USDP ေအာင္ႏိုင္ေရး လႈံေဆာ္ေရးယာဥ္တန္းကို NLD အက်ႌ၀တ္လူငယ္မ်ားမွ ေလးဂြႏွင္႔ ပစ္ခက္မႈ ျဖစ္ပြား

0
31

USDP အောင်နိုင်ရေး လှုံဆော်ရေးယာဉ်တန်းကို NLD အင်္ကျီဝတ်လူငယ်များမှ လေးဂွနှင့် ပစ်ခက်မှု ဖြစ်ပွား

နေပြည်တော် ၊ပုပ္ဗသီရိမြို့နယ် ၊ဘူတာကြီး အနီးရှိ သံလွင်လမ်းမကြီးဘေး သစ်ယာကုန်းကျေးရွာ အနီးတွင် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ပိုင်း ကUSDP အောင်နိုင်ရေး လှုံဆော်ရေးယာဉ်တန်းကို NLD အင်္ကျီဝတ်လူငယ်များမှ လေးဂွနှင့် ပစ်ခက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် မဲဆွယ်စည်းရုံးရေး ယာဉ်တန်းပေါ်ရှိ လူများနှင့် NLD အကျီၤဝတ်ပြီး နွားကျောင်းနေသည့် လူငယ်များ အပြန်အလှန် စနောက်ကြရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ မှ လည်း ၎င်း ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် “ ပြည်ခိုင်ဖြိုး ပါတီအောင်နိုင်ရေး ယာဉ်တန်းပါ ဆိုင်ကယ် ၃ စီးဖြင့် ဝန်းရံလူငယ်များကို သစ်ယာကုန်းကျေးရွာ အလွန် နေပြည်တော် ဘူတာကြီး အနီး လမ်းဘေးတွင် ရပ်စောင့်နေသော NLD တီရှပ်ဝတ်ဆင်ထားသည့် လူငယ်တစ်စုမှ စတင်ဆဲဆို ရန်စပြီး ပုဆိုးလှန်ပြခြင်းပြုခဲ့တဲ့ အတွက် ဆိုင်ကယ်များ ရပ်တန့် ပြီးမေးမြန်းရာ မှ အပြန်အလှန် များကြစဉ် NLD တီရှပ်ဝတ်တစ်ဦးမှ လောက်လေးခွဖြင့် အနီးကပ် ၂ ချက် ပစ်ခဲ့ပါတယ်”ဟု ရေးသားထားသည်။

ထို့ ပြင် NLD လူစုထဲမှ တစ်ဦးသည် ဖုန်းဆက်တာ မြင်ရပြီး မိနစ်ပိုင်းအကြာ လူအင်အား ၁၀၀ ခန့် မ ဓားများ၊ တုတ်များ၊ ကျူတံများ ကိုင်ပြီး ရပ်တန့်ထားသည့် ယာဉ်တန်းပေါ်မှ ဆင်းပြီး ပြန်ဖြေနေသူ USDP များကို တိုက်ခိုက်ခဲ့ကြောင်းရေးသားထားသည်။

ကျန်ခဲ့သည့် ဆိုင်ကယ် ၃ စီး ကိုလည်း ၂ စီးကို ဖျက်ဆီးထားပြီး ကျန် ၁ စီးကို ဆီတိုင်ကီ ကို ဖောက်ချပြီး မီးရှို့မည်ဟု လုပ်စဉ် တာဝန်ရှိသူများ ရောက်ရှိ တားမြစ်ခဲ့သည့် အတွက် မီးမလောင်ခဲ့ကြောင်း၊ NLD တီရှပ်ဝတ်များ တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် USDP ပါတီ တာဝန်ရှိသူ တစ်ဦးနှင့် ဝန်းရံသူ ၂ ဦး တို့ ဆေးရုံပြကုသခဲ့ရကြောင်း ရေးသားထားသည်။

ထို့ အတူဖြစ်စဉ်တွင် မဲဆွယ်စည်းရုံးရေး ယာဉ်တန်းပေါ်ရှိ လူများနှင့် NLD အကျီၤဝတ်ပြီး နွားကျောင်းနေသည့် လူငယ်များ အပြန်အလှန် စနောက်ကြရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမောင်မောင်ဆွေ မှ ၎င်း ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားချက်အရ သိရသည်။

ထိုသို့ ခိုက်ရန်ဖြစ်ပွားခဲ့သည့် အတွက် ခံရသည့် ကလေးငယ်များကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကလေးငယ်များကို မတရားဝိုင်းထိုးကြသူများကိုလည်း ဆက်လက်ဖော်ထုတ်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းရေးသားထားသည်။

အဆိုပါ ဖြစ်စဉ် အား ကျည်တောင်ကန် နယ်မြေရဲစခန်းတွင် မြို့နယ် ပါတီ ဥက္ကဌ မှ တရားလို ပြုလုပ်တိုင်တန်းထားပြီး ရဲစခန်းမှ အမှု ကို လက်ခံထားကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWave

(zawgyi)

USDP ေအာင္ႏိုင္ေရး လႈံေဆာ္ေရးယာဥ္တန္းကို NLD အက်ႌ၀တ္လူငယ္မ်ားမွ ေလးဂြႏွင္႔ ပစ္ခက္မႈ ျဖစ္ပြား

ေနျပည္ေတာ္ ၊ပုပၺသီရိၿမိဳ႕နယ္ ၊ဘူတာႀကီး အနီးရွိ သံလြင္လမ္းမႀကီးေဘး သစ္ယာကုန္းေက်းရြြြာ အနီးတြင္ စက္တင္ဘာလ ၁၆ ရက္ေန႔ ညေန ပိုင္း ကUSDP ေအာင္ႏိုင္ေရး လႈံေဆာ္ေရးယာဥ္တန္းကို NLD အက်ႌ၀တ္လူငယ္မ်ားမွ ေလးဂြႏွင္႔ ပစ္ခက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ မဲဆြယ္စည္းရံုးေရး ယာဥ္တန္းေပၚရွိ လူမ်ားႏွင့္ NLD အက်ီၤ၀တ္ၿပီး ႏြားေက်ာင္းေနသည့္ လူငယ္မ်ား အျပန္အလွန္ စေနာက္ၾကရာမွ ခိုက္ရန္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျပည္ခိုင္ၿဖိဳးပါတီ ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒၚယဥ္မင္းျမင့္ေဆြ မွ လည္း ၎ ၏ လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္ “ ျပည္ခိုင္ၿဖိဳး ပါတီေအာင္နုိင္ေရး ယာဥ္တန္းပါ ဆိုင္ကယ္ ၃ စီးျဖင့္ ၀န္းရံလူငယ္မ်ားကို သစ္ယာကုန္းေက်းရြာ အလြန္ ေနျပည္ေတာ္ ဘူတာႀကီး အနီး လမ္းေဘးတြင္ ရပ္ေစာင့္ေနေသာ NLD တီရွပ္၀တ္ဆင္ထားသည့္ လူငယ္တစ္စုမွ စတင္ဆဲဆို ရန္စၿပီး ပုဆိုးလွန္ျပျခင္းျပဳခဲ့တဲ့ အတြက္ ဆိုင္ကယ္မ်ား ရပ္တန္႔ ၿပီးေမးျမန္းရာ မွ အျပန္အလွန္ မ်ားၾကစဥ္ NLD တီရွပ္၀တ္တစ္ဦးမွ ေလာက္ေလးခြျဖင့္ အနီးကပ္ ၂ ခ်က္ ပစ္ခဲ့ပါတယ္”ဟု ေရးသားထားသည္။

ထို႔ ျပင္ NLD လူစုထဲမွ တစ္ဦးသည္ ဖုန္းဆက္တာ ျမင္ရၿပီး မိနစ္ပိုင္းအၾကာ လူအင္အား ၁၀၀ ခန္႔ မ ဓားမ်ား၊ တုတ္မ်ား၊ က်ဴတံမ်ား ကိုင္ၿပီး ရပ္တန္႔ထားသည့္ ယာဥ္တန္းေပၚမွ ဆင္းၿပီး ျပန္ေျဖေနသူ USDP မ်ားကို တိုက္ခိုက္ခဲ့ေၾကာင္းေရးသားထားသည္။

က်န္ခဲ့သည့္ ဆိုင္ကယ္ ၃ စီး ကိုလည္း ၂ စီးကို ဖ်က္ဆီးထားၿပီး က်န္ ၁ စီးကို ဆီတိုင္ကီ ကို ေဖာက္ခ်ၿပီး မီးရိႈ႔မည္ဟု လုပ္စဥ္ တာ၀န္ရွိသူမ်ား ေရာက္ရွိ တားျမစ္ခဲ့သည့္ အတြက္ မီးမေလာင္ခဲ့ေၾကာင္း၊ NLD တီရွပ္၀တ္မ်ား တိုက္ခိုက္မႈ ျဖစ္စဥ္ေၾကာင့္ USDP ပါတီ တာ၀န္ရွိသူ တစ္ဦးနွင့္ ၀န္းရံသူ ၂ ဦး တို႔ ေဆးရံုျပကုသခဲ့ရေၾကာင္း ေရးသားထားသည္။

ထို႔ အတူျဖစ္စဥ္တြင္ မဲဆြယ္စည္းရံုးေရး ယာဥ္တန္းေပၚရွိ လူမ်ားႏွင့္ NLD အက်ီၤ၀တ္ၿပီး ႏြားေက်ာင္းေနသည့္ လူငယ္မ်ား အျပန္အလွန္ စေနာက္ၾကရာမွ ခိုက္ရန္ျဖစ္ပြားခဲ့ေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ဦးေမာင္ေမာင္ေဆြ မွ ၎ ၏ လူမႈကြန္ယက္စာမ်က္နွာေပၚတြင္ ေရးသားခ်က္အရ သိရသည္။

ထိုသို႔ ခိုက္ရန္ျဖစ္ပြားခဲ့သည့္ အတြက္ ခံရသည့္ ကေလးငယ္မ်ားကို ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ကေလးငယ္မ်ားကို မတရား၀ိုင္းထိုးၾကသူမ်ားကိုလည္း ဆက္လက္ေဖာ္ထုတ္နုိင္ေရး အတြက္ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းလည္းေရးသားထားသည္။

အဆိုပါ ျဖစ္စဥ္ အား က်ည္ေတာင္ကန္ နယ္ေျမရဲစခန္းတြင္ ၿမိဳ႕နယ္ ပါတီ ဥကၠဌ မွ တရားလို ျပဳလုပ္တိုင္တန္းထားၿပီး ရဲစခန္းမွ အမႈ ကို လက္ခံထားေၾကာင္း သိရသည္။

ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply