မန္တလေးတက္ကသိုလ်အတွင်း လုယက်မှုနှင့် ခိုးမှုများကြောင့် လုံခြုံရေး တိုးမြှင့်ရန် ကျောင်းတာဝန်ရှိသူများနှင့် သမဂ္ဂ ညှိနှိုင်းမှုများပြုလုပ်မည်

0
133

မန္တလေး၊ ဇန်နဝါရီ ၂၈၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်အတွင်း လုယက်မှုနှင့် ခိုးမှုများကြောင့် လုံခြုံရေးတိုးမြှင့်ရန် ကျောင်းတာဝန်ရှိသူများ နှင့် ညှိနှိုင်းမှုများပြုလုပ်မည်ဖြစ်ကြာင်း မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

ဇန်နဝါရီလ ၂၆ နေ့ ည (၈)နာရီအချိန်ခန့်က ​မန္တ​လေးတက္ကသိုလ်​၊​ဘောလုံး ကွင်းသွားသည့်​လမ်း၌ ကျောင်းသားတစ်ဦး Scoopyဆိုင်​ကယ်​၊ ဖုန်း နှင့် ပိုက်​ဆံအိတ်​တို့ လုယူခံခဲ့ရပြီး ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် (၂) နာရီအချိန်ခန့်ကလည်း ကျောင်းသူ တစ်ဦး ဆိုင်ကယ်ပျောက်ဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကျောင်းက မြို့လယ်ခေါင်မှာရှိတယ် ။ ခုလိုဖြစ်တဲ့အတွက် ကျောင်းတာဝန်ရှိတဲ့ ပါချုပ်တို့နဲ့ တွေ့မယ် ။ တွေ့ပြီး လုံခြုံရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးမှုတွေကို ကျောင်းဖွင့်တဲ့နေ့မှာလုပ်သွားမယ် ။´´ ဟု မန္တ​လေးတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ဝင်းစိန် က ပြောသည်။

ထို့အပြင် ၂၀၁၇ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ မန္တလေးတက္ကသိုလ် အတွင်း ဆိုင်ကယ် ၂၃ စီး ခိုးယူခံခဲ့ရကာ ဖုန်း နှင့် အခြားလုယူမှုများလည်း ရှိကြောင်း မန္တ​လေးတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂထံမှ သိရသည် ။ ထို့အတွက်ကြောင့် ကျောင်းသူ ကျောင်းသားများအနေဖြင့် သတိဖြင့် သွားလာကြရန်လည်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာတွင် သတိပေးထားသည်။

ထို့အပြင် မန္တ​လေးတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ အနေဖြင့် ကျောင်းတွင်းလှုပ်ရှားမှုများဖြစ်သည့် ကြက်တောင်ကလပ်ဖွဲ့စည်းခြင်း နှင့် ကိုယ်ခံပညာသင်ကြားပေးခြင်းများကို ဦးဆောင်ပြီး ဆောင်ရွက်လျှက်ရှိသည်။

နိုင်လင်းဦး

Leave a Reply