ျပည္ခိုင္ၿဖိဳး အစိုးရ ျဖစ္ပါက ဝန္ထမ္းမ်ားကို ႏွစ္အလိုက္ လစာႏွင့္ေထာက္ပံ့မႈမ်ား တိုးျမႇင့္ေပးမည္

0
2

ပြည်ခိုင်ဖြိုး အစိုးရ ဖြစ်ပါက ဝန်ထမ်းများကို နှစ်အလိုက် လစာနှင့်ထောက်ပံ့မှုများ တိုးမြှင့်ပေးမည်

လာမည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အစိုးရဖြစ်ပါက ပြည်သူ့ဝန်ထမ်း၊နိုင်ငံ့ဝန်ထမ်းများ အား ၂၀၂၁ ခုနှစ်ကစပြီး နှစ်အလိုက် လစာနဲ့ ထောက်ပံ့မှုတွေ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီ၏ ဥက္ကဌ ဖြစ်သူ ဦးသန်းဌေး ကပြောကြားလိုက်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နိုင်ငံရေးပါတီ များ၏ ဟောပြောချက်အစီအစဉ်တွင် ဦးသန်းဌေး ကထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ပြည်သူ့ဝန်ထမ်း၊နိုင်ငံ့ဝန်ထမ်းများ ကိုယ်ရတဲ့လစာငွေနဲ့ ထောက်ပံ့မှုများနဲ့ ဂုဏ်သိက္ခာရှိရှိရပ် တည်နိုင် အောင် ၂၀၂၁ ခုနှစ်ကစပြီး နှစ်အလိုက် လစာနဲ့ ထောက်ပံ့မှုတွေ တိုးမြှင့်ပေးပါမယ်” ဟု ဦးသန်းဌေး ကပြောကြားခဲ့သည်။

ထို့ပြင် အလုပ်သမားများ အတွက် အနိမ့်ဆုံးရသင့်သည့် လစာငွေတွင် ဖြစ်ပေါ်နေသည့် လူနေမှုစရိတ်ကို ကာမိ အောင်၊ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ အတူလိပ်ခဲတည်းလည်း ဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသန်းဌေးကပြောကြားခဲ့သည်။

ပြည်သူအများယုံကြည်အားထားရသည့် လယ်ယာစီးပွားကဏ္ဍဖြစ်အောင်အလေးထားဖော်ဆောင်နိုင်ရန် အတွက် တောင်သူလယ်သမားရေးရာဝန်ကြီးဌာနသီးခြားဖွဲ့စည်းပြီး အသေးစိတ်စီမံဆောင်ရွက်ပါမည် ဖြစ်ကြောင်း အစ ရှိသည့် တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်းရေးဖော်ဆောင်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး လုပ်ငန်းစဉ်များ ပါဝင်ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၁၁၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းရင်းသား နယ်မြေ ၂၇ နေရာကို တော့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိကြောင်း သိရသည်။

ပါတီ အနေဖြင့် ရွေးကောက်ပွဲ ကာလအတွင်း ၂ လစာ အင်အားပြ လှည့်လည်မည့် အစီအစဉ် ကို ရပ်နားမည် ဖြစ်ရာ ထိုသို့ ရပ်နားရခြင်းသည် ၎င်း တို့ အနေဖြင့် ပါတီ အောင်နိုင်ရေး လုပ်နေချိန်တွင် ပြည်သူများ အနေဖြင့် ဒုက္ခရောက်ကြောက်လန့်ပြီး အစားအစာ ခက်ခဲရှားပါးနေသည့် အချိန်တွင် အဆိုပါကိစ္စသည် First Priority မဟုတ်တော့ ကြောင်း မြင်မိသည့် အတွက် ရပ်တန့်ရခြင်းဖြစ်ကြောင်း ဒုတိယဥက္ကဌ ဖြစ်သူ ဦးခင်ရီ ကပြောဆိုထားသည်။

ယဉ်ကေနွယ်
#TheFifthWave

(zawgyi)

ျပည္ခိုင္ၿဖိဳး အစိုးရ ျဖစ္ပါက ဝန္ထမ္းမ်ားကို ႏွစ္အလိုက္ လစာႏွင့္ေထာက္ပံ့မႈမ်ား တိုးျမႇင့္ေပးမည္

လာမည့္ အေထြေထြေရြးေကာက္ပြဲတြင္ အႏိုင္ရ႐ွိၿပီး အစိုးရျဖစ္ပါက ျပည္သူ႕၀န္ထမ္း၊နိုင္ငံ့၀န္ထမ္းမ်ား အား ၂၀၂၁ ခုနွစ္ကစျပီး နွစ္အလိုက္ လစာနဲ႕ ေထာက္ပံ့မႈေတြ တိုးျမွင့္ေပးမည္ျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳး ပါတီ၏ ဥကၠဌ ျဖစ္သူ ဦးသန္းေဌး ကေျပာၾကားလိုက္သည္။

စက္တင္ဘာလ ၁၅ ရက္ေန႔က ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကားမွတဆင့္ ထုတ္လႊင့္သည့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြ ေရြးေကာက္ပြဲ ႏိုင္ငံေရးပါတီ မ်ား၏ ေဟာေျပာခ်က္အစီအစဥ္တြင္ ဦးသန္းေဌး ကထိုသို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

” ျပည္သူ႕၀န္ထမ္း၊နိုင္ငံ့၀န္ထမ္းမ်ား ကိုယ္ရတဲ့လစာေငြနဲ႕ ေထာက္ပံ့မႈမ်ားနဲ႕ ဂုဏ္သိကၡာရွိရွိရပ္ တည္နိုင္ ေအာင္ ၂၀၂၁ ခုနွစ္ကစျပီး နွစ္အလိုက္ လစာနဲ႕ ေထာက္ပံ့မႈေတြ တိုးျမွင့္ေပးပါမယ္” ဟု ဦးသန္းေဌး ကေျပာၾကားခဲ့သည္။

ထို႔ျပင္ အလုပ္သမားမ်ား အတြက္ အနိမ့္ဆုံးရသင့္သည့္ လစာေငြတြင္ ျဖစ္ေပၚေနသည့္ လူေနမႈစရိတ္ကုိ ကာမိ ေအာင္၊ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ျပင္ဆင္သတ္မွတ္ေပးမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ အတူလိပ္ခဲတည္းလည္း ျဖစ္ေနသည့္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခ ခံ ဥပေဒ ျပင္ဆင္ေရးကို ဦးစားေပးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦးသန္းေဌးကေျပာၾကားခဲ့သည္။

ျပည္သူအမ်ားယုံႀကည္အားထားရသည့္ လယ္ယာစီးပြားက႑ျဖစ္ေအာင္အေလးထားေဖာ္ေဆာင္နိုင္ရန္ အတြက္ ေတာင္သူလယ္သမားေရးရာ၀န္ႀကီးဌာနသီးျခားဖြဲ႕စည္းျပီး အေသးစိတ္စီမံေဆာင္ရြက္ပါမည္ ျဖစ္ေၾကာင္း အစ ႐ွိသည့္ တရားဥပေဒစိုးမိုးေရး၊ျငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမ်ား၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ပိုမိုရ႐ွိေရး လုပ္ငန္းစဥ္မ်ား ပါဝင္ေၾကာင္း သိရသည္။

ျပည္ခိုင္ၿဖိဳးပါတီ အေနျဖင့္ လာမည့္ ေရြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေပါင္း ၁၁၂၉ ဦး၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး တိုင္းရင္းသား နယ္ေျမ ၂၇ ေနရာကို ေတာ့ ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိေၾကာင္း သိရသည္။

ပါတီ အေနျဖင့္ ေရြးေကာက္ပြဲ ကာလအတြင္း ၂ လစာ အင္အားျပ လွည့္လည္မည့္ အစီအစဥ္ ကို ရပ္နားမည္ ျဖစ္ရာ ထိုသို႔ ရပ္နားရျခင္းသည္ ၎ တို႔ အေနျဖင့္ ပါတီ ေအာင္နုိင္ေရး လုပ္ေနခ်ိန္တြင္ ျပည္သူမ်ား အေနျဖင့္ ဒုကၡေရာက္ေၾကာက္လန္႔ၿပီး အစားအစာ ခက္ခဲရွားပါးေနသည့္ အခ်ိန္တြင္ အဆိုပါကိစၥသည္ First Priority မဟုတ္ေတာ့ ေၾကာင္း ျမင္မိသည့္ အတြက္ ရပ္တန္႔ရျခင္းျဖစ္ေၾကာင္း ဒုတိယဥကၠဌ ျဖစ္သူ ဦးခင္ရီ ကေျပာဆိုထားသည္။

ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply