၂၀၂၀ ပါတီစံုအေထြေထြေရြးေကာက္ပြဲ ေရြ႔ဆိုင္းသင့္ေၾကာင္း တ.စ.ည ထုတ္ျပန္

0
3

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ ရွေ့ဆိုင်းသင့်ကြောင်း တ.စ.ည ထုတ်ပြန်

လာမည့် နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ရွေ့ဆိုင်းသင့်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဗဟိုကော်မတီဌာနချုပ်မှ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။

Covid-19 ကပ်ရောဂါ ဖြစ်ပွားမှုသည်အမျိုးသားရေးအန္တရာယ်ဖြစ်ပြီး နိုင်ငံတော်နှင့်ပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအခက်အခဲများကို ကြီးမားစွာရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး နယ်ပယ်စုံမှ အလုပ်အကိုင်အခွင့အလမ်းများဆုံးရှုံး၍ စားဝတ်နေရေးအခက်အခဲများ ပိုမိုကြပ်တည်းလျက်ရှိကြောင်း၊ ယင်းကြောင့် နိုင်ငံတော်တွင် အမျိုးသားရေးအန္တရာယ်ဖြစ်နေသည့် Covid-19 အရှိန်မြှင့်ကူးစက်ပျံ့ပွားနေခြင်းနှင့် ဆက်နွယ်လျက်ရှိသည့် အခြေအနေအရပ်ရပ်ကြောင့် နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံအထွေထွေဒီမိုကရေရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် Covid-19 ရောဂါဖြစ်ပေါ်ပြန့်ပွားမှုကို ဟန့်တား ချုပ်ငြိမ်းစေရန် နိုင်ငံတော်မှ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှလည်း ဥပဒေညွှန်ကြားချက်များ ထုတ်ပြန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ၊ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကိုလည်း စက်တင်ဘာ ၈ ရက် မှ စတင်ခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးပါတီအချို့၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများသည်လည်း ဥပဒေ၊ ညွှန်ကြားချက်များကို လူစုလူဝေးများပြားစွာဖြင့် ဆောင်ရွက်ရှိရာ Covid-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားနိုင်မှုအတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်နေကြောင်း နှင့် ပြီးခဲ့သည့် သြဂုတ်လ မှစ၍ ရောဂါကူးစက်ပျံ့ပွားမှုနှုန်းသည် နေ့စဉ်မြင့်မားလျက်ရှိရာ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းအထိ ၃၂၉၉ ဦးရှိပြီး သေဆုံးသူဦးရေ၃၂ ဦးရှိပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

ဆုသက်နှင်း
#TheFifthWave

(zawgyi)

၂၀၂၀ ပါတီစံုအေထြေထြေရြးေကာက္ပြဲ ေရြ႔ဆိုင္းသင့္ေၾကာင္း တ.စ.ည ထုတ္ျပန္

လာမည့္ ႏိုဝင္ဘာလ ၈ ရက္တြင္က်င္းပမည့္ ပါတီစံုအေထြေထြေရြးေကာက္ပြဲႀကီးကို ေရြ႔ဆိုင္းသင့္ေၾကာင္း တိုင္းရင္းသားစည္းလံုးညီညြတ္ေရးပါတီ၊ ဗဟိုေကာ္မတီဌာနခ်ဳပ္မွ သေဘာထားေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

Covid-19 ကပ္ေရာဂါ ျဖစ္ပြားမႈသည္အမ်ိဳးသားေရးအႏၱရာယ္ျဖစ္ၿပီး ႏိုင္ငံေတာ္ႏွင့္ျပည္သူတို႔၏ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးအခက္အခဲမ်ားကို ႀကီးမားစြာရင္ဆိုင္ၾကံဳေတြ႔လ်က္ရွိၿပီး နယ္ပယ္စံုမွ အလုပ္အကိုင္အခြင့အလမ္းမ်ားဆံုးရံႈး၍ စားဝတ္ေနေရးအခက္အခဲမ်ား ပိုမိုၾကပ္တည္းလ်က္ရွိေၾကာင္း၊ ယင္းေၾကာင့္ ႏိုင္ငံေတာ္တြင္ အမ်ိဳးသားေရးအႏၱရာယ္ျဖစ္ေနသည့္ Covid-19 အရွိန္ျမွင့္ကူးစက္ပ်ံ႕ပြားေနျခင္းႏွင့္ ဆက္ႏြယ္လ်က္ရွိသည့္ အေျခအေနအရပ္ရပ္ေၾကာင့္ ႏိုဝင္ဘာလ ၈ ရက္တြင္က်င္းပမည့္ ပါတီစံုအေထြေထြဒီမိုကေရေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းသင့္ေၾကာင္း သေဘာထားထုတ္ျပန္ခဲ့သည္။

အဆိုပါ ထုတ္ျပန္ေၾကညာခ်က္တြင္ Covid-19 ေရာဂါျဖစ္ေပၚျပန္႔ပြားမႈကို ဟန္႔တား ခ်ဳပ္ၿငိမ္းေစရန္ ႏိုင္ငံေတာ္မွ ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းမ်ားကို လူမႈေရးအဖြဲ႔အစည္းမ်ား၊ ျပည္သူမ်ားႏွင့္ပူးေပါင္းေဆာင္ရြက္လ်က္ရွိၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွလည္း ဥပေဒညႊန္ၾကားခ်က္မ်ား ထုတ္ျပန္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း ၊ ထို႔အျပင္ ေရြးေကာက္ပြဲဆိုင္ရာ မဲဆြယ္စည္းရံုးေရးလုပ္ငန္းစဥ္မ်ားကိုလည္း စက္တင္ဘာ ၈ ရက္ မွ စတင္ခြင့္ျပဳခဲ့ေသာ္လည္း ႏိုင္ငံေရးပါတီအခ်ိဳ႕၏ မဲဆြယ္စည္းရံုးေရးလႈပ္ရွားမႈမ်ားသည္လည္း ဥပေဒ၊ ညႊန္ၾကားခ်က္မ်ားကို လူစုလူေဝးမ်ားျပားစြာျဖင့္ ေဆာင္ရြက္ရွိရာ Covid-19 ကပ္ေရာဂါ ကူးစက္ပ်ံ႕ပြားႏိုင္မႈအတြက္ စိုးရိမ္ဖြယ္အေျခအေနျဖစ္ေနေၾကာင္း ႏွင္႔ ၿပီးခဲ့သည့္ ၾသဂုတ္လ မွစ၍ ေရာဂါကူးစက္ပ်ံ႕ပြားမႈႏႈန္းသည္ ေန႔စဥ္ျမင့္မားလ်က္ရွိရာ စက္တင္ဘာ ၁၅ ရက္ နံနက္ပိုင္းအထိ ၃၂၉၉ ဦးရွိၿပီး ေသဆံုးသူဦးေရ၃၂ ဦးရွိၿပီျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေရးသား ေဖာ္ျပထားသည္။

ဆုသက္ႏွင္း
#TheFifthWave

Leave a Reply