ဦးေခါင္း ၂ လံုးပါသည့္ ကေလးငယ္ကို အသက္ရွင္လ်က္ေမြးဖြား

0
34

ဦးခေါင်း ၂ လုံးပါသည့် ကလေးငယ်ကို အသက်ရှင်လျက်မွေးဖွား

နေပြည်တော် ကောင်စီနယ်မြေ ရှိ တပ်ကုန်းမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံတွင် ဦးခေါင်း ၂ လုံးပါသည့် ကလေးငယ်(ယောင်္ကျားလေး) ကို စက်တင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က အသက်ရှင်လျက်မွေးဖွားခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာတွင် နေထိုင်သည့် ဦးသိန်းထိုက်၏ ဇနီး မအေးစန္ဒာမြင့် ( ၂၉) နှစ်မှ မွေးဖွားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီးနှင့် အဖွဲ့မှ အရေးပေါ် ခွဲစိတ်မွေးဖွားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ကလေးငယ်အား လက်ရှိတွင် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ ကလေးအထူးကု ဆရာဝန်များမှ လိုအပ်သည်များကို လုပ်ဆောင်ပေးပြီး နေပြည်တော် ကုတင် ၅၀၀ အထူးကုဆေးရုံသိ့ု လွှဲပြောင်းပေးပို့ခဲ့ကြောင်း မြန်မာအသံနှင့်ရုပ်မြင်သံကြား လူမှုကွန်ယက်စာမျက်နှာ မှ တဆင့် ရေးသားချက် အရ သိရသည်။

Photo – MRTV
ယဉ်ကေနွယ်
#TheFifthWave

( Zawgyi )

ဦးေခါင္း ၂ လံုးပါသည့္ ကေလးငယ္ကို အသက္ရွင္လ်က္ေမြးဖြား

ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ရွိ တပ္ကုန္းၿမိဳ႕နယ္ ခုတင္ ၁၀၀ ျပည္သူ႔ေဆးရံုတြင္ ဦးေခါင္း ၂ လံုးပါသည့္ ကေလးငယ္(ေယာက်ၤားေလး) ကို စက္တင္ဘာလ ၁၆ ရက္ေန႔ ည ၈ နာရီ အခ်ိန္ခန္႔က အသက္ရွင္လ်က္ေမြးဖြားခဲ့ေၾကာင္း သိရသည္။

တပ္ကုန္းၿမိဳ႕နယ္ ေရြးစုေက်းရြာတြင္ ေနထိုင္သည့္ ဦးသိန္းထိုက္၏ ဇနီး မေအးစႏၵာျမင့္ ( ၂၉) ႏွစ္မွ ေမြးဖြားခဲ့ၿပီး ျမိဳ႕နယ္ဆရာ၀န္ႀကီးႏွင့္ အဖြဲ႔မွ အေရးေပၚ ခြဲစိတ္ေမြးဖြားေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္း ကေလးငယ္အား လက္ရွိတြင္ ခုတင္ ၁၀၀ ျပည္သူ႔ေဆးရံုမွ ကေလးအထူးကု ဆရာ၀န္မ်ားမွ လိုအပ္သည္မ်ားကို လုပ္ေဆာင္ေပးၿပီး ေနျပည္ေတာ္ ကုတင္ ၅၀၀ အထူးကုေဆးရံုသိ႔ု လႊဲေျပာင္းေပးပို႔ခဲ့ေၾကာင္း ျမန္မာအသံႏွင့္ရုပ္ျမင္သံၾကား လူမႈကြန္ယက္စာမ်က္နွာ မွ တဆင့္ ေရးသားခ်က္ အရ သိရသည္။

Photo – MRTV
ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply