ေမာ္ေတာ္ယာဥ္သုံး LPG ဆိုင္မ်ားဖြင့္လွစ္ရန္ လိုင္စင္ခ်ေပးမည္

0
23

မော်တော်ယာဉ်သုံး LPG ဆိုင်များဖွင့်လှစ်ရန် လိုင်စင်ချပေးမည်

မော်တော်ယာဉ်သုံး ရေနံဓာတ်ငွေ့ရည် (LPG) ဆိုင်များ စတင်ဖွင့်လှစ်ပေးတော့မည်ဖြစ်ပြီး လိုင်စင်လျှောက်ထားနိုင်ကြောင်း မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်ပြန်ထားသည်။

မော်တော်ယာဉ်သုံး ရေနံဓာတ်ငွေ့ရည် ဖြည့်တင်းဖြန့်ဖြူးရောင်းချရေးလိုင်စင်(Automobile LPG station) အဖြစ် ထုတ်ပေးမည်ဖြစ်ပြီး ယင်းလိုင်စင်ကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ ထောက်ခံချက်ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

လိုင်စင်လျှောက်ထားရာတွင် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများ လျှောက်ထားနိုင်ပြီး ဆိုင်ဖွင့်လှစ်မည့်နေရာအကျယ်၊ သိုလှောင်ကန်နှင့် အဆောက်အဦး ဒီဇိုင်းများတင်ပြရမည်ဖြစ်ကြောင်း ၊မြန်မာနိုင်ငံတွင် LPG ကို မီးဖိုချောင်အသုံးဓာတ်ငွေ့အဖြစ် ရောင်းချခြင်းကို၂၀၁၆ တွင် စတင်ခွင့်ပြုပေးခဲ့ပြီး မော်တော်ယာဉ်များတွင် အသုံးပြုရန် ဝန်ကြီးဌာနက ၂၀၁၈ ကတည်း စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပမှ အဓိကတင်သွင်းနေရသောစက်သုံးဆီဈေးကွက်ကို ထိန်းချုပ်နိုင်ရန်အတွက် ရေနံဓါတ်ငွေ့ရည်ဖြစ်သော LPG ကိုမော်တော်ယာဉ်များတွင် အသုံးပြုနိုင်ရန် လေ့လာပြင်ဆင်လျက်ရှိကြောင်းသိရသည်။

” စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ကျေးလက်နှင့် မြို့ပြမီးဖို ချောင်သုံးကဏ္ဍတို့၌ ရေနံဓာတ် ငွေ့ရည်(LPG) ကို မဟာဗျူဟာမြောက်စွမ်းအင်အဖြစ် အသုံးပြုနိုင်ဖို့ မျှော်မှန်းဆောင်ရွက်နေပါတယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။

LPG ကို နိုင်ငံအတွင်း ကျယ်ပြန့်စွာသုံးစွဲနိုင်ပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှုလျှော့ချနိုင်ပြီး ထင်းမီးအစားသုံးစွဲနိုင်ခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု နှင့် သစ်တောပြုန်းတီးမှုလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ဝန်ကြီးဌာနမှ၂၀၁၈ ခုနှစ်တွင် အိမ်ထောင်စုတစ်သိန်းခွဲကို LPG ဖြန့်ဖြူးပြီး ၂၀၂၀ တွင်အိမ်ထောင်စုတစ်သန်းအထိ ဖြန့်ဖြူးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

ေမာ္ေတာ္ယာဥ္သုံး LPG ဆိုင္မ်ားဖြင့္လွစ္ရန္ လိုင္စင္ခ်ေပးမည္

ေမာ္ေတာ္ယာဥ္သုံး ေရနံဓာတ္ေငြ႕ရည္ (LPG) ဆိုင္မ်ား စတင္ဖြင့္လွစ္ေပးေတာ့မည္ျဖစ္ၿပီး လိုင္စင္ေလွ်ာက္ထားႏိုင္ေၾကာင္း ျမန္မာ့ေရနံႏွင့္ ဓာတုေဗဒလုပ္ငန္းမွ ထုတ္ျပန္ထားသည္။

ေမာ္ေတာ္ယာဥ္သုံး ေရနံဓာတ္ေငြ႕ရည္ ျဖည့္တင္းျဖန္႔ျဖဴးေရာင္းခ်ေရးလိုင္စင္(Automobile LPG station) အျဖစ္ ထုတ္ေပးမည္ျဖစ္ၿပီး ယင္းလိုင္စင္ကို တိုင္းေဒသႀကီး/ျပည္နယ္အစိုးရမ်ား၏ ေထာက္ခံခ်က္ျဖင့္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

လိုင္စင္ေလွ်ာက္ထားရာတြင္ လူပုဂၢိဳလ္ႏွင့္ ကုမၸဏီမ်ား ေလွ်ာက္ထားႏိုင္ၿပီး ဆိုင္ဖြင့္လွစ္မည့္ေနရာအက်ယ္၊ သိုေလွာင္ကန္ႏွင့္ အေဆာက္အဦး ဒီဇိုင္းမ်ားတင္ျပရမည္ျဖစ္ေၾကာင္း ၊ျမန္မာႏိုင္ငံတြင္ LPG ကို မီးဖိုေခ်ာင္အသုံးဓာတ္ေငြ႕အျဖစ္ ေရာင္းခ်ျခင္းကို၂၀၁၆ တြင္ စတင္ခြင့္ျပဳေပးခဲ့ၿပီး ေမာ္ေတာ္ယာဥ္မ်ားတြင္ အသုံးျပဳရန္ ဝန္ႀကီးဌာနက ၂၀၁၈ ကတည္း စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္ပမွ အဓိကတင္သြင္းေနရေသာစက္သုံးဆီေဈးကြက္ကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ေရနံဓါတ္ေငြ႕ရည္ျဖစ္ေသာ LPG ကိုေမာ္ေတာ္ယာဥ္မ်ားတြင္ အသုံးျပဳႏိုင္ရန္ ေလ့လာျပင္ဆင္လ်က္ရွိေၾကာင္းသိရသည္။

” စက္မႈက႑၊ ပို႔ေဆာင္ေရးက႑၊ ေက်းလက္ႏွင့္ ၿမိဳ႕ျပမီးဖို ေခ်ာင္သုံးက႑တို႔၌ ေရနံဓာတ္ ေငြ႕ရည္(LPG) ကို မဟာဗ်ဴဟာေျမာက္စြမ္းအင္အျဖစ္ အသုံးျပဳႏိုင္ဖို႔ ေမွ်ာ္မွန္းေဆာင္႐ြက္ေနပါတယ္”ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ေျပာၾကားထားသည္။

LPG ကို ႏိုင္ငံအတြင္း က်ယ္ျပန္႔စြာသုံးစြဲႏိုင္ပါက လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈေလွ်ာ့ခ်ႏိုင္ၿပီး ထင္းမီးအစားသုံးစြဲႏိုင္ျခင္းေၾကာင့္ ပတ္ဝန္းက်င္ညစ္ညမ္းမႈ ႏွင့္ သစ္ေတာျပဳန္းတီးမႈေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ဝန္ႀကီးဌာနမွ၂၀၁၈ ခုႏွစ္တြင္ အိမ္ေထာင္စုတစ္သိန္းခြဲကို LPG ျဖန္႔ျဖဴးၿပီး ၂၀၂၀ တြင္အိမ္ေထာင္စုတစ္သန္းအထိ ျဖန္႔ျဖဴးႏိုင္ရန္ ရည္မွန္းထားေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply