0
18
ကိုဗစ် ကိုနိုင်အောင်မလုပ်နိုင်ဘဲ ရွေးကောက်ပွဲနိုင်ခဲ့မည်ဆိုပါကလည်း အောင်လံစိုက်ရာတွင် စိတ်ချမ်းမြေ့စရာ မရှိဟု USDP ဥက္ကဌပြော
ကိုဗစ်ကိုနိုင်အောင်မလုပ်နိုင်ဘဲ ရွေးကောက်ပွဲနိုင်ခဲ့မည်ဆိုပါကလည်း အာင်လံစိုက်ရာတွင် စိတ်ချမ်းမြေ့စရာ မရှိဟု ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးသန်းဌေး ကပြောကြားလိုက်သည်။
“ရွေးကောက်ပွဲအောင်နိုင်ရေးဆိုတာက အာဏာကိစ္စပါ၊ ကိုဗစ်ကို နိုင်အောင်မလုပ်နိုင်ဘဲ ရွေးကောက်ပွဲ နိုင်ခဲ့မယ်ဆိုရင်လည်းပဲ ဘယ်လိုပဲနိုင်နိုင် တစ်ကယ့်အောင်နိုင်မှု မဖြစ်နိုင်ဘဲနဲ့ အလဲလဲ အပြိုပြို ပြည်သူလူထုကြီးနဲ့ ဒယိမ်းဒယိုင်နိုင်ငံကြီးမှာ အောင်လံစိုက်ရမှာဖြစ်တဲ့အတွက် စိတ်ချမ်းမြေ့စရာ မရှိလောက်ပါဘူးခင်ဗျာ။”ဟု ဦးသန်းဌေးကပြောသည်။
ပြည်တွင်းအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုနှင့်ရှိသမျှလုပ်နိုင်စွမ်းများကို ပူးပေါင်းအသုံးချပြီး လက်ရှိတွင် ကိုဗစ်ကပ်ရောဂါကြီးကို မရရအောင် ထိန်းချုပ်ကြရမည့် အချိန်ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
‘”နိုင်လိုစိတ်နဲ့ သွေးဆူပြီး ထိန်းမနိုင် သိမ်းမရ လူစုလူဝေးတွေ မဖြစ်စေချင်လို့ပါ ။ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်ပြီဆိုရင်တော့လည်းပဲ အောင်ပန်းဆွတ်ရမယ့် တာဝန်က ကျေရမှာဖြစ်တဲ့အတွက် ကန့်သတ်ခွင့်ပြုအင်အားနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လှုပ်ရှားစည်းရုံးမှုတွေကိုတော့ စဉ်ဆက်မပြတ် စနစ်တကျ လုပ်သွားကြရမှာပါ။”ဟု ဦးသန်းဌေးကပြောသည်။
အမျိုးသားရေးသတိဖြင့်နားလည်မှုရှိစွာ လိုက်နာဆောင်ရွက်ကြသည့် ပါတီဝင်များ၊ ပူးပေါင်းဆောင်ရွက်ကြသည့် အားပေးဝန်းရံကြသည့် ပြည်သူလူထုများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားထားသည်။
လက်ရှိမှာတော့ ပါတီ အနေဖြင့် ရွေးကောက်ပွဲ ကာလအတွင်း ၂ လစာ အင်အားပြ လှည့်လည်မည့် အစီအစဉ် ကို ရပ်နားမည် ဖြစ်ရာ ထိုသို့ ရပ်နားရခြင်းသည် ၎င်း တို့ အနေဖြင့် ပါတီ အောင်နိုင်ရေး လုပ်နေချိန်တွင် ပြည်သူများ အနေဖြင့် ဒုက္ခရောက်ကြောက်လန့်ပြီး အစားအစာ ခက်ခဲရှားပါးနေသည့် အချိန်တွင် အဆိုပါကိစ္စသည် First Priority မဟုတ်တော့ ကြောင်း မြင်မိသည့် အတွက် ရပ်တန့်ရခြင်းဖြစ်ကြောင်း ဒုတိယဥက္ကဌ ဖြစ်သူ ဦးခင်ရီ ကပြောဆိုထားသည်။
ယဉ်ကေနွယ်
#TheFifthWave
(zawgyi)
ယဉ်ကေနွယ်
#TheFifthWave
Leave a Reply