မႏၱေလးတြင္ Quaratine စင္တာ ေနရာအခက္အခဲရွိပါကအလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ကူညီေပးနိဳင္ရန္ စီစဥ္ထား

0
21

မန္တလေးတွင် Quaratine စင်တာ နေရာအခက်အခဲရှိပါကအလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ကူညီပေးနိုင်ရန် စီစဉ်ထား

မန္တလေးမြို့တွင် COVID -19 သံသယရှိလူနာများကိုထားရန် နေရာအခက်အခဲရှိလာပါက ကူညီပေးနိုင်ရန် စီစဉ်နေကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သိရသည် ။

လက်ရှိအချိန်တွင် မန္တလေးဘူတာကြီးရှေ့ရှိ အမှတ် -၂ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းကို အဆင်သင့်ပြင်ဆင်ထားပြီ အရပ်ဘက်အဖွဲ့အစည်းက အကူအညီတောင်းခံလာပါက လွှဲပေးမည်ဖြစ်ကြောင်းသိရသည် ။

” မန္တလေးမှာက ခုကိုဗစ်ဒုတိယလှိုင်းဖြစ်နေတယ်ဆိုတော့ သံသယာလူနာကလဲ တစ်ဖြေးဖြေးများခာတယ် ။ အဲ့တာကြောင့် ကျွန်တော်တို့ဘက်က ကွာရတင်းစင်တာ နေရာအခက်အခဲဖြစ်နေတဲ့သူတွေကို နေရာပေးဖို့အတွက် အခုလို လုပ်တာပါ ” ဟု ဗိုလ်မှူးစိုးကြည်ခင်ကပြောသည် ။

အမှတ် ၂ စစ်ကြောရေးနှင့်တည်း ခိုရေးစခန်းသည် လူဦးရေ ၆၀ နီးပါးထားရှိနိုင်ရ ပြီးခဲ့သည့်လများ အတွင်းကလည်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆေးဖျန်းခြင်း၊ ကိုဗစ်ကာကွယ်ရေး ဆေးရုံသုံးပစ္စည်းများကို ဆေးရုံများ၊ သံသယ လူနာစောင့်ကြည့်နေရာများကို လှူဒါန်းခြင်း၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများကို ဆွမ်းဆန်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည် ။

လက်ရှိ မန္တလေးတွင် COVID-19 အတည်ပြုလူနာ ၆၀ ကျော်ရှိပြီး မန္တလေးတိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ၁၃၀ ကျော်ရှိသည် ။

မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ ၄၂၉၉ ဦး ရှိပြီး သေဆုံးသူ ၆၁ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

နေသူရိန်လင်း
#TheFifthWave

(zawgyi)

မႏၱေလးတြင္ Quaratine စင္တာ ေနရာအခက္အခဲရွိပါကအလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ကူညီေပးနိဳင္ရန္ စီစဥ္ထား

မႏၲေလးၿမိဳ့တြင္ COVID -19 သံသယရွိလူနာမ်ားကိုထားရန္ ေနရာအခက္အခဲရွိလာပါက ကူညီေပးနိုင္ရန္ စီစဥ္ေနေၾကာင္း အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ သိရသည္ ။

လက္ရွိအခ်ိန္တြင္ မႏၲေလးဘူတာႀကီးေရွ႕ရွိ အမွတ္ -၂ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းကို အဆင္သင့္ျပင္ဆင္ထားၿပီ အရပ္ဘက္အဖြဲ႕အစည္းက အကူအညီေတာင္းခံလာပါက လႊဲေပးမည္ျဖစ္ေၾကာင္းသိရသည္ ။

” မႏၱေလးမွာက ခုကိုဗစ္ဒုတိယလွိဳင္းျဖစ္ေနတယ္ဆိုေတာ့ သံသယာလူနာကလဲ တစ္ေျဖးေျဖးမ်ားခာတယ္ ။ အဲ႔တာေၾကာင့္ က်ြန္ေတာ္တို႔ဘက္က ကြာရတင္းစင္တာ ေနရာအခက္အခဲျဖစ္ေနတဲ႔သူေတြကို ေနရာေပးဖို႔အတြက္ အခုလို လုပ္တာပါ ” ဟု ဗိုလ္မွဴးစိုးၾကည္ခင္ကေျပာသည္ ။

အမွတ္ ၂ စစ္ေၾကာေရးႏွင့္တည္း ခိုေရးစခန္းသည္ လူဦးေရ ၆၀ နီးပါးထားရွိနိုင္ရ ၿပီးခဲ့သည့္လမ်ား အတြင္းကလည္း အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ေနရာမ်ားတြင္ ေဆးဖ်န္းျခင္း၊ ကိုဗစ္ကာကြယ္ေရး ေဆး႐ုံသုံးပစၥည္းမ်ားကို ေဆး႐ုံမ်ား၊ သံသယ လူနာေစာင့္ၾကည့္ေနရာမ်ားကို လွဴဒါန္းျခင္း၊ ဘုန္းႀကီးေက်ာင္းမ်ား၊ သီလရွင္ေက်ာင္းမ်ားကို ဆြမ္းဆန္လွဴဒါန္းျခင္းမ်ား ျပဳလုပ္ခဲ့သည္ ။

လက္ရွိ မႏၱေလးတြင္ COVID-19 အတည္ျပဳလူနာ ၆၀ ေက်ာ္ရွိျပီး မႏၱေလးတိုင္းတြင္ ကိုဗစ္အတည္ျပဳလူနာ ၁၃၀ ေက်ာ္ရွိသည္ ။

ျမန္မာနုိင္ငံတြင္ COVID-19 ဓါတ္ခြဲ အတည္ျပဳ လူနာ ၄၂၉၉ ဦး ရွိျပီး ေသဆုံးသူ ၆၁ ဦး ရွိခဲ႔ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာန စက္တင္ဘာလ ၁၈ ရက္ နံနက္ပိုင္း သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။

ေနသူရိန္လင္း
#TheFifthWave

Leave a Reply