တာခ်ီလိတ္-မယ္ဆိုင္နယ္စပ္တြင္ ကုန္တင္ယာဥ္ေျခာက္စီးသာ ဝင္ထြက္ခြင့္ျပဳမည္

0
18

တာချီလိတ်-မယ်ဆိုင်နယ်စပ်တွင် ကုန်တင်ယာဉ်ခြောက်စီးသာ ဝင်ထွက်ခွင့်ပြုမည်

မြန်မာနိုင်ငံဖက်တွင် ယခုသတင်းပတ်အတွင်း COVID -19 ဓါတ်ခွဲလူနာကူးစက်မှု အရေအတွက်များပြားလာမှုကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ တာချီလိတ်- မယ်ဆိုင် နယ်စပ်တွင် နှစ်နိုင်ငံကြားကုန်တင်ယာဉ်ခြောက်စီးသာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ရုံး၏ ထုတ်ပြန်ကြေညာချက်မှ သိရသည်။

တာချီလိတ်-မယ်ဆိုင်နယ်စပ်တွင် အမှတ် ( ၂ ) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ထွက်သွားလာသည့် မြန်မာ ကုန်တင်ယာဉ်များကို စက်တင်ဘာလ (၁၅) ရက်မှစတင်ပြီး ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ကန့်သတ်မှုများကြောင့် နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ရာ နှစ်နိုင်ငံအကြား ကုန်တင်ယာဉ်ခြောက်စီးသာ အပြန်အလှန် ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းကန့်သတ်မှုများကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာလာနိုင်၍ ကုန်စည်များအဝင်နည်းလာနိုင်မည်ဖြစ်သည့်အပြင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ချင်းလိုင်းခရိုင်မှစည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားရှိထားကြောင်း သိရသည်။

ကုန်တင်ယာဉ်မောင်းများကို လွယ်ကူစွာ စိစစ်နိုင်ရန်အတွက် ယာဉ်မောင်းမည့်သူများအား ဝင်ခွင့်ကဒ်များ ထုတ်ပေးထားမည့်အပြင် စည်းကမ်းချက်များချိုးဖောက်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကာထောင်ဒဏ် တစ်နှစ်(သို့)ဒဏ်ငွေ ဘတ်တစ်သိန်းထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

တာခ်ီလိတ္-မယ္ဆိုင္နယ္စပ္တြင္ ကုန္တင္ယာဥ္ေျခာက္စီးသာ ဝင္ထြက္ခြင့္ျပဳမည္

ျမန္မာႏိုင္ငံဖက္တြင္ ယခုသတင္းပတ္အတြင္း COVID -19 ဓါတ္ခြဲလူနာကူးစက္မႈ အေရအတြက္မ်ားျပားလာမႈေၾကာင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕သို႔ တာခ်ီလိတ္- မယ္ဆိုင္ နယ္စပ္တြင္ ႏွစ္ႏိုင္ငံၾကားကုန္တင္ယာဥ္ေျခာက္စီးသာ ဝင္ထြက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္႐ုံး၏ ထုတ္ျပန္ေၾကညာခ်က္မွ သိရသည္။

တာခ်ီလိတ္-မယ္ဆိုင္နယ္စပ္တြင္ အမွတ္ ( ၂ ) ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ဝင္ထြက္သြားလာသည့္ ​ျမန္မာ ကုန္တင္ယာဥ္မ်ားကို စက္တင္ဘာလ (၁၅) ရက္မွစတင္ၿပီး ကန္႔သတ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ အဆိုပါ ကန္႔သတ္မႈမ်ားေၾကာင့္ ႏွစ္ဖက္ညႇိႏႈိင္းေဆြးေႏြးခဲ့ရာ ႏွစ္ႏိုင္ငံအၾကား ကုန္တင္ယာဥ္ေျခာက္စီးသာ အျပန္အလွန္ ဝင္ထြက္သြားလာခြင့္ျပဳမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ယင္းကန္႔သတ္မႈမ်ားေၾကာင့္ ကုန္စည္စီးဆင္းမႈ ေႏွာင့္ေႏွးၾကန္႔ၾကာလာႏိုင္၍ ကုန္စည္မ်ားအဝင္နည္းလာႏိုင္မည္ျဖစ္သည့္အျပင္ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ ခ်င္းလိုင္းခ႐ိုင္မွစည္းကမ္းခ်က္မ်ားကိုလည္း ထုတ္ျပန္ထားရွိထားေၾကာင္း သိရသည္။

ကုန္တင္ယာဥ္ေမာင္းမ်ားကို လြယ္ကူစြာ စိစစ္ႏိုင္ရန္အတြက္ ယာဥ္ေမာင္းမည့္သူမ်ားအား ဝင္ခြင့္ကဒ္မ်ား ထုတ္ေပးထားမည့္အျပင္ စည္းကမ္းခ်က္မ်ားခ်ိဳးေဖာက္ပါက ထိေရာက္စြာအေရးယူသြားမည္ျဖစ္ကာေထာင္ဒဏ္ တစ္ႏွစ္(သို႔)ဒဏ္ေငြ ဘတ္တစ္သိန္းထိ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply