USDPအစိုးရအျဖစ္တာ၀န္ယူရပါကလ်ွပ္စစ္မီတာခမ်ားကိုျပည္သူမ်ား၀န္ထုပ္၀န္ပိုးမျဖစ္ေစရန္ေဆာင္ရြက္ေပးမည္ ဟု ဆို

0
33

USDPအစိုးရအဖြစ်တာဝန်ယူရပါကလျှပ်စစ်မီတာခများကိုပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်ဆောင်ရွက်ပေးမည် ဟု ဆို

USDPအစိုးရအဖြစ်တာဝန်ယူရပါကလျှပ်စစ်မီတာခများကိုပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်ဆောင်ရွက်ပေးမည်ဟု၂၀၂၀ရွေးကောက်ပွဲတွင်လှည်းကူးမဲဆန္ဒနယ်မှဝင်ရောက် အရွေးခံမည့် ၊ ယခင် လျှပ်စစ်ဝန်ကြီး ( ငြိမ်း ) ဖြစ်သူ ဦးခင်မောင်စိုးက The Silent talks၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

“လျှပ်စစ်မီတာခတွေကိုအများပြည်သူတွေဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင်ဆောင်ရွက်ပေးသွားမှာပါ”ဟုဦးခင်မောင်စိုးကပြောသည်။

ဆက်လက်၍ဦးခင်မောင်စိုးက၂၀၁၀-၂၀၁၅တာဝန်ယူရသောအစိုးရလက်ထက်တွင်စီမံကိန်းကြီးများကော်မရှင်အစည်းအဝေးပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံ၏လျှပ်စစ်လိုအပ်ချက်မြင့်မားစွာလိုအပ်နေသောဒေသများလျှပ်စစ်မီးရရှိရေးအဓိကထားဆောင်ရွက်ခဲ့ရကြောင်းပြောကြားသည်။

“ရခိုင်မှာ တစ်ယူနစ်ကို၄၀၀လောက်ပေးသုံးနေရတဲ့အတွက် ရခိုင်ပြည်နယ်ကိုလျှပ်စစ်ရအောင်လုပ်ပေးဖို့အစိုးရကဆုံးဖြတ်ခဲ့တယ်ဗျ၊ရခိုင်ပြည်နယ်လျှပ်စစ်မီးရအောင်စီမံကိန်းကို၂၀၁၂နိုဝင်ဘာမှာစတင်ခဲ့ပြီး၂၀၁၄ဒီဇင်ဘာမှာဓာတ်အားလိုင်းတွေအပြီးဆွဲခဲ့ပါတယ်။ပြည်ကနေရခိုင်တစ်ခုလုံးကို230KVဓာတ်အားလိုင်းမိုင်ပေါင်း၃၇၆မိုင်နဲ့66KVဓာတ်အားလိုင်းကိုမိုင်ပေါင်း၃၆၃မိုင်ဆွဲပေးခဲ့တယ်။နောက်ပြီးဓာတ်အားခွဲရုံတွေတည်ဆောက်ပေးခဲ့တယ်။နောက်ချင်း၊ကယား၊ကချင်၊ရှမ်းတွေကိုအလားတူပဲဗျ၊စစ်ကိုင်းအနောက်ခြမ်းဒေသဆိုရင်အရင်ကတစ်ည၃နာရီပဲမီးရတာခု၂၄နာရီရအောင်ဆောင်ရွက်ပေးခဲ့ပါတယ်”ဟုဦးခင်မောင်စိုးကပြောသည်။

ထိုအပြင်ယခင်အစိုးရလက်ထက်ကမြန်မာနိုင်ငံအတွက်ပထမဦးဆုံးပင်မကြောရိုး500KVဓာတ်အားလိုင်းကြီးကိုလည်းမိထ္တီလာသပြေဝမှ တောင်ငူသို့ ၁၄၆မိုင်၊တောင်ငူမှ ပဲခူးသို့၁၁၇မိုင်၊ပဲခူးမှရန်ကုန်သို့မိုင်၅၀ထိတည်ဆောက်ပေးခဲ့ကြောင်းသိရသည်။

HM
#TheFifthWaveNews

(zawgyi)

USDPအစိုးရအျဖစ္တာ၀န္ယူရပါကလ်ွပ္စစ္မီတာခမ်ားကိုျပည္သူမ်ား၀န္ထုပ္၀န္ပိုးမျဖစ္ေစရန္ေဆာင္ရြက္ေပးမည္ ဟု ဆို

USDPအစိုးရအျဖစ္တာ၀န္ယူရပါကလ်ွပ္စစ္မီတာခမ်ားကိုျပည္သူမ်ား၀န္ထုပ္၀န္ပိုးမျဖစ္ေစရန္ေဆာင္ရြက္ေပးမည္ဟု၂၀၂၀ေရြးေကာက္ပြဲတြင္လွည္းကူးမဲဆႏၵနယ္မွ၀င္ေရာက္ အေရြးခံမည္႔ ၊ ယခင္ လွ်ပ္စစ္၀န္ႀကီး ( ၿငိမ္း ) ျဖစ္သူ ဦးခင္ေမာင္စိုးက The Silent talks၏ ေမးျမန္းမႈကို ျပန္လည္ ေျဖၾကားသည္။

“လ်ွပ္စစ္မီတာခေတြကိုအမ်ားျပည္သူေတြ၀န္ထုပ္၀န္ပိုးမျဖစ္ရေအာင္ေဆာင္ရြက္ေပးသြားမွာပါ”ဟုဦးခင္ေမာင္စိုးကေျပာသည္။

ဆက္လက္၍ဦးခင္ေမာင္စိုးက၂၀၁၀-၂၀၁၅တာဝန္ယူရေသာအစိုးရလက္ထက္တြင္စီမံကိန္းႀကီးမ်ားေကာ္မရွင္အစည္းအေဝးျပဳလုပ္ခ့ဲၿပီးျမန္မာႏိုင္ငံ၏လၽွပ္စစ္လိုအပ္ခ်က္ျမင့္မားစြာလိုအပ္ေနေသာေဒသမ်ားလွ်ပ္စစ္မီးရရွိေရးအဓိကထားေဆာင္ရြက္ခ့ဲရေၾကာင္းေျပာၾကားသည္။

“ရခိုင္မွာ တစ္ယူနစ္ကို၄၀၀ေလာက္ေပးသံုးေနရတ့ဲအတြက္ ရခိုင္ျပည္နယ္ကိုလၽွပ္စစ္ရေအာင္လုပ္ေပးဖို႔အစိုးရကဆံုးျဖတ္ခ့ဲတယ္ဗ်၊ရခိုင္ျပည္နယ္လၽွပ္စစ္မီးရေအာင္စီမံကိန္းကို၂၀၁၂ႏိုဝင္ဘာမွာစတင္ခ့ဲၿပီး၂၀၁၄ဒီဇင္ဘာမွာဓာတ္အားလိုင္းေတြအၿပီးဆြဲခ့ဲပါတယ္။ျပည္ကေနရခိုင္တစ္ခုလံုးကို230KVဓာတ္အားလိုင္းမိုင္ေပါင္း၃၇၆မိုင္နဲ႔66KVဓာတ္အားလိုင္းကိုမိုင္ေပါင္း၃၆၃မိုင္ဆြဲေပးခ့ဲတယ္။ေနာက္ၿပီးဓာတ္အားခြဲရံုေတြတည္ေဆာက္ေပးခ့ဲတယ္။ေနာက္ခ်င္း၊ကယား၊ကခ်င္၊ရွမ္းေတြကိုအလားတူပဲဗ်၊စစ္ကိုင္းအေနာက္ျခမ္းေဒသဆိုရင္အရင္ကတစ္ည၃နာရီပဲမီးရတာခု၂၄နာရီရေအာင္ေဆာင္ရြက္ေပးခ့ဲပါတယ္”ဟုဦးခင္ေမာင္စိုးကေျပာသည္။

ထိုအျပင္ယခင္အစိုးရလက္ထက္ကျမန္မာႏိုင္ငံအတြက္ပထမဦးဆံုးပင္မေၾကာရိုး500KVဓာတ္အားလိုင္းႀကီးကိုလည္းမိထီၱလာသေျပဝမွ ေတာင္ငူသို႔ ၁၄၆မိုင္၊ေတာင္ငူမွ ပဲခူးသို႔၁၁၇မိုင္၊ပဲခူးမွရန္ကုန္သို႔မိုင္၅၀ထိတည္ေဆာက္ေပးခ့ဲေၾကာင္းသိရသည္။

HM
#TheFifthWaveNews

Leave a Reply