မိုးက်ေရြကိုယ္မဟုတ္ေၾကာင္းႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းဦးဝဏၰေမာင္လြင္ေျပာၾကား

0
37

မိုးကျရွေကိုယ်မဟုတ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဦးဝဏ္ဏမောင်လွင်ပြောကြား

မိမိကို မိုးကျရွေကိုယ်ဟု ဝေဖန်ပြောဆိုပါက မိမိ၏ တပ်မတော်တွင် တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့မှုများ၊
အရပ်ဘက်တာဝန်ထမ်းဆောင်ခဲ့မှုသက်တမ်းများအရ ပြောရလျှင် မိမိမှာ မိုးကျရွေကိုယ်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဟောင်းဦးဝဏ္ဏမောင်လွင်ကပြောသည်။

တပ်မတော်အနေဖြင့်မြန်မာနိုင်ငံရေးလမ်းကြောင်းကိုပြောင်းလဲရန်ဆောင်ရွက်ရာတွင်တာဝန်ပေးအပ်ခံရမှုနှင့်ပတ်သတ်၍ဦးဝဏ္ဏမောင်လွင်က”တပ်မတော်ကရှေ့လာမယ့်မြန်မာနိုင်ငံရေးလမ်းကြောင်းတစ်ခုကိုပြောင်းလဲဖို့လုပ်တဲ့အခါမှာနယ်ဘက်တွေမှာတာဝန်ကျေပွန်တဲ့အရည်အချင်းရှိတဲ့လူတွေကိုတာဝန်ပေးအပ်တဲ့အခါမှာကျွန်တော်လည်းနယ်ဘက်မှာတာဝန်ထမ်းဆောင်ရတယ်၊အဲ့ဒီမှာ နယ်စပ်ဒေသနဲ့ တိုင်းရင်းသာလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ညွှန်ချုတာဝန်ကိုထမ်းဆောင်ခဲ့ပြီးလက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ရေးလုပ်ငန်းစဉ်တွေလုပ်ခဲ့ရတယ်၊နောက်ပြီးနိုင်ငံတကာဆက်ဆံရေးတာဝန်ပေးမယ်ဆိုပြီး၂၀၀၀ခုနှစ်လောက်မှာသံအမတ်အဖြစ်အထူးအာဏာကုန်လွဲအပ်ခြင်းခံရတဲ့သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတယ်။”ဟုဦးဝဏ္ဏမောင်လွင်ကပြောသည်။

ထို့အပြင်ယင်းကာလများကနိုင်ငံတကာ၏ပိတ်ဆို့အရေးယူမှုများကြောင့်နိုင်ငံတွင်ဖိအားများရှိခဲ့ပြီးနိုင်ငံတကာဆက်ဆံရေးကိုနိုင်ငံခြားရေး၊ကာကွယ်ရေး၊အမျိုသားလုံခြုံရေးများဖြင့်သတိထားဆောင်ရွက်ခဲ့ရကြောင်းဆက်လက်ပြောကြားသည်။

“ဖိအားတွေကြားမှာနိုင်ငံရဲ့သဘောထားကိုနိုင်ငံတကာသိအောင်သဘောပေါက်နားလည်အောင်ဆက်ဆံရေးထူထောင်ခဲ့ရတယ်၊သံအမတ်အဖြစ်၁၁နှစ်လုပ်ကိုင်ခဲ့ပြီးအစိုးရသစ်လက်ထက်မှာနိုင်ငံခြားရေးတာဝန်ထမ်းဆောင်ခဲ့ရတယ်
နှစ်ပေါင်း၃၀လောက်တပ်မတော်သားဖြစ်ခဲ့တယ်၊ နောက်ပြီး အရပ်သားအစိုးရလက်ထက်မှာလည်း နိုင်ငံအတွက်ခိုကပ်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့တယ် ဒါကြောင့်ကျွန်တော်တို့ကမိုးပေါ်ကကျလာတာမဟုတ်ပါဘူး”ဟုဦးဝဏ္ဏမောင်လွင်ကပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးဟောင်းဦးဝဏ္ဏမောင်လွင်သည်၂၀၂၀ရွေးကောက်ပွဲတွင်ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီးနေပြည်တော်ဇမ္ဗူသီရိမြို့နယ်မှကိုယ်စားလှယ်လောင်းအအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

HM
#TheFifthWave

(zawgyi)

မိုးက်ေရြကိုယ္မဟုတ္ေၾကာင္းႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းဦးဝဏၰေမာင္လြင္ေျပာၾကား

မိမိကို မိုးက်ေရြကိုယ္ဟု ေဝဖန္ေျပာဆိုပါက မိမိ၏ တပ္မေတာ္တြင္ တာဝန္အဆင့္ဆင့္ထမ္းေဆာင္ခ့ဲမႈမ်ား၊
အရပ္ဘက္တာဝန္ထမ္းေဆာင္ခ့ဲမႈသက္တမ္းမ်ားအရ ေျပာရလၽွင္ မိမိမွာ မိုးက်ေရြကိုယ္မဟုတ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးေဟာင္းဦးဝဏၰေမာင္လြင္ကေျပာသည္။

တပ္မေတာ္အေနျဖင့္ျမန္မာႏိုင္ငံေရးလမ္းေၾကာင္းကိုေျပာင္းလဲရန္ေဆာင္ရြက္ရာတြင္တာဝန္ေပးအပ္ခံရမႈႏွင့္ပတ္သတ္၍ဦးဝဏၰေမာင္လြင္က”တပ္မေတာ္ကေရွ႕လာမယ့္ျမန္မာႏိုင္ငံေရးလမ္းေၾကာင္းတစ္ခုကိုေျပာင္းလဲဖို႔လုပ္တ့ဲအခါမွာနယ္ဘက္ေတြမွာတာဝန္ေက်ပြန္တ့ဲအရည္အခ်င္းရွိတ့ဲလူေတြကိုတာဝန္ေပးအပ္တ့ဲအခါမွာကၽြန္ေတာ္လည္းနယ္ဘက္မွာတာဝန္ထမ္းေဆာင္ရတယ္၊အ့ဲဒီမွာ နယ္စပ္ေဒသနဲ႔ တိုင္းရင္းသာလူမ်ိဳးမ်ားဖြံ႕ၿဖိဳးေရးဦးစီးဌာနရဲ႕ညႊန္ခ်ဳတာဝန္ကိုထမ္းေဆာင္ခ့ဲၿပီးလက္နက္နဲ႔ၿငိမ္းခ်မ္းေရးလဲလွယ္ေရးလုပ္ငန္းစဥ္ေတြလုပ္ခ့ဲရတယ္၊ေနာက္ၿပီးႏိုင္ငံတကာဆက္ဆံေရးတာဝန္ေပးမယ္ဆိုၿပီး၂၀၀၀ခုႏွစ္ေလာက္မွာသံအမတ္အျဖစ္အထူးအာဏာကုန္လြဲအပ္ျခင္းခံရတ့ဲသံအမတ္ႀကီးအျဖစ္တာဝန္ထမ္းေဆာင္ခ့ဲရတယ္။”ဟုဦးဝဏၰေမာင္လြင္ကေျပာသည္။

ထို႔အျပင္ယင္းကာလမ်ားကႏိုင္ငံတကာ၏ပိတ္ဆို႔အေရးယူမႈမ်ားေၾကာင့္ႏိုင္ငံတြင္ဖိအားမ်ားရွိခ့ဲၿပီးႏိုင္ငံတကာဆက္ဆံေရးကိုႏိုင္ငံျခားေရး၊ကာကြယ္ေရး၊အမ်ိဳသားလံုျခံဳေရးမ်ားျဖင့္သတိထားေဆာင္ရြက္ခ့ဲရေၾကာင္းဆက္လက္ေျပာၾကားသည္။

“ဖိအားေတြၾကားမွာႏိုင္ငံရဲ႕သေဘာထားကိုႏိုင္ငံတကာသိေအာင္သေဘာေပါက္နားလည္ေအာင္ဆက္ဆံေရးထူေထာင္ခ့ဲရတယ္၊သံအမတ္အျဖစ္၁၁ႏွစ္လုပ္ကိုင္ခ့ဲၿပီးအစိုးရသစ္လက္ထက္မွာႏိုင္ငံျခားေရးတာဝန္ထမ္းေဆာင္ခ့ဲရတယ္
ႏွစ္ေပါင္း၃၀ေလာက္တပ္မေတာ္သားျဖစ္ခ့ဲတယ္၊ ေနာက္ၿပီး အရပ္သားအစိုးရလက္ထက္မွာလည္း ႏိုင္ငံအတြက္ခိုကပ္ျခင္းမရွိဘဲ ေဆာင္ရြက္ခ့ဲတယ္ ဒါေၾကာင့္ကၽြန္ေတာ္တို႔ကမိုးေပၚကက်လာတာမဟုတ္ပါဘူး”ဟုဦးဝဏၰေမာင္လြင္ကေျပာသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနဝန္ႀကီးေဟာင္းဦးဝဏၰေမာင္လြင္သည္၂၀၂၀ေရြးေကာက္ပြဲတြင္ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားျပဳၿပီးေနျပည္ေတာ္ဇမၺဴသီရိၿမိဳ႕နယ္မွကိုယ္စားလွယ္ေလာင္းအအျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

HM
#TheFifthWave

Leave a Reply