အထည္ခ်ဳပ္အလုပ္သမားမ်ားအတြက္ EU မွဒုတိယအႀကိမ္ေငြေၾကးေထာက္ပံ့ရန္ စီစဥ္ေန

0
4

 

ပြည်တွင်းရှိ အထည်ချုပ်အလုပ်သမားအများစု အလုပ်လက်မဲ့ဖြစ်သွားနိုင်ဟု သိရ

အနောက်နိုင်ငံမှအမှာစာများသည် စက်တင်ဘာလကုန်ထိသာရှိတော့ပြီး ယင်းနောက်ပိုင်းတွင်အမှာစာမရရှိတော့သောကြောင့် ပြည်တွင်းရှိ အထည်ချုပ် အလုပ်သမား အများစု အလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်း သိရသည်။

Covid-19 ကြောင့် အလုပ်မှထုတ်ပယ်ခြင်း၊ ဆိုင်းငံ့ခြင်းခံရသည့် အထည်ချုပ်ကဏ္ဍမှ စက်ရုံအလုပ်သမားများအတွက် EU မှ ဒုတိယအကြိမ်ငွေကြေးထောက်ပံ့ရန် စီစဉ်နေကြောင်းလည်း ကုန်သည်စက်မှုအသင်းချုပ်ရုံးမှ သိရသည်။

“EU ကတော့ ဒုတိယအကြိမ်ထောက်ပံ့မယ်လို့ကြားတယ်၊ အန်ကယ်ကတော့ သိပ်သဘောမကျဘူး၊ မျှော်လင့်ချက်နည်းတာပေါ့၊ သူတို့ကိုလစာပေးနိုင်လောက်သာပဲရှိမှာ၊ အော်ဒါတွေကလဲ စက်တင်ဘာထိပဲ ရှိတော့တယ်၊ အနောက်နိုင်ငံတွေကလဲ Case တွေပြန်တက်တော့ ဒီဘက်ကိုလှည့်မကြည့်နိုင်ဘူးဖြစ်နေတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်ရုံးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

Covid-19 ကြောင့် အလုပ်ဆိုင်းငံ့ခံရသည့် မြန်မာအလုပ်သမားများကို ထောက်ပံ့သည့် အရေးပေါ်ငွေသားရန်ပုံငွေကို မေလ ၁ ရက်(အပြည်ပြည်ဆ ိုင်ရာအလုပ်သမားနေ့)တွင် စတင်လွှဲပြောင်းပေးအပ်ခဲ့ပြီး EU မှအထည်ချုပ်သားများထောက်ပံ့ရန် ယူရိုငွေ ငါးသန်း မတည်ခဲ့ကြောင်း သိရသည်။

အလုပ်သမားများကို တစ်လလျှင် ကျပ် ၇၅၀၀၀ မှ ကျပ် ၁၂၅၀၀၀ ထောက်ပံ့မည်ဖြစ်ပြီး ၊ ပုံမှန်မဟုတ်ဘဲ အလုပ်နားခံရသည့် အလုပ်သမားများအတွက် ကျပ် ၁၂၅၀၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်ကို ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍မရခဲ့ပေ။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

ျပည္တြင္းရွိ အထည္ခ်ဳပ္အလုပ္သမားအမ်ားစု အလုပ္လက္မဲ့ျဖစ္သြားႏိုင္ဟု သိရ

အေနာက္ႏိုင္ငံမွအမွာစာမ်ားသည္ စက္တင္ဘာလကုန္ထိသာရွိေတာ့ၿပီး ယင္းေနာက္ပိုင္းတြင္အမွာစာမရရွိေတာ့ေသာေၾကာင့္ ျပည္တြင္းရွိ အထည္ခ်ဳပ္ အလုပ္သမား အမ်ားစု အလုပ္လက္မဲ့ျဖစ္သြားႏိုင္ေၾကာင္း သိရသည္။

Covid-19 ေၾကာင့္ အလုပ္မွထုတ္ပယ္ျခင္း၊ ဆိုင္းငံ့ျခင္းခံရသည့္ အထည္ခ်ဳပ္က႑မွ စက္ရံုအလုပ္သမားမ်ားအတြက္ EU မွ ဒုတိယအႀကိမ္ေငြေၾကးေထာက္ပံ့ရန္ စီစဥ္ေနေႀကာင္းလည္း ကုန္သည္စက္မႈအသင္းခ်ဳပ္ရံုးမွ သိရသည္။

“EU ကေတာ့ ဒုတိယအႀကိမ္ေထာက္ပံ့မယ္လို႔ၾကားတယ္၊ အန္ကယ္ကေတာ့ သိပ္သေဘာမက်ဘူး၊ ေမွ်ာ္လင့္ခ်က္နည္းတာေပါ့၊ သူတို႔ကိုလစာေပးႏိုင္ေလာက္သာပဲရွိမွာ၊ ေအာ္ဒါေတြကလဲ စက္တင္ဘာထိပဲ ရွိေတာ့တယ္၊ အေနာက္ႏိုင္ငံေတြကလဲ Case ေတြျပန္တက္ေတာ့ ဒီဘက္ကိုလွည့္မၾကည့္ႏိုင္ဘူးျဖစ္ေနတယ္” ဟု ကုန္သည္စက္မႈအသင္းခ်ဳပ္ရံုးမွ ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာသည္။

Covid-19 ေၾကာင့္ အလုပ္ဆိုင္းငံ့ခံရသည့္ ျမန္မာအလုပ္သမားမ်ားကို ေထာက္ပံ့သည့္ အေရးေပၚေငြသားရန္ပံုေငြကို ေမလ ၁ ရက္(အျပည္ျပည္ဆ ိုင္ရာအလုပ္သမားေန႔)တြင္ စတင္လႊဲေျပာင္းေပးအပ္ခဲ့ၿပီး EU မွအထည္ခ်ဳပ္သားမ်ားေထာက္ပံ့ရႏ္ ယူရိုေငြ ငါးသန္း မတည္ခဲ့ေၾကာင္း သိရသည္။

အလုပ္သမားမ်ားကို တစ္လလွ်င္ က်ပ္ ၇၅၀၀၀ မွ က်ပ္ ၁၂၅၀၀၀ ေထာက္ပံ့မည္ျဖစ္ၿပီး ၊ ပံုမွန္မဟုတ္ဘဲ အလုပ္နားခံရသည့္ အလုပ္သမားမ်ားအတြက္ က်ပ္ ၁၂၅၀၀၀ ေထာက္ပံ့မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအေၾကာင္းအရာမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမွဴးေဒၚခိုင္ခိုင္ႏြယ္ကို ဆက္သြယ္ေမးျမန္းရာတြင္ ဆက္သြယ္၍မရခဲ့ေပ။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply