အာဏာရ NLD ပါတီက ေရြးေကာက္ပြဲက်င္းပျခင္းသည္ အေကာင္းဆံုးဟုေျပာ

0
2

အာဏာရ NLD ပါတီက ရွေးကောက်ပွဲကျင်းပခြင်းသည် အကောင်းဆုံးဟုပြော

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုရွေ့ဆိုင်းပါ ကနိုင်ငံရေးအကြပ်အတည်းဖြစ်လာနိုင်သဖြင့် ရွေးကောက်ပွဲကျင်းပခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

စက်တင်ဘာ ၊ ၁၅ရက် က နိုင်ငံရေးပါတီ ၂၄ ပါတီက ရွေးကောက်ပွဲရက်ကာလ သတ်မှတ်မှု ပြန်လည်သုံးသပ်ရန် နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်ကို တင်ပြမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားကိုမေးမြန်းရာတွင် အထက်ပါအတိုင်း ဖြေခဲ့ခြင်းဖြစ်သည်။

“အကယ်၍ရွေ့လိုက်ရင ်လွှတ်တော်အသစ်နဲ့အဟောင်းကြား အဏာလွဲပြောင်းရေး ကွာဟသွားမယ် ၊ နိုင်ငံရေးအကြပ်အတည်းဖြစ်လာနိုင်တယ် ၊ ဒီနိုင်ရေးအကြပ်အတည်းကြောင့် နိုင်ငံရေးတောင်းဆိုမှု ၊ ရှုပ်ထွေးမှု ၊ ပရိပက္ခဖြစ်လာနိုင်တယ် ၊ ခုလောလောဆယ် ထိန်းနိုင်သိမ်းနိုင်တဲ့ အခြေအနေမှာ ကျွန်တော်တို့မဲဆွယ်စည်းရုံးရေးကို အပြီးသတ်ပြီး ရွေးကောက်ပွဲ ကျင်းပတာအကောင်းဆုံးပါ”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

နိုင်ငံရေးပါတီ၂၄ ပါတီကမူ ရောဂါကူးစက်မှုမြန်ဆန်လာပြီး ထပ်မံပြန့်ပွားမည့် အခြေအနေရှိနေသဖြင့် ထိန်းချုပ်ရ ခက်ခဲသောအခြေအနေကို ရောက်ရှိလာနိုင်ကြောင်းခန့်မှန်းသဖြင့် ရွေးကောက်ပွဲရက်သတ်မှတ်မှုကို ပြန်လည်သုံးသပ်ရန် တင်ပြထားကြောင်း သိရသည်။

“ဒါကတော့ သူတို့ ၂၄ ပါတီရဲ့ သဘောထားပဲဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲ ရွေ့ခြင်း မရွေ့ခြင်းကတော့ ကျန်းမာရေးပညာရှင်တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ရမှာပါ ၊ ကျွန်တော်တိုမြန်မာနိုင်ငံရဲ့ကိုဗစ်အခြေအနေဟာ ထိန်းသိမ်းလို့မရတဲ့အဆင့်မဟုတ်ဘူးလို့ ကျွန်တော်ကတော့သုံးသပ်ပါတယ် ၊ ကျွန်တော်တို့နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေအနေအရ ရွေးကောက်ပွဲကလည်း နိုင်ငံရေးအကြပ်အတည်း မဖြစ်ပဲနဲ့ တစ်လခွဲခန့်ပဲရွေ့နိုင်တာပါ ၊ ဒီတစ်လခွဲခန့်ရွေ့ရုံနဲ့ ရောဂါထိန်းချုပ်နိုင်မယ်လို့ ဘယ်သူမှအာမခံနိုင်မှာလည်းမဟုတ်ပါဘူး”ဟု ဒေါက်တာမျိုးညွန့်ကပင် ဆက်လက် ပြောသည်။

HM
#TheFifthWave

(zawgyi)

အာဏာရ NLD ပါတီက ေရြးေကာက္ပြဲက်င္းပျခင္းသည္ အေကာင္းဆံုးဟုေျပာ

၂၀၂၀ အေထြေထြေရြးေကာက္ပြဲကိုေရြ႕ဆိုင္းပါ ကႏိုင္ငံေရးအၾကပ္အတည္းျဖစ္လာႏိုင္သျဖင္႔ ေရြးေကာက္ပြဲက်င္းပျခင္းသည္ အေကာင္းဆံုးျဖစ္ေၾကာင္း အာဏာရပါတီျဖစ္ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။

စက္တင္ဘာ ၊ ၁၅ရက္ က ႏိုင္ငံေရးပါတီ ၂၄ ပါတီက ေရြးေကာက္ပြဲရက္ကာလ သတ္မွတ္မႈ ျပန္လည္သံုးသပ္ရန္ ႏိုင္ငံေတာ္သမၼတႏွင့္ ေရြးေကာက္ပြဲေကာ္မရွင္ကို တင္ျပမႈအေပၚ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ သေဘာထားကိုေမးျမန္းရာတြင္ အထက္ပါအတိုင္း ေျဖခ့ဲျခင္းျဖစ္သည္။

“အကယ္၍ေရြ႕လိုက္ရင ္လႊတ္ေတာ္အသစ္နဲ႔အေဟာင္းၾကား အဏာလြဲေျပာင္းေရး ကြာဟသြားမယ္ ၊ ႏိုင္ငံေရးအၾကပ္အတည္းျဖစ္လာႏိုင္တယ္ ၊ ဒီႏိုင္ေရးအၾကပ္အတည္းေၾကာင့္ ႏိုင္ငံေရးေတာင္းဆိုမႈ ၊ ရႈပ္ေထြးမႈ ၊ ပရိပကၡျဖစ္လာႏိုင္တယ္ ၊ ခုေလာေလာဆယ္ ထိန္းႏိုင္သိမ္းႏိုင္တ့ဲ အေျခအေနမွာ ကၽြန္ေတာ္တို႔မဲဆြယ္စည္းရံုးေရးကို အၿပီးသတ္ၿပီး ေရြးေကာက္ပြဲဲ က်င္းပတာအေကာင္းဆံုးပါ”ဟု ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။

ႏိုင္ငံေရးပါတီ၂၄ ပါတီကမူ ေရာဂါကူးစက္မႈျမန္ဆန္လာၿပီး ထပ္မံျပန္႔ပြားမည့္ အေျခအေနရွိေနသျဖင့္ ထိန္းခ်ဳပ္ရ ခက္ခဲေသာအေျခအေနကို ေရာက္ရွိလာႏိုင္ေၾကာင္းခန္႔မွန္းသျဖင့္ ေရြးေကာက္ပြဲရက္သတ္မွတ္မႈကို ျပန္လည္သံုးသပ္ရန္ တင္ျပထားေၾကာင္း သိရသည္။

“ဒါကေတာ့ သူတို႔ ၂၄ ပါတီရဲ႕ သေဘာထားပဲျဖစ္ပါလိမ့္မယ္ ၊ ကၽြန္ေတာ္တို႔ကေတာ့ ေရြးေကာက္ပြဲ ေရြ႕ျခင္း မေရြ႕ျခင္းကေတာ့ က်န္းမာေရးပညာရွင္ေတြနဲ႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဆံုးျဖတ္ရမွာပါ ၊ ကၽြန္ေတာ္တိုျမန္မာႏိုင္ငံရဲ႕ကိုဗစ္အေျခအေနဟာ ထိန္းသိမ္းလို႔မရတ့ဲအဆင့္မဟုတ္ဘူးလို႔ ကၽြန္ေတာ္ကေတာ့သံုးသပ္ပါတယ္ ၊ ကၽြန္ေတာ္တို႔ႏိုင္ငံ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခအေနအရ ေရြးေကာက္ပြဲကလည္း ႏိုင္ငံေရးအၾကပ္အတည္း မျဖစ္ပဲနဲ႔ တစ္လခြဲခန္႔ပဲေရြ႕ႏိုင္တာပါ ၊ ဒီတစ္လခြဲခန္႔ေရြ႕ရံုနဲ႔ ေရာဂါထိန္းခ်ဳပ္ႏိုင္မယ္လို႔ ဘယ္သူမွအာမခံႏိုင္မွာလည္းမဟုတ္ပါဘူး”ဟု ေဒါက္တာမ်ိဳးညြန္႔ကပင္ ဆက္လက္ ေျပာသည္။

HM
#TheFifthWave

Leave a Reply