ပို႔ကုန္တင္ပို႔ျခင္းအေပၚ ႀကိဳတင္ဝင္ေငြခြန္ ၂ ရာခိုင္ႏွုန္းအား ယခုႏွစ္ကုန္ထိ ကင္းလြတ္ခြင့္ျပဳ

0
2

ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအား ယခုနှစ်ကုန်ထိ ကင်းလွတ်ခွင့်ပြု

COVID-19 ကြောင့် သက်ရောက်နေသည့်စီးပွားရေးနှေးကွေးမှုကို ပြန်လည်နှိုးဆွနိုင်စေရန် အတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ တိုးမြှင့် ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော Coronavirus Disease 2019 (COVID-19) ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု လျော့နည်း သက်သာစေရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ ၂၄-၃-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၀ ဖြင့် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းအား ယခုဘဏ္ဍာနှစ်ကုန်
ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကင်းလွတ်ခွင့် ပြုထားသည်။

သို့သော် ယခုအခါ COVID-19 ရောဂါကြောင့် သက်ရောက်နေသည့် စီးပွားရေးနှေးကွေးမှုကို ပြန်လည်နှိုးဆွနိုင်စေရန်အတွက် ကင်းလွတ်ခွင့် ကာလကို ထပ်မံ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

ပို့ကုန်တင်ပို့မှုအပေါ် ယခင်က ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကြိုတင်ဝင်ငွေခွန်ကောက်ခံမှုအား ကင်းလွတ်ခွင့်ပြုခဲ့ပြီး ယခုအခါအောက်တိုဘာလ ၁ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ သုံးလ တိုးမြှင့် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWave

(zawgyi)

ပို႔ကုန္တင္ပို႔ျခင္းအေပၚ ႀကိဳတင္ဝင္ေငြခြန္ ၂ ရာခိုင္ႏွုန္းအား ယခုႏွစ္ကုန္ထိ ကင္းလြတ္ခြင့္ျပဳ

COVID-19 ေၾကာင့္ သက္ေရာက္​ေနသည့္စီးပြားေရးေႏွးေကြးမွုကို ျပန္လည္ႏွိုးဆြနိုင္ေစရန္ အတြက္ ပို႔ကုန္တင္ပို႔ျခင္းအေပၚ ႀကိဳတင္ ဝင္ေငြခြန္ ၂ ရာခိုင္ႏွုန္း ေကာက္ခံျခင္းအား ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလကုန္အထိ တိုးျမႇင့္ ကင္းလြတ္ခြင့္ ျပဳလိုက္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မွု ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ကမၻာႏွင့္အဝွမ္း ျဖစ္ေပၚလ်က္ရွိေသာ Coronavirus Disease 2019 (COVID-19) ေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား ထိခိုက္မွု ေလ်ာ့နည္း သက္သာေစေရးအတြက္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မွု ဝန္ႀကီးဌာန၏ ၂၄-၃-၂၀၂၀ ရက္စြဲပါ အမိန႔္ေၾကာ္ျငာစာအမွတ္၊ ၃၈/၂၀၂၀ ျဖင့္ ပို႔ကုန္တင္ပို႔ျခင္းအေပၚ ႀကိဳတင္ဝင္ေငြခြန္ ၂ ရာခိုင္ႏွုန္း ေကာက္ခံျခင္းအား ယခုဘ႑ာႏွစ္ကုန္
ဧၿပီလ ၁ ရက္မွ စက္တင္ဘာလ ၃၀ ရက္အထိ ကင္းလြတ္ခြင့္ ျပဳထားသည္။

သို႔ေသာ္ ယခုအခါ COVID-19 ေရာဂါေၾကာင့္ သက္ေရာက္​ေနသည့္ စီးပြားေရးေႏွးေကြးမွုကို ျပန္လည္ႏွိုးဆြနိုင္ေစရန္အတြက္ ကင္းလြတ္ခြင့္ ကာလကို ထပ္မံ တိုးျမႇင့္ေပးလိုက္ျခင္းျဖစ္သည္။

ပို႔ကုန္တင္ပို႔မွုအ​ေပၚ ယခင္က ႀကိဳတင္ဝင္​ေငြခြန္ ၂ ရာခိုင္ႏႈန္း ေကာက္ခံလ်က္ရွိရာမွ ဧၿပီလ ၁ ရက္မွ စက္တင္ဘာလ ၃၀ ရက္အထိ ႀကိဳတင္ဝင္​ေငြခြန္​ေကာက္ခံမွုအား ကင္းလြတ္ခြင့္ျပဳခဲ့ၿပီး ယခုအခါေအာက္တိုဘာလ ၁ရက္မွ ဒီဇင္ဘာလ ၃၁ ရက္အထိ သံုးလ တိုးျမႇင့္ ခြင့္ျပဳလိုက္ျခင္း ျဖစ္သည္။

ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply