အထူးကုဆရာ၀န္ တစ္ဦးနွင့္ ေမ့ေဆး ဆရာ၀န္ တစ္ဦး ကိုဗစ္ ေရာဂါးပိုး ကူးစက္ခံရ

0
64

နေပြည်တော် ကောင်စီနယ်မြေ တွင် အထူးကုဆရာဝန်တစ်ဦးနှင့် မေ့ဆေး ဆရာဝန် တစ်ဦး ကိုဗစ် ၁၉ ရောဂါးပိုးကူးစက်ခံထားရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်) မှ တိုင်းဦးစီးဌာနမှူးဒေါက်တာမြတ်ဝဏ္ဏစိုးက အတည်ပြုပြောကြားလိုက်သည်။

“နေပြည်တော်မှာ အထူးကု ဆရာဝန် တစ်ယောက် နဲ့ မေ့ဆေး ဆရာဝန် တယောက်နဲ့ ရောဂါ ကူးစက်မှု ခံရပါတယ်။ အဲ့တော့ သူတို့ မိသားစုတွေလည်း ကူးစက်ခံရတဲ့ အတွက် သူတို့နဲ့ ထိတွေ့ တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ကိုလည်း hospital Quarantine ပေါ့လေ။ အဲ့ဒါတွေ ဆောင်ရွက်ထားတာရှိပါတယ်”ဟု ဒေါက်တာမြတ်ဝဏ္ဏစိုး ကပြောသည်။

အထူးကု ဆရာဝန် တစ်ယောက် နှင့် မေ့ဆေး ဆရာဝန် တို့ ထံမှ ကူးစက်ခံရသူ မိသားစုဝင် ၅ ဦးရှိပြီး ၎င်း တို့ကိုလည်း hospital Quarantine ထားရှိထားကြောင်း သိရသည်။လက်ရှိ နေပြည်တော်တွင် ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရသူသည် အယောက် ၃၀ ကျော်ရှိနေပြီး ၎င်း တို့ ကို နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေလျက်ရှိနေပြီး ၎င်း တို့နှင့် ထိတွေ့ ဆက်စပ်သူ ၄၀၀ နီးပါး ရှိနေကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုး ကပြောသည်။

“အယောက် ၃၀ ကျော်ရှိတဲ့ အတွက် သူတို့ နဲ့ ထိတွေ့ခဲ့တဲ့ contact တွေက အများကြိးပဲ ကျွန်တော်တို့ လိုက်တဲ့ အခါ ကျတော့ လူပေါင်း ၄၀၀ လောက်ရှိပါတယ်။ အဲ့ဒါကို ကျွန်တော်တို့က ဆေးရုံတွေ ဟိုတယ်တွေ Quarantine စင်တာတွေ မှာ ကျွန်တော်တို့ ထားရပါတယ်”ဟု ၎င်း ကပြောသည်။

နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ ဆေးရုံများ တွင် လက်ရှိမှာတော့ အရေးကြီး လူနာများကို ဦးစားပေးဆောင်ရွက်နေပြီး သာမာန် ဖျားနာ သူများကိုတော့ အိမ်ပြန်လွှတ်ကြောင်း၊ ဆေးရုံ ရှိ လူနာစောင့်များကိုလည်း ကန့်သတ်ထားကြောင်း၊ ဆေးရုံ တွင်း လူ အဝင် အထွက်ကိုလည်း လော့ဒေါင်းချထားကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ် ၁၉ ဖြစ်ပွားမှုသည် စက်တင်ဘာလ ၁၄ နံနက်ပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြိးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ ကူးစက်ခံသူပေါင်း ၃၀၁၅ ဦး ရှိနေပြီး သေဆုံး လူနာ ၂၄ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWave

(zawgyi)

ေနျပည္ေတာ္ ေကာင္စီနယ္ေျမ တြင္ အထူးကုဆရာ၀န္တစ္ဦးနွင့္ ေမ့ေဆး ဆရာ၀န္ တစ္ဦး ကိုဗစ္ ၁၉ ေရာဂါးပိုးကူးစက္ခံထားရေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန(ေနျပည္ေတာ္) မွ တိုင္းဦးစီးဌာနမွဴးေဒါက္တာျမတ္၀ဏၰစိုးက အတည္ျပဳေျပာၾကားလိုက္သည္။

“ေနျပည္ေတာ္မွာ အထူးကု ဆရာ၀န္ တစ္ေယာက္ နဲ႔ ေမ့ေဆး ဆရာ၀န္ တေယာက္နဲ႔ ေရာဂါ ကူးစက္မႈ ခံရပါတယ္။ အဲ့ေတာ့ သူတို႔ မိသားစုေတြလည္း ကူးစက္ခံရတဲ့ အတြက္ သူတို႔နဲ႔ ထိေတြ႔ တဲ့ က်န္းမာေရး ၀န္ထမ္းေတြ ကိုလည္း hospital Quarantine ေပါ့ေလ။ အဲ့ဒါေတြ ေဆာင္ရြက္ထားတာရွိပါတယ္”ဟု ေဒါက္တာျမတ္၀ဏၰစိုး ကေျပာသည္။

အထူးကု ဆရာ၀န္ တစ္ေယာက္ ႏွင့္ ေမ့ေဆး ဆရာ၀န္ တို႔ ထံမွ ကူးစက္ခံရသူ မိသားစု၀င္ ၅ ဦးရွိၿပီး ၎ တို႔ကိုလည္း hospital Quarantine ထားရွိထားေၾကာင္း သိရသည္။လက္ရွိ ေနျပည္ေတာ္တြင္ ကိုဗစ္ ၁၉ ေရာဂါပိုး ကူးစက္ခံရသူသည္ အေယာက္ ၃၀ ေက်ာ္ရွိေနၿပီး ၎ တို႔ ကို ေနျပည္ေတာ္ ကုတင္(၁၀၀၀) ေဆးရံုႀကီးတြင္္ ေဆးကုသမႈ ခံယူေနလ်က္ရွိေနၿပီး ၎ တို႔ႏွင့္ ထိေတြ႔ ဆက္စပ္သူ ၄၀၀ နီးပါး ရွိေနေၾကာင္း ေဒါက္တာျမတ္၀ဏၰစိုး ကေျပာသည္။

“အေယာက္ ၃၀ ေက်ာ္ရွိတဲ့ အတြက္ သူတို႔ နဲ႔ ထိေတြ႔ခဲ့တဲ့ contact ေတြက အမ်ားႀကိးပဲ ကၽြႏ္ေတာ္တို႔ လိုက္တဲ့ အခါ က်ေတာ့ လူေပါင္း ၄၀၀ ေလာက္ရွိပါတယ္။ အဲ့ဒါကို ကၽြန္ေတာ္တို႔က ေဆးရုံေတြ ဟိုတယ္ေတြ Quarantine စင္တာေတြ မွာ ကၽြန္ေတာ္တို႔ ထားရပါတယ္”ဟု ၎ ကေျပာသည္။

ေနျပည္ေတာ္ ေကာင္စီ နယ္ေျမ အတြင္းရွိ ေဆးရံုမ်ား တြင္ လက္ရွိမွာေတာ့ အေရးႀကီး လူနာမ်ားကို ဦးစားေပးေဆာင္ရြက္ေနၿပီး သာမာန္ ဖ်ားနာ သူမ်ားကိုေတာ့ အိမ္ျပန္လႊတ္ေၾကာင္း၊ ေဆးရံု ရွိ လူနာေစာင့္မ်ားကိုလည္း ကန္႔သတ္ထားေၾကာင္း၊ ေဆးရံု တြင္း လူ အ၀င္ အထြက္ကိုလည္း ေလာ့ေဒါင္းခ်ထားေၾကာင္း သိရသည္။

တစ္နုိင္ငံလံုး အတိုင္းအတာျဖင့္ ကိုဗစ္ ၁၉ ျဖစ္ပြားမႈသည္ စက္တင္ဘာလ ၁၄ နံနက္ပိုင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကိးဌာန ၏ ထုတ္ျပန္ေၾကညာခ်က္ အရ ကူးစက္ခံသူေပါင္း ၃၀၁၅ ဦး ရွိေနၿပီး ေသဆံုး လူနာ ၂၄ ဦး ရွိေနၿပီ ျဖစ္ေၾကာင္း သိရသည္။

ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply