0
5
ပြည်တွင်းအခွန်ဦးစီးဌာနညွန်ချုပ် NRPC သို့ပြောင်းရွှေ့ခြင်းခံရ
စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) သို့ပြောင်းရွှေ့ခြင်းခံရကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကအတည်ပြု ပြောကြားသည်။
ယင်း ကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာများက ဦးဇော်ဌေးအား မေးမြန်းရာတွင် ဦးဇာ်ဌေးက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ မှာ ၎င်း သည် NRPC တွင် ညွှန်ကြားရေးမှူး ရာထူးဖြင့် တွဲဖက်တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့လိုက်ကြောင်း ဦးဇော်ဌေးကပြောသည်။
“ပြည်တွင်းအခွန်ညွန်ချုပ်ဖြစ်ပါတယ်။ NRPC မှာ တွဲဖက်တာဖြစ် ပါတယ်။” ဟု ဦးဇော်ဌေးကပြောသည်။
ထိုသို့ပြောင်းရွှေ့ရခြင်းသည် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ ကိစ္စရပ်များနှင့် မသက်ဆိုင်ကြောင်းသိရသည်။
ဦးမင်းထွဋ်သည် အစုရှယ်ယာများကို ဥပဒေနှင့်မညီပဲ အခွန်ကောက်သည့် အတွက် တိုင်ကြားခံခဲ့ရခြင်းလည်း ဖြစ်သည်။
လစ်လပ်သွားသည့် ပြည်တွင်းအခွန်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ရာထူးကိုတော့ လက်ရှိတွင် နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးနိုင်ဆွေဦးက ပူးတွဲတာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ကေနွယ်
#TheFifthWaveNews
(zawgyi)
ယင်း ကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာများက ဦးဇော်ဌေးအား မေးမြန်းရာတွင် ဦးဇ်ာဌေးက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ယဉ်ကေနွယ်
#TheFifthWaveNews
Leave a Reply