ဒိန္းမတ္သံ႐ုံးမွ ရခိုင္ျပည္နယ္သို႔ တစ္ကိုယ္ရည္ သုံး ေရာဂါကာကြယ္ေရး ပစၥည္းမ်ား လွဴဒါန္း

0
20

ဒိန်းမတ်သံရုံးမှ ရခိုင်ပြည်နယ်သို့ တစ်ကိုယ်ရည် သုံး ရောဂါကာကွယ်ရေး ပစ္စည်းများ လှူဒါန်း

မြန်မာနိုင်ငံ၏ Covid-19 ရောဂါကာကွယ် တိုက်ဖျက်ရေးကို ပံ့ပိုးကူညီသည့်အနေဖြင့် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်း ဖြစ်သည့် လူကြီးဝတ် နှာခေါင်းစည်း အခုရေ (၁၀၀,၀၀၀) နှင့် ကလေးဝတ် နှာခေါင်းစည်း အခုရေ (၂၀,၀၀၀) စုစုပေါင်း အခုရေ (၁၂၀,၀၀၀)ကို ကျောက်ဖြူမြို့ လေးဝတီ ကုလရက္ခိတ (ပရဟိတ) အသင်းသို့ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ ထုတ်ပြန်ထားသည်။

အဆိုပါ လှူဒါန်းထားသော အဝတ်နှာခေါင်းစည်း များကို လေးဝတီကုလရက္ခိတ (ပရဟိတ) အသင်းမှ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ မြို့နယ်၊ အမ်းမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ နှင့် စနဲမြို့၊ လေးတောင်မြို့၊ ဇင်ချောင်းတိုက်နယ်များရှိ Covid-19 အသိပညာပေးရေးနှင့် သတင်း ထုတ်ပြန်ရေး ကော်မတီများ၊ Quarantine Centre များ၊ ဆေးရုံများ၊ ပရဟိတအဖွဲ့အစည်းများ၊ Volunteers အဖွဲ့များ၊ ပညာရေးအဖွဲ့အစည်း များ၊ ဘုန်းကြီးကျောင်းများ၊ SME လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့အစည်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် ဈေးများ၊ ရပ်ကွက်များရှိ အခြေခံလူတန်းစားများ စသည့်အဖွဲ့အစည်းများသို့ တိုက်ရိုက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင် မြို့နယ် စစ်ဘေးရှောင်စခန်းများသို့ ကလေး၊ လူကြီး Mask အခုရေ (၈၀,၀၀၀)၊ စစ်တွေမြို့နယ် စစ်ဘေး ရှောင်စခန်းသို့ ကလေး၊ လူကြီး Mask အခုရေ (၆၀,၀၀၀)၊ စစ်တွေမြို့နယ်ရှိ RYEA (Rakhine Young Entrepreneurs Association) အသင်းသို့ ကလေး၊ လူကြီး Mask အခုရေ (၂၀,၀၀၀)၊ Myanmar Medical Association (Rakhine)အသင်းသို့ ကလေး၊ လူကြီး Mask အခုရေ (၂၅,၀၀၀)နှင့် Dr. Saw Mara Aung Foundation သို့ ကလေး၊ လူကြီး Mask အခုရေ (၂၅,၀၀၀)အား လှူဒါန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအနေဖြင့် ရခိုင်ပြည်နယ်အတွင်းသို့ ကလေးအဝတ် နှာခေါင်းစည်း အခုရေ (၉၅,၀၀၀)နှင့် လူကြီးအဝတ် နှာခေါင်းစည်း အခုရေ (၂၅၀,၀၀၀) စုစုပေါင်း Mask အခုရေ (၃၄၅,၀၀၀) ကို လှူဒါန်းပေးခဲ့ပြီးဖြစ်သည်။

ထိုအဝတ် နှာခေါင်းစည်းများကို မြန်မာနိုင်ငံရှိ ပြည်တွင်းအထည်ချုပ်စက်ရုံ (၉)ရုံမှ ချုပ်လုပ်ထားခြင်းဖြစ်ပြီး လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် ပိတ်စနှင့် အခြားဆက်စပ် ပစ္စည်းများကို ပြည်တွင်းမှသာ မှာယူ တင်သွင်းထားကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ဒိန္းမတ္သံ႐ုံးမွ ရခိုင္ျပည္နယ္သို႔ တစ္ကိုယ္ရည္ သုံး ေရာဂါကာကြယ္ေရး ပစၥည္းမ်ား လွဴဒါန္း

ျမန္မာနိုင္ငံ၏ Covid-19 ေရာဂါကာကြယ္ တိုက္ဖ်က္ေရးကို ပံ့ပိုးကူညီသည့္အေနျဖင့္ တစ္ကိုယ္ရည္သုံး ေရာဂါကာကြယ္ေရးပစၥည္း ျဖစ္သည့္ လူႀကီးဝတ္ ႏွာေခါင္းစည္း အခုေရ (၁၀၀,၀၀၀) ႏွင့္ ကေလးဝတ္ ႏွာေခါင္းစည္း အခုေရ (၂၀,၀၀၀) စုစုေပါင္း အခုေရ (၁၂၀,၀၀၀)ကို ေက်ာက္ျဖဴၿမိဳ႕ ေလးဝတီ ကုလရကၡိတ (ပရဟိတ) အသင္းသို႔ လွဴဒါန္းခဲ့ေၾကာင္း ျမန္မာနိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးမွ ထုတ္ျပန္ထားသည္။

အဆိုပါ လွဴဒါန္းထားေသာ အဝတ္ႏွာေခါင္းစည္း မ်ားကို ေလးဝတီကုလရကၡိတ (ပရဟိတ) အသင္းမွ ရခိုင္ျပည္နယ္အတြင္းရွိ ေက်ာက္ျဖဴ ၿမိဳ့နယ္၊ အမ္းၿမိဳ့နယ္၊ မာန္ေအာင္ၿမိဳ့နယ္၊ ရမ္းျဗဲၿမိဳ့နယ္၊ ႏွင့္ စနဲၿမိဳ့၊ ေလးေတာင္ၿမိဳ့၊ ဇင္ေခ်ာင္းတိုက္နယ္မ်ားရွိ Covid-19 အသိပညာေပးေရးႏွင့္ သတင္း ထုတ္ျပန္ေရး ေကာ္မတီမ်ား၊ Quarantine Centre မ်ား၊ ေဆး႐ုံမ်ား၊ ပရဟိတအဖြဲ႕အစည္းမ်ား၊ Volunteers အဖြဲ႕မ်ား၊ ပညာေရးအဖြဲ႕အစည္း မ်ား၊ ဘုန္းႀကီးေက်ာင္းမ်ား၊ SME လုပ္ငန္းရွင္မ်ား၊ လူမွုေရးအသင္း အဖြဲ႕အစည္းမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ ျပန္ၾကားေရးႏွင့္ျပည္သူ႔ ဆက္ဆံေရး ဦးစီးဌာနႏွင့္ ေဈးမ်ား၊ ရပ္ကြက္မ်ားရွိ အေျခခံလူတန္းစားမ်ား စသည့္အဖြဲ႕အစည္းမ်ားသို႔ တိုက္ရိုက္ ေပးအပ္ လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ ရခိုင္ျပည္နယ္အတြင္းရွိ ရေသ့ေတာင္ ၿမိဳ့နယ္ စစ္ေဘးေရွာင္စခန္းမ်ားသို႔ ကေလး၊ လူႀကီး Mask အခုေရ (၈၀,၀၀၀)၊ စစ္ေတြၿမိဳ႕နယ္ စစ္ေဘး ေရွာင္စခန္းသို႔ ကေလး၊ လူႀကီး Mask အခုေရ (၆၀,၀၀၀)၊ စစ္ေတြၿမိဳ႕နယ္ရွိ RYEA (Rakhine Young Entrepreneurs Association) အသင္းသို႔ ကေလး၊ လူႀကီး Mask အခုေရ (၂၀,၀၀၀)၊ Myanmar Medical Association (Rakhine)အသင္းသို႔ ကေလး၊ လူႀကီး Mask အခုေရ (၂၅,၀၀၀)ႏွင့္ Dr. Saw Mara Aung Foundation သို႔ ကေလး၊ လူႀကီး Mask အခုေရ (၂၅,၀၀၀)အား လွဴဒါန္းထားေၾကာင္း သိရသည္။

ျမန္မာနိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးအေနျဖင့္ ရခိုင္ျပည္နယ္အတြင္းသို႔ ကေလးအဝတ္ ႏွာေခါင္းစည္း အခုေရ (၉၅,၀၀၀)ႏွင့္ လူႀကီးအဝတ္ ႏွာေခါင္းစည္း အခုေရ (၂၅၀,၀၀၀) စုစုေပါင္း Mask အခုေရ (၃၄၅,၀၀၀) ကို လွဴဒါန္းေပးခဲ့ၿပီးျဖစ္သည္။

ထိုအဝတ္ ႏွာေခါင္းစည္းမ်ားကို ျမန္မာနိုင္ငံရွိ ျပည္တြင္းအထည္ခ်ဳပ္စက္႐ုံ (၉)႐ုံမွ ခ်ဳပ္လုပ္ထားျခင္းျဖစ္ၿပီး လိုအပ္ေသာ ကုန္ၾကမ္းမ်ားျဖစ္သည့္ ပိတ္စႏွင့္ အျခားဆက္စပ္ ပစၥည္းမ်ားကို ျပည္တြင္းမွသာ မွာယူ တင္သြင္းထားေၾကာင္းသိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply