏၲေလးတိုင္းေဒသႀကီးအတြင္း ညအိပ္ရပ္နားျခင္းမျပဳေစဘဲ ျဖတ္သန္းေမာင္းႏွင္ေစမည္ျဖစ္ေၾကာင္းလည္းမႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွထုတ္ျပန္ခ်က္တြင္ပါရွိသည္ ။

လက္ရွိရမည္းသင္းၿမိဳ႕တြင္ ေျမျပင္ကားသမားမ်ားဆီမွသတင္းအရ ကုန္တင္ယာဥ္ အစီးေရ ၇၀၀ ခန႔္ ပိတ္မိေနေၾကာင္း ျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း(မႏၲေလးတိုင္းေဒသႀကီး)ဥကၠ႒ ဦးေက်ာ္သူရက ေျပာသည္ ။

” ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္လဲလွယ္ရာမွာ လဲလွယ္ရမယ့္ ယာဥ္ေမာင္းအခ်င္းခ်င္း ခ်ိန္းဆိုေစာင့္ဆိုင္းရမယ့္ အခ်ိန္ ေနရာနဲ႔ကုန္က်စရိတ္ကားသမားခက္ခဲမႈရွိေနတယ္ ။ ကုန္စည္ေႏွးေကြးမႈႏွင့္ကားခေဈးႏႈန္းျမင့္တက္မႈေတြလဲေနာက္ဆက္တြဲျဖစ္ေပၚလာႏိုင္တယ္ ” ဟု၎ကဆက္ေျပာသည္ ။

လက္ရွိ ျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း(မႏၲေလးတိုင္းေဒသႀကီး)စာရင္းအရ တရားဝင္ရန္ကုန္-မႏၲေလး ကုန္တင္ယာဥ္လိုင္းဂိတ္ေပါင္း ၈၀ခန႔္ရွိၿပီး တရားဝင္ဂိတ္မဟုတ္ဘဲ ျပင္ပကုန္တင္ယာဥ္ဝန္ေဆာင္မႈလုပ္ေနသည့္လုပ္ငန္းမ်ားပါဝင္ပါက ဂိတ္ေပါင္း ၁၀၀ေက်ာ္ခန႔္ရွိေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWave

Leave a Reply