ဆီတန္ခ်ိန္ ၇၆၀၀၀ ေက်ာ္တင္သြင္းမည္ျဖစ္၍ စားသုံးဆီအတြက္စိတ္မပူရန္ အသင္းမွထုတ္ျပန္

0
26

စားသုံးဆီပြတ်လပ်မှုမရှိစေရန် စက်တင်ဘာလအတွင်း တန်ချိန် ၇၆၀၀၀ ကျော်တင်သွင်းမည်ဖြစ်ပြီး အလွန်အကျွံ ဝယ်ယူစုဆောင်း ခြင်းမပြုရန်နှင့် ဈေးတင်မရောင်းရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံတော် အရန်ရိက္ခာဖြစ်သည့် အရန်ဆီတန်ချိန် ၁၂၀၀၀ ကျော်ကို ပြည်နယ်နှင့် တိုင်းအသီးသီးသို့ ပို့ဆောင်ဖြန့်ဖြူးထားပြီး မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများ မှ တင်ပို့သည့် စားသုံးဆီများသည် စက်တင်ဘာလအတွင်း တန်ချိန် ၇၆၆၀၀ ကျော်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းပမာဏများအနက် စက်တင်ဘာ ၁ ရက်မှ ၁၁ ရက် အတွင်း ၂၆,၆၀၀ ဒသမ ၂၅ တန် ရောက်ရှိပြီးဖြစ်ကာ စက်တင်ဘာ ၁၂ ရက်မှ ၃၀ ရက်အတွင်း တန်ချိန် ၅၀,၀၀၀ကျော် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ကြူက ပြောသည်။

“ရောင်းရမယ့်ဈေးကို ကုန်စည်စီးဆင်းမှု အခက်အခဲအကြောင်းပြပြီး ဈေးမတက်ဖို့ရယ်၊ ပြီးတော့ ဆီတင်သွင်းသူတွေအနေနဲ့ ဘယ်လောက်ရှိနေပါတယ်လို့လည်း အသိပေးပါတယ်။ ဒါကြောင့် စိုးရိမ်မလွန်ဖို့ တိုက်တွန်းလိုပါတယ်”ဟု ၎င်းက ပြောသည်။

စားသုံးဆီအပါအဝင် ကုန်ဈေးနှုန်းဟန်ချက်ပျက်စေသည့် သတင်းမှားများ မဖြန့်ဝေရန်နှင့် စားသုံးဆီ ရောင်းဝယ်သူများကလည်း တည်ငြိမ်သည့်ဈေးနှုန်း ဖြစ်စေရေး ဝိုင်းဝန်းကူညီရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှတိုက်တွန်းထားပြီး မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ နှစ်စဉ်ပြည်ပ စားအုံးဆီတန်ချိန် တစ်သန်းခန့်တင်သွင်းနေရပြီး ပြည်တွင်း ဆီထုတ်လုပ်မူအတွက် မြေဧက ၉ သန်းရှိကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWave

(zawgyi)

စားသုံးဆီျပတ္လပ္မႈမရွိေစရန္ စက္တင္ဘာလအတြင္း တန္ခ်ိန္ ၇၆၀၀၀ ေက်ာ္တင္သြင္းမည္ျဖစ္ၿပီး အလြန္အကြၽံ ဝယ္ယူစုေဆာင္း ျခင္းမျပဳရန္ႏွင့္ ေဈးတင္မေရာင္းရန္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းမွ ထုတ္ျပန္ေၾကညာလိုက္သည္။

ႏိုင္ငံေတာ္ အရန္ရိကၡာျဖစ္သည့္ အရန္ဆီတန္ခ်ိန္ ၁၂၀၀၀ ေက်ာ္ကို ျပည္နယ္ႏွင့္ တိုင္းအသီးသီးသို႔ ပို႔ေဆာင္ျဖန္႔ျဖဴးထားၿပီး မေလးရွား၊ အင္ဒိုနီးရွား စသည့္ႏိုင္ငံမ်ား မွ တင္ပို႔သည့္ စားသုံးဆီမ်ားသည္ စက္တင္ဘာလအတြင္း တန္ခ်ိန္ ၇၆၆၀၀ ေက်ာ္ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းပမာဏမ်ားအနက္ စက္တင္ဘာ ၁ ရက္မွ ၁၁ ရက္ အတြင္း ၂၆,၆၀၀ ဒသမ ၂၅ တန္ ေရာက္ရွိၿပီးျဖစ္ကာ စက္တင္ဘာ ၁၂ ရက္မွ ၃၀ ရက္အတြင္း တန္ခ်ိန္ ၅၀,၀၀၀ေက်ာ္ ထပ္မံေရာက္ရွိမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးျမင့္ၾကဴက ေျပာသည္။

“ေရာင္းရမယ့္ေဈးကို ကုန္စည္စီးဆင္းမႈ အခက္အခဲအေၾကာင္းျပၿပီး ေဈးမတက္ဖို႔ရယ္၊ ၿပီးေတာ့ ဆီတင္သြင္းသူေတြအေနနဲ႔ ဘယ္ေလာက္ရွိေနပါတယ္လို႔လည္း အသိေပးပါတယ္။ ဒါေၾကာင့္ စိုးရိမ္မလြန္ဖို႔ တိုက္တြန္းလိုပါတယ္”ဟု ၎က ေျပာသည္။

စားသုံးဆီအပါအဝင္ ကုန္ေဈးႏႈန္းဟန္ခ်က္ပ်က္ေစသည့္ သတင္းမွားမ်ား မျဖန္႔ေဝရန္ႏွင့္ စားသုံးဆီ ေရာင္းဝယ္သူမ်ားကလည္း တည္ၿငိမ္သည့္ေဈးႏႈန္း ျဖစ္ေစေရး ဝိုင္းဝန္းကူညီရန္ ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွတိုက္တြန္းထားၿပီး ျမန္မာႏိုင္ငံတြင္ လက္ရွိအခ်ိန္ထိ ႏွစ္စဥ္ျပည္ပ စားအုံးဆီတန္ခ်ိန္ တစ္သန္းခန္႔တင္သြင္းေနရၿပီး ျပည္တြင္း ဆီထုတ္လုပ္မူအတြက္ ေျမဧက ၉ သန္းရွိေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWave

Leave a Reply