MOB ရံုးခ်ဳပ္မွ ဝန္ထမ္းတစ္ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕

0
3

MOB ရုံးချုပ်မှ ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ရောဂါ ဓါတ်ခွဲစစ်ဆေးမှုအဖြေ ထုတ်ပြန်ချက်အရ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB) ရုံးချုပ်တွင် တာဝန်ထမ်း‌ဆောင်နေသော ဝန်ထမ်း တစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။

မိမိတို့ဘဏ်အနေဖြင့် အဆိုပါ ဝန်ထမ်းနှင့် မိသားစုဝင်များကို တတ်အားသ၍ ကူညီဆောင်ရွက်မှုများ စီစဉ်ဆောင်ရွက်ထားပြီး မြန်မာအရှေ့တိုင်း ဘဏ်ရုံးချုပ်ရှိ ဝန်ထမ်းများ ကိုလည်း အသွားအလာကန့်သတ်၍ နေထိုင်စေပြီး ဖြစ်ကြောင်း မြန်မာအရှေ့တိုင်းဘဏ်လီမိတက်အလုပ်အမှုဆောင်ကော်မတီမှ အသိပေးကြေညာ ထားသည်။

ထို့ပြင် မြန်မာအရှေ့တိုင်းဘဏ်ရုံးချုပ် နှင့် ကျန်ဘဏ်ခွဲ အားလုံးကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ် ထားရှိမည် ဖြစ်ပြီး Business Continuity Plan (BCP) အရ အဓိကအရေးကြီးသော ဝန်ထမ်းအချို့ မှလွဲ၍ ကျန်ဝန်ထမ်းများကို မိမိ၏နေအိမ်တွင် Work from Home ဖြင့် အလုပ်လုပ်ရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းသိရသည်။

မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်း Customer များနှင့် ဘဏ်ဝန်ထမ်းများ ဘေးကင်းလုံခြုံရေး အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

MOB ရံုးခ်ဳပ္မွ ဝန္ထမ္းတစ္ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ၂၀၂၀ခုႏွစ္၊ စက္တင္ဘာလ ၁၃ ရက္ ေရာဂါ ဓါတ္ခြဲစစ္ေဆးမွုအေျဖ ထုတ္ျပန္ခ်က္အရ ျမန္မာအေရွ႕တိုင္းဘဏ္လီမိတက္ (MOB) ႐ုံးခ်ဳပ္တြင္ တာဝန္ထမ္း‌ေဆာင္ေနေသာ ဝန္ထမ္း တစ္ဦးတြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိေၾကာင္း အတည္ျပဳခဲ့သည္။

မိမိတို႔ဘဏ္အေနျဖင့္ အဆိုပါ ဝန္ထမ္းႏွင့္ မိသားစုဝင္မ်ားကို တတ္အားသ၍ ကူညီေဆာင္ရြက္မွုမ်ား စီစဥ္ေဆာင္ရြက္ထားၿပီး ျမန္မာအေရွ႕တိုင္း ဘဏ္႐ုံးခ်ဳပ္ရွိ ဝန္ထမ္းမ်ား ကိုလည္း အသြားအလာကန႔္သတ္၍ ေနထိုင္ေစၿပီး ျဖစ္ေၾကာင္း ျမန္မာအေရွ႕တိုင္းဘဏ္လီမိတက္အလုပ္အမွုေဆာင္ေကာ္မတီမွ အသိေပးေၾကညာ ထားသည္။

ထို႔ျပင္ ျမန္မာအေရွ႕တိုင္းဘဏ္႐ုံးခ်ဳပ္ ႏွင့္ က်န္ဘဏ္ခြဲ အားလုံးကို ပုံမွန္အတိုင္း ဆက္လက္ဖြင့္လွစ္ ထားရွိမည္ ျဖစ္ၿပီး Business Continuity Plan (BCP) အရ အဓိကအေရးႀကီးေသာ ဝန္ထမ္းအခ်ိဳ့ မွလြဲ၍ က်န္ဝန္ထမ္းမ်ားကို မိမိ၏ေနအိမ္တြင္ Work from Home ျဖင့္ အလုပ္လုပ္ရန္ စီစဥ္ေဆာင္ရြက္ထားၿပီး ျဖစ္ေၾကာင္းသိရသည္။

ျမန္မာအေရွ႕တိုင္းဘဏ္အေနျဖင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းညႊန္မွုအတိုင္း Customer မ်ားႏွင့္ ဘဏ္ဝန္ထမ္းမ်ား ေဘးကင္းလုံျခဳံေရး အတြက္ ေရာဂါကာကြယ္တားဆီးေရး လုပ္ငန္းစဥ္မ်ားကို လိုက္နာေဆာင္ရြက္လ်က္ ရွိေၾကာင္းသိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply