ၿမိဳ႕နယ္ ၁၉ ခုတြင္ ေရျပတ္မည္

0
17

မြို့နယ် ၁၉ ခုတွင် ရေပြတ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၉ မြို့နယ်၌ စက်တင်ဘာလ ၁၈ ရက်တွင် ရေပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ရေရရှိရေး နှင့်ရေးပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့မှ အသိပေးကြေညာထားသည်။

ရန်ကုန်မြို့သို့ ရေပေးဝေလျက်ရှိသော လှော်ကား ရေတွန်းစက်ရုံရှိ ရေတွန်းစက်ရုံကြီးများနှင့် လျှပ်စစ်ဓာတ်အားခွဲရုံတွင် လျှပ်စစ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများနှင့် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းနှင့်ပူးပေါင်း၍ စက်တင်ဘာလ ၁၈ ရက် ၁၁ နာရီမှ ၂ နာရီအထိ လျှပ်စစ်ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်သဖြင့် ရေတွန်းစက်ကြီး များကို ခေတ္တရပ်နားထားရမည် ဖြစ်ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်မည်ဖြစ်သောကြောင့် အဆိုပါ ရေတွန်းစက်ကြီးများမှ ရေပေးဝေလျက်ရှိသော ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ သာကေတ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်းနှင့် လမ်းမတော်မြို့နယ် များတွင် ရေပြတ်တောက်မှုနှင့် ရေအား လျော့နည်း ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်သဖြင့် ရေကြိုတင် စုဆောင်းထားနိုင်ရန် ကြိုတင် အသိပေး ကြေညာထားသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ၿမိဳ႕နယ္ ၁၉ ခုတြင္ ေရျပတ္မည္

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ ၁၉ ၿမိဳ႕နယ္၌ စက္တင္ဘာလ ၁၈ ရက္တြင္ ေရျပတ္ေတာက္မႈမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ေရရရွိေရး ႏွင့္ေရးေပးေဝေရးလုပ္ငန္းတာဝန္ခံအဖြဲ႕မွ အသိေပးေၾကညာထားသည္။

ရန္ကုန္ၿမိဳ႕သို႔ ေရေပးေဝလ်က္ရွိေသာ ေလွာ္ကား ေရတြန္းစက္ရံုရွိ ေရတြန္းစက္ရံုႀကီးမ်ားႏွင့္ လၽွပ္စစ္ဓာတ္အားခြဲရံုတြင္ လၽွပ္စစ္ပိုင္းဆိုင္ရာ စမ္းသပ္စစ္ေဆးမႈမ်ားႏွင့္ ျပဳျပင္ထိန္းသိမ္းမႈ လုပ္ငန္းမ်ားကို ရန္ကုန္လၽွပ္စစ္ဓာတ္အား ေပးေရး ေကာ္ပိုေရးရွင္းႏွင့္ပူးေပါင္း၍ စက္တင္ဘာလ ၁၈ ရက္ ၁၁ နာရီမွ ၂ နာရီအထိ လၽွပ္စစ္ဓာတ္အားပိတ္ ေဆာင္ရြက္မည္ျဖစ္သျဖင့္ ေရတြန္းစက္ႀကီး မ်ားကို ေခတၱရပ္နားထားရမည္ ျဖစ္ေၾကာင္းသိရသည္။

ထိုသို႔ ေဆာင္ရြက္မည္ျဖစ္ေသာေၾကာင့္ အဆိုပါ ေရတြန္းစက္ႀကီးမ်ားမွ ေရေပးေဝလ်က္ရွိေသာ ေရႊျပည္သာ၊ အင္းစိန္၊ မဂၤလာဒံု၊ မရမ္းကုန္း၊ လွိုင္သာယာ၊ လွိုင္၊ ကမာရြတ္၊ ရန္ကင္း၊ ဗဟန္း၊ တာေမြ၊ မဂၤလာေတာင္ညႊန္႔၊ သာေကတ၊ ေဒါပံု၊ ပုဇြန္ေတာင္၊ ဗိုလ္တေထာင္၊ ေက်ာက္တံတား၊ လသာ၊ ပန္းဘဲတန္းႏွင့္ လမ္းမေတာ္ၿမိဳ႕နယ္ မ်ားတြင္ ေရျပတ္ေတာက္မႈႏွင့္ ေရအား ေလ်ာ့နည္း ျပတ္ေတာက္မႈမ်ား ျဖစ္ေပၚႏိုင္သျဖင့္ ေရႀကိဳတင္ စုေဆာင္းထားႏိုင္ရန္ ႀကိဳတင္ အသိေပး ေၾကညာထားသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply