YBS ယာဥ္လိုင္းမ်ား ေၾကာ္ျငာကပ္ရာတြင္ သတ္မွတ္ခ်က္ကို လိုက္နာျခင္း မရွိပါက အေရးယူမည္

0
4

YBS ယာဉ်လိုင်းများ ကြော်ငြာကပ်ရာတွင် သတ်မှတ်ချက်ကို လိုက်နာခြင်း မရှိပါက အရေးယူမည်

YBS ယာဉ်လိုင်းတွင် ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် မော်တော်ယာဉ်တွင် ကြော်ငြာကပ်ခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါကအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA)မှ အသိပေးချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ ခရီးသည်ယာဉ်များ၌ ကြော်ငြာများ ကပ်ရာတွင် သတ်မှတ်ချက်ကို လိုက်နာခြင်း မရှိပါက အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ YBS ယာဉ်လိုင်းတွင်ပြေးဆွဲ လျက်ရှိသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် မော်တော်ယာဉ်တွင် ကြော်ငြာကပ်ခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များကို လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက YRTA မှ ထုတ်ပြန် ထားသော စည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် ပါဝင်ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်များအနေဖြင့် မော်တော်ယာဉ်များတွင် ကြော်ငြာများ ကပ်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေး မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပါ သတ်မှတ်ချက်များ၊ ရန်ကုန်မြို့တော်စည် ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်)ပါ ကြော်ငြာကပ်ခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

ထိုသို့ လိုက်နာဆောင်ရွက်ခြင်း ရှိစေရေးအတွက် YBS ခရီးသည် မော်တော်ယာဉ်များ ပြေးဆွဲ လျက်ရှိသော ကုမ္ပဏီများနှင့် ပုဂ္ဂလိက ကြီးကြပ် ယာဉ်လိုင်းအဖွဲ့များသို့ အသိပေး အကြောင်းကြား ထားပြီးဖြစ်၍ အဆိုပါ သတ်မှတ်ချက် စည်းကမ်းများကို သက်ဆိုင်ရာ ခရီးသည်တင် ယာဉ်ကုမ္ပဏီများနှင့် ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များ အနေဖြင့် လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWave

(zawgyi)

YBS ယာဥ္လိုင္းမ်ား ေၾကာ္ျငာကပ္ရာတြင္ သတ္မွတ္ခ်က္ကို လိုက္နာျခင္း မရွိပါက အေရးယူမည္

YBS ယာဥ္လိုင္းတြင္ ေျပးဆြဲလ်က္ရွိသည့္ ခရီးသည္တင္ယာဥ္မ်ားအေနျဖင့္ ေမာ္ေတာ္ယာဥ္တြင္ ေၾကာ္ျငာကပ္ျခင္းႏွင့္ စပ္လ်ဥ္း၍ ထုတ္ျပန္ထားသည့္ စည္းကမ္းခ်က္မ်ားကို လိုက္နာျခင္း မရွိပါကအေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမွု အာဏာပိုင္ အဖြဲ႕(YRTA)မွ အသိေပးခ်က္ ထုတ္ျပန္လိုက္သည္။

အဆိုပါ ခရီးသည္ယာဥ္မ်ား၌ ေၾကာ္ျငာမ်ား ကပ္ရာတြင္ သတ္မွတ္ခ်က္ကို လိုက္နာျခင္း မရွိပါက အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးတြင္ မလိုလားအပ္ေသာ ျပႆနာမ်ား ျဖစ္ေပၚလာနိုင္ေၾကာင္း သိရသည္။

သို႔ျဖစ္၍ YBS ယာဥ္လိုင္းတြင္ေျပးဆြဲ လ်က္ရွိသည့္ ခရီးသည္တင္ယာဥ္မ်ားအေနျဖင့္ ေမာ္ေတာ္ယာဥ္တြင္ ေၾကာ္ျငာကပ္ျခင္းႏွင့္ စပ္လ်ဥ္း၍ ထုတ္ျပန္ထားသည့္ စည္းကမ္းခ်က္ မ်ားကို လိုက္နာေဆာင္ရြက္ၾကရန္ႏွင့္ လိုက္နာျခင္းမရွိပါက YRTA မွ ထုတ္ျပန္ ထားေသာ စည္းမ်ဥ္း စည္းကမ္းႏွင့္အညီ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အသိေပး ေၾကညာထားသည္။

YBS ခရီးသည္တင္ ယာဥ္လိုင္းမ်ားတြင္ ပါဝင္ေျပးဆြဲလ်က္ရွိေသာ ခရီးသည္တင္ ယာဥ္မ်ားအေနျဖင့္ ေမာ္ေတာ္ယာဥ္မ်ားတြင္ ေၾကာ္ျငာမ်ား ကပ္ျခင္းႏွင့္စပ္လ်ဥ္း၍ ၂၀၂၀ ျပည့္ႏွစ္ ယာဥ္အႏၲရာယ္ကင္းရွင္းေရး ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမွု ဥပေဒပါ သတ္မွတ္ခ်က္မ်ား၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ ပင္သာယာေရးဥပေဒ (၂၀၁၈ ခုႏွစ္)ပါ ေၾကာ္ျငာကပ္ျခင္းႏွင့္စပ္လ်ဥ္းသည့္ သတ္မွတ္ခ်က္မ်ားကို လိုက္နာေဆာင္ရြက္ရမည္ ျဖစ္သည္။

ထိုသို႔ လိုက္နာေဆာင္ရြက္ျခင္း ရွိေစေရးအတြက္ YBS ခရီးသည္ ေမာ္ေတာ္ယာဥ္မ်ား ေျပးဆြဲ လ်က္ရွိေသာ ကုမၸဏီမ်ားႏွင့္ ပုဂၢလိက ႀကီးၾကပ္ ယာဥ္လိုင္းအဖြဲ႕မ်ားသို႔ အသိေပး အေၾကာင္းၾကား ထားၿပီးျဖစ္၍ အဆိုပါ သတ္မွတ္ခ်က္ စည္းကမ္းမ်ားကို သက္ဆိုင္ရာ ခရီးသည္တင္ ယာဥ္ကုမၸဏီမ်ားႏွင့္ ပုဂၢလိက ယာဥ္ပိုင္ရွင္မ်ား အေနျဖင့္ လိုက္နာရန္ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply