အတိုင္ပင္ခံရံုး ဒုတိယ၀န္ႀကီး၏ PSO တြင္ ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႔ရွိ-

0
30

နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၏ PSO တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိထားကြောင်း သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုပြောကြားလိုက်သည်။

ဒုတိယဝန်ကြီး ဦးခင်မောင်တင် ကိုတော့ Swab Test စစ်ဆေးရာ Negative ဖြစ်ပြီး ၎င်း ကို လက်ရှိတွင် Hotel Quarantine ထားရှိထားပြီး ၎င်း ကို ရက်ပိုင်း အတွင် း ဆေးစစ်မှုများ ထပ်မံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း PSO သည် သမ္မတရုံးရှိ လက်ရှိ ကိုဗစ် ရောဂါပိုးကူးစက်ခံထားရသည့် အရာရှိထံမှ ဆက်စပ် ကူးခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ နေပြည်တော်တွင် ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရသူသည် အယောက် ၃၀ ကျော်ရှိနေပြီး ၎င်း တို့ ကို နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေလျက်ရှိနေပြီး ၎င်း တို့နှင့် ထိတွေ့ ဆက်စပ်သူ ၄၀၀ နီးပါး ရှိနေကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ် ၁၉ ဖြစ်ပွားမှုသည် စက်တင်ဘာလ ၁၄ နံနက်ပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြိးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ ကူးစက်ခံသူပေါင်း ၃၀၁၅ ဦး ရှိနေပြီး သေဆုံး လူနာ ၂၄ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWave

(zawgyi)

နိုင္ငံေတာ္၏ အတိုင္ပင္ခံရံုး၀န္ႀကီး ဌာန ဒုတိယ၀န္ႀကီး၏ PSO တြင္ ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႔ရွိထားေၾကာင္း သမၼတရံုး၏ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက အတည္ျပဳေျပာၾကားလိုက္သည္။

ဒုတိယ၀န္ႀကီး ဦးခင္ေမာင္တင္ ကိုေတာ့ Swab Test စစ္ေဆးရာ Negative ျဖစ္ၿပီး ၎ ကို လက္ရွိတြင္ Hotel Quarantine ထားရွိထားၿပီး ၎ ကို ရက္ပိုင္း အတြင္ း ေဆးစစ္မႈမ်ား ထပ္မံ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

၎ PSO သည္ သမၼတရံုး႐ွိ လက္႐ွိ ကိုဗစ္ ေရာဂါပိုးကူးစက္ခံထားရသည့္ အရာ႐ွိထံမွ ဆက္စပ္ ကူးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ေနျပည္ေတာ္တြင္ ကိုဗစ္ ၁၉ ေရာဂါပိုး ကူးစက္ခံရသူသည္ အေယာက္ ၃၀ ေက်ာ္ရွိေနၿပီး ၎ တို႔ ကို ေနျပည္ေတာ္ ကုတင္(၁၀၀၀) ေဆးရံုႀကီးတြင္္ ေဆးကုသမႈ ခံယူေနလ်က္ရွိေနၿပီး ၎ တို႔ႏွင့္ ထိေတြ႔ ဆက္စပ္သူ ၄၀၀ နီးပါး ရွိေနေၾကာင္း သိရသည္။

တစ္နုိင္ငံလံုး အတိုင္းအတာျဖင့္ ကိုဗစ္ ၁၉ ျဖစ္ပြားမႈသည္ စက္တင္ဘာလ ၁၄ နံနက္ပိုင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကိးဌာန ၏ ထုတ္ျပန္ေၾကညာခ်က္ အရ ကူးစက္ခံသူေပါင္း ၃၀၁၅ ဦး ရွိေနၿပီး ေသဆံုး လူနာ ၂၄ ဦး ရွိေနၿပီ ျဖစ္ေၾကာင္း သိရသည္။

ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply