ဒုတိယအႀကိမ္ Covid ေခ်းေငြကို ယခုပတ္အတြင္း စတင္ ထုတ္ေပးမည္

0
2

ဒုတိယအကြိမ် Covid ချေးငွေကို ယခုပတ်အတွင်း စတင် ထုတ်ပေးမည်

ဒုတိယအကြိမ် Covid ချေးငွေ လျှောက်လွှာ များကို စိစစ်လျက်ရှိရာ ချေးငွေ ပထမသုတ်ကို ယခုပတ်အတွင်း စတင် ထုတ်ပေးမည် ဖြစ်ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှသိရသည်။

COVID-19 Fund မှ ဒုတိယအကြိမ် ချေးငွေ ပေးအပ်ရန် သတ်မှတ်ထားသည့် စီးပွားရေး ကဏ္ဍများသို့ ချေးငွေထုတ်ပေးနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်တွင် လျှောက်လွှာများကို စတင်လက်ခံခဲ့ပြီး ချေးငွေများ ဆောလျင်စွာ ထုတ်ပေးနိုင်ရန် စိစစ်ဆောင်ရွက်လျှက် ရှိသည်။

“ဒီစက်တင်ဘာလအတွင်းမှာ လက်ခံထားတဲ့ လျှောက်လွှာတွေ စိစစ်တာကို အပြီးလုပ်ပြီး ရသလောက် ထုတ်ပေးသွားပါမယ်။ ပထမအသုတ်ကိုတော့ အခုပတ်ထဲမှာ စထုတ်ပေးပါမယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။

COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှု ရှိသော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်မြောက် ကိုဗစ် ချေးငွေကို ထုတ်ချေးရန် ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၁၀ ရက်အထိ ချေးငွေလျှောက်လွှာများ လက်ခံခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ်တွင် လျှောက်ထားသူ ၁၅၀၀ ကျော်၊ တိုင်းနှင့် ပြည်နယ် ကုန်သည်စက်မှု အသင်းများတွင် လျှောက်ထားသူ ၇၆၀၀ ကျော်နှင့် အွန်လိုင်းမှတဆင့် လျှောက်ထားသူ ၈၀၀ ကျော် စုစုပေါင်း ချေးငွေ လျှောက်ထားသူ တစ်သောင်းကျော် ရှိကြောင်းသိရသည်။

လက်ရှိတွင် ဒုတိယအကြိမ် ချေးငွေများ ထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အတွင်း ပြီးပြတ်အောင် စိစစ်ထုတ်ပေးနိုင်ရေး အတွက် ဆောင်ရွက်နေပြီး အဆိုပါ ချေးငွေများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်ထားကာ ချေးငွေ ထုတ်ပေးမှုများ မြန်ဆန်သွက်လက်စေရန်အတွက် မြန်မာ့စီးပွားရေး ဘဏ်တွင် သာမက ပုဂ္ဂလိက ဘဏ်များကပါ ထုတ်ပေးသွားမည် ဖြစ်သည်။

အဆိုပါ ဒုတိယအကြိမ် ကိုဗစ်ချေးငွေကို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင် ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းများအား ထုတ်ချေးပေးခြင်း ဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWave

(zawgyi)

ဒုတိယအႀကိမ္ Covid ေခ်းေငြကို ယခုပတ္အတြင္း စတင္ ထုတ္ေပးမည္

ဒုတိယအႀကိမ္ Covid ေခ်းေငြ ေလၽွာက္လႊာ မ်ားကို စိစစ္လ်က္ရွိရာ ေခ်းေငြ ပထမသုတ္ကို ယခုပတ္အတြင္း စတင္ ထုတ္ေပးမည္ ျဖစ္ေၾကာင္းရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏုိင္ငံျခား စီးပြားဆက္သြယ္ေရး ၀န္ႀကီးဌာနမွသိရသည္။

COVID-19 Fund မွ ဒုတိယအႀကိမ္ ေခ်းေငြ ေပးအပ္ရန္ သတ္မွတ္ထားသည့္ စီးပြားေရး က႑မ်ားသို႔ ေခ်းေငြထုတ္ေပးနိုင္ေရးအတြက္ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၂၇ ရက္တြင္ ေလၽွာက္လႊာမ်ားကို စတင္လက္ခံခဲ့ၿပီး ေခ်းေငြမ်ား ေဆာလ်င္စြာ ထုတ္ေပးနိုင္ရန္ စိစစ္ေဆာင္ရြက္လၽွက္ ရွိသည္။

“ဒီစက္တင္ဘာလအတြင္းမွာ လက္ခံထားတဲ့ ေလၽွာက္လႊာေတြ စိစစ္တာကို အၿပီးလုပ္ၿပီး ရသေလာက္ ထုတ္ေပးသြားပါမယ္။ ပထမအသုတ္ကိုေတာ့ အခုပတ္ထဲမွာ စထုတ္ေပးပါမယ္”ဟု ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏုိင္ငံျခား စီးပြားဆက္သြယ္ေရး ၀န္ႀကီးဌာနမွ အၿမဲတမ္း အတြင္း၀န္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။

COVID-19 သက္ေရာက္မွုေၾကာင့္ ထိခိုက္မွု ရွိေသာ စီးပြားေရးလုပ္ငန္းမ်ားအတြက္ နိုင္ငံေတာ္အစိုးရ၏ ဒုတိယအႀကိမ္ေျမာက္ ကိုဗစ္ ေခ်းေငြကို ထုတ္ေခ်းရန္ ဇူလိုင္လ ၂၉ ရက္မွ ဩဂုတ္လ ၁၀ ရက္အထိ ေခ်းေငြေလၽွာက္လႊာမ်ား လက္ခံခဲ့ရာ ကုန္သည္စက္မွုအသင္းခ်ဳပ္တြင္ ေလၽွာက္ထားသူ ၁၅၀၀ ေက်ာ္၊ တိုင္းႏွင့္ ျပည္နယ္ ကုန္သည္စက္မွု အသင္းမ်ားတြင္ ေလၽွာက္ထားသူ ၇၆၀၀ ေက်ာ္ႏွင့္ အြန္လိုင္းမွတဆင့္ ေလၽွာက္ထားသူ ၈၀၀ ေက်ာ္ စုစုေပါင္း ေခ်းေငြ ေလၽွာက္ထားသူ တစ္ေသာင္းေက်ာ္ ရွိေၾကာင္းသိရသည္။

လက္ရွိတြင္ ဒုတိယအႀကိမ္ ေခ်းေငြမ်ား ထုတ္ေပးျခင္းကို ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလ အတြင္း ၿပီးျပတ္ေအာင္ စိစစ္ထုတ္ေပးနိုင္ေရး အတြက္ ေဆာင္ရြက္ေနၿပီး အဆိုပါ ေခ်းေငြမ်ားကို အတိုးႏွုန္း ၁ ရာခိုင္ႏွုန္း၊ ေခ်းေငြကာလ တစ္ႏွစ္သတ္မွတ္ထားကာ ေခ်းေငြ ထုတ္ေပးမႈမ်ား ျမန္ဆန္သြက္လက္ေစရန္အတြက္ ျမန္မာ့စီးပြားေရး ဘဏ္တြင္ သာမက ပုဂၢလိက ဘဏ္မ်ားကပါ ထုတ္ေပးသြားမည္ ျဖစ္သည္။

အဆိုပါ ဒုတိယအႀကိမ္ ကိုဗစ္ေခ်းေငြကို
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေရထြက္ပစၥည္း ထုတ္လုပ္သည့္ လုပ္ငန္းမ်ား၊ ျပည္ပပို႔ကုန္ ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ သြင္းကုန္ အစားထိုးပစၥည္း ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ ျပည္တြင္းထုတ္လုပ္မွုမွ ျပည္ပတင္ပို႔သည္အထိ ထုတ္လုပ္မွုကြင္းဆက္ (Supply Chain) တစ္ေလၽွာက္ ပါဝင္ ေဆာင္ရြက္သည့္ လုပ္ငန္းမ်ား၊ စားေသာက္ကုန္ ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မွုလုပ္ငန္းမ်ားႏွင့္ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ ေက်ာင္းမ်ားအား ထုတ္ေခ်းေပးျခင္း ျဖစ္သည္။

ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply