သြင္းကုန္လိုင္စင္ေၾကးႏွုန္းထား ေျဖေလၽွာ့ ေကာက္ခံမွု ကာလ တိုးျမႇင့္

0
2

သွင်းကုန်လိုင်စင်ကြေးနှုန်းထား ဖြေလျှော့ ကောက်ခံမှု ကာလ တိုးမြှင့်

သွင်းကုန်လိုင်စင်ကြေးနှုန်းထား ဖြေလျှော့ ကောက်ခံမှုအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန် အထိ ကာလတိုးမြှင့် သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်း သက်သာစေရေးအတွက် သွင်းကုန်လိုင်စင်ကြေး ကောက်ခံမှုအား ယခင်က သွင်းကုန်ပစ္စည်း၏ ဆိပ်ကမ်းရောက်တန်ဖိုး (CIF) အပေါ်မူတည်၍ အဆင့်အလိုက် သတ်မှတ်ကောက်ခံခဲ့ရာမှ သွင်းကုန်လိုင်စင်တစ်စောင်လျှင် ကျပ် ၃၀၀၀၀ နှုန်း ဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ ဖြေလျှော့ကောက်ခံပေးခဲ့သည်။

COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ၏ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှ ဖြေလျော့ပေးထားသည့် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေး ထောက်ပံ့မှုများကို ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ အမိန့်ကြော်ငြာစာ အမှတ် ၂၃/၂၀၂၀ ဖြင့် သွင်းကုန်လိုင်စင်တစ်စောင်လျှင် ကျပ် သုံးသောင်း နှုန်းဖြင့် ကောက်ခံခဲ့ခြင်းကို ယခုနှစ် ဒီဇင်ဘာလကုန် အထိ ကာလတိုးမြှင့် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

သြင္းကုန္လိုင္စင္ေၾကးႏွုန္းထား ေျဖေလၽွာ့ ေကာက္ခံမွု ကာလ တိုးျမႇင့္

သြင္းကုန္လိုင္စင္ေၾကးႏွုန္းထား ေျဖေလၽွာ့ ေကာက္ခံမွုအား ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလကုန္ အထိ ကာလတိုးျမႇင့္ သတ္မွတ္လိုက္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

COVID-19 ေရာဂါျဖစ္ပြားေနစဥ္ ကာလအတြင္း စီးပြားေရးလုပ္ငန္းမ်ား ထိခိုက္မွုေလ်ာ့နည္း သက္သာေစေရးအတြက္ သြင္းကုန္လိုင္စင္ေၾကး ေကာက္ခံမွုအား ယခင္က သြင္းကုန္ပစၥည္း၏ ဆိပ္ကမ္းေရာက္တန္ဖိုး (CIF) အေပၚမူတည္၍ အဆင့္အလိုက္ သတ္မွတ္ေကာက္ခံခဲ့ရာမွ သြင္းကုန္လိုင္စင္တစ္ေစာင္လၽွင္ က်ပ္ ၃၀၀၀၀ ႏွုန္း ျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၃၀ ရက္အထိ ေျဖေလၽွာ့ေကာက္ခံေပးခဲ့သည္။

COVID-19 ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ၏ ညႇိႏွိုင္း အစည္းအေဝး ဆံုးျဖတ္ခ်က္အရ COVID-19 ေရာဂါျဖစ္ပြားေနစဥ္ ကာလအတြင္း ျပည္သူမ်ား၏ စိတ္ဓာတ္ေရးရာ ျမႇင့္တင္ေပးသည့္အေနျဖင့္ ႏိုင္ငံေတာ္မွ ေျဖေလ်ာ့ေပးထားသည့္ ဘ႑ာေရး ဆိုင္ရာ ကိစၥရပ္မ်ား၊ အခြန္အခမ်ားႏွင့္ ေငြေၾကး ေထာက္ပံ့မႈမ်ားကို ဒီဇင္ဘာလကုန္အထိ ကာလတိုးျမႇင့္ ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

သို႔ျဖစ္၍ အမိန္႔ေၾကာ္ျငာစာ အမွတ္ ၂၃/၂၀၂၀ ျဖင့္ သြင္းကုန္လိုင္စင္တစ္ေစာင္လၽွင္ က်ပ္ သံုးေသာင္း ႏႈန္းျဖင့္ ေကာက္ခံခဲ့ျခင္းကို ယခုႏွစ္ ဒီဇင္ဘာလကုန္ အထိ ကာလတိုးျမွင့္ သတ္မွတ္ေပးလိုက္ျခင္း ျဖစ္သည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply