က်န္းမာေရးညႊန္ၾကားခ်က္မ်ားအတိုင္းလိုက္နာပါက လာမည့္ႏွစ္ပတ္အတြင္း ေရာဂါထိန္းခ်ဳပ္ႏိုင္မည္ဟုဆို

0
4

 

ကျန်းမာရေးညွှန်ကြားချက်များအတိုင်းလိုက်နာပါက လာမည့်နှစ်ပတ်အတွင်း ရောဂါထိန်းချုပ်နိုင်မည်ဟုဆို

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း ညွှန်ကြားချက်များကို ပြည်သူတွေအနေနှင့် လိုက်နာပါက လာမည့်နှစ်ပတ်အတွင်း ရောဂါပိုးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

သြဂုတ်လ ၁၆ ရက်နောက်ပိုင်းမှစ၍ ပြည်တွင်းကူးစက်မှုမြင့်တက်လာသည့် Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများစိုးရိမ်ထိတ်လန့်နေမှုအပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရောဂါကူးစက်မှုကင်းအာင် Change ကိုဖြတ်ရမယ်၊ တစ်ယောက်နဲ့ တစ်ယောက် ရောဂါမကူးအောင် အနည်းဆုံးထိတွေ့မှုကင်းအောင် Mask တပ်မယ်၊ လက်ဆေးမယ်၊ ခပ်ခွာခွာနေမယ်၊ Stay Home လုပ်မယ်၊ လူစုလူဝေးမလုပ်ဘူး၊ လူတွေနီးနီးကပ်ကပ်မနေဘူးဆိုရင် နောက်နှစ်ပတ်လောက်ဆိုရင် ကျသွားမှာပါ”ဟု နေပြည်တော်ကောင်စီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

ပြည်တွင်းပိုးတွေ့လူနာများလာသည့်အတွက် ရခိုင်ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း ၄၈ မြို့နယ်ကို Stay at Home သတ်မှတ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ Covid-19 အတည်ပြုလူနာပေါင်း ၃၆၃၆ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူဦးရေမှာ ၈၃၂ ဦးနှင့် သေဆုံးသူ ၃၉ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပိုးတွေ့လူနာအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများကို အရေးကြီးကိစ္စမှအပ ခရီးသွားလာခြင်းမပြုရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

ဆုသက်နှင်း
(TheFifthWave)

(Zawgyi)

က်န္းမာေရးညႊန္ၾကားခ်က္မ်ားအတိုင္းလိုက္နာပါက လာမည့္ႏွစ္ပတ္အတြင္း ေရာဂါထိန္းခ်ဳပ္ႏိုင္မည္ဟုဆို

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္အတိုင္း ညႊန္ၾကားခ်က္မ်ားကို ျပည္သူေတြအေနႏွင့္ လိုက္နာပါက လာမည့္ႏွစ္ပတ္အတြင္း ေရာဂါပိုးထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ေကာင္စီ၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာသည္။

ၾသဂုတ္လ ၁၆ ရက္ေနာက္ပိုင္းမွစ၍ ျပည္တြင္းကူးစက္မႈျမင့္တက္လာသည့္ Covid-19 ေရာဂါႏွင့္ပတ္သက္၍ ျပည္သူမ်ားစိုးရိမ္ထိတ္လန္႔ေနမႈအေပၚ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ ဆက္သြယ္ေမးျမန္းရာတြင္ ၄င္းကအထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ေရာဂါကူးစက္မႈကင္းအာင္ Change ကိုျဖတ္ရမယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ေရာဂါမကူးေအာင္ အနည္းဆံုးထိေတြ႔မႈကင္းေအာင္ Mask တပ္မယ္၊ လက္ေဆးမယ္၊ ခပ္ခြာခြာေနမယ္၊ Stay Home လုပ္မယ္၊ လူစုလူေဝးမလုပ္ဘူး၊ လူေတြနီးနီးကပ္ကပ္မေနဘူးဆိုရင္ ေနာက္ႏွစ္ပတ္ေလာက္ဆိုရင္ က်သြားမွာပါ”ဟု ေနျပည္ေတာ္ေကာင္စီ၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာသည္။

ျပည္တြင္းပိုးေတြ႔လူနာမ်ားလာသည့္အတြက္ ရခိုင္ျပည္နယ္အပါအဝင္ ၿမိဳ႕နယ္ေပါင္း ၄၈ ၿမိဳ႕နယ္ကို Stay at Home သတ္မွတ္ထားေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ လက္ရွိအခ်ိန္ထိ Covid-19 အတည္ျပဳလူနာေပါင္း ၃၆၃၆ ဦးရွိၿပီး ေဆးရံုမွဆင္းခြင့္ရရွိသူဦးေရမွာ ၈၃၂ ဦးႏွင့္ ေသဆံုးသူ ၃၉ ဦးအထိရွိၿပီျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ပိုးေတြ႔လူနာအမ်ားဆံုးျဖစ္သည့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ျပည္သူမ်ားကို အေရးႀကီးကိစၥမွအပ ခရီးသြားလာျခင္းမျပဳရန္ အမိန္႔ညႊန္ၾကားခ်က္ထုတ္ျပန္ထားသည္။

ဆုသက္ႏွင္း
(TheFifthWave)

 

 

Leave a Reply