ရာသီအကုန်မှာ လီဗာပူးလ်မှ အမ်မရီကမ် ထွက်ခွာမည်ဟု ဂျာဂျန်ကလော့ဝန်ခံ

0
137

ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

လီဗာပူးလ်နည်းပြ ဂျာဂျန်ကလော့ဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား အမ်မရီကမ်နဲ့ ပတ်သက်ပြီး ၀န်ခံမှုတစ်ခုကို ပြောကြားခဲ့ပါတယ်။ ကမ်ဟာ ရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်အသစ်ထပ်မံချုပ်ဆိုဖို့ အစီအစဉ်မရှိတဲ့အတွက် အသင်းက ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံသာ အမ်မရီကမ်ဟာ ၂၀၁၄ ခုနှစ်မှာ လီဗာပူးလ်ကို စတင်ခြေချခဲ့ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့အတွက် ငြင်းဆန်ထားသူ ဖြစ်ပါတယ်။ သူဟာ လာမယ့် နွေရာသီမှာ အီတလီကလပ် ဂျူဗင်တပ်ကို ပြောင်းဖို့ ရာခိုင်နှုန်း များနေပါတယ်။

ဂျာဂျန်ကလော့က အမ်မရီကမ်အနေနဲ့ ဇန်န၀ါရီ ဈေးကွက်မှာ အသင်းကနေ ထွက်ဖို့မရှိဘူးလို့ ပြောကြားခဲ့ပြီး ဒီလိုပြောကြားမှုဟာ အမ်မရီကမ်အတွက် ဈေးခေါ်တဲ့ သဘောမျိုး ဖြစ်နေတယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။

“ကျွန်တော့်ရဲ့ အေးဂျင့်ကတော့ အသင်းအသစ်တစ်ခုကို ရှာဖွေနေပါတယ်။ ဒါပေမယ့် နွေရာသီအထိတော့ ကျွန်တော်ဒီမှာ ဆက်ရှိမယ်”လို့ အမ်မရီကမ်က ပြောပါတယ်။

ထို့ပြင် ဂျူဗင်တပ်နဲ့ သတင်းများထွက်ပေါ်နေမှုကိုလည်း အမ်မရီကမ်က ငြင်းဆိုခဲ့ပြီး မည်သည့်အသင်းမဆို ဖြစ်နိုင်ကြောင်း ပြောကြားသွား ပါတယ်။သူဟာ လီဗာပူးလ်အသင်းမှာ ဆက်နေနိုင်ဖို့အတွက် စာချုပ်အသစ် ချုပ်ဆိုဖို့ ဆန္ဒရှိနေပေမယ့်လည်း သူ့ရဲ့ အေးဂျင့်ဖြစ်သူက စာချုပ်အသစ်ထပ်ချုပ်ဖို့ ပယ်ချထားတဲ့အတွက် လီဗာပူးလ်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

“အခုတော့ ဒီရာသီအတွက် အကောင်းဆုံးခြေစွမ်းတွေ ရရှိအောင် အာရုံစူးစိုက်ထားပါတယ်။လီဗာပူးလ်အတွက် အရာရာ ပေးဆပ်ဖို့ စဉ်းစားထားပါတယ်”ဟု ကမ်က ပြောကြားသွားသည်။

NN

Leave a Reply