NLD ရပ္ေက်းဥကၠဌ မဲဆြယ္စည္းရံုးေရးလုပ္ၿပီးေနာက္ သမီးႏွင့္သမက္ COVID ကူးစက္သျဖင့္ ေဒသခံမ်ားစိုးရိမ္

0
169

NLD ရပ်ကျေးဥက္ကဌ မဲဆွယ်စည်းရုံးရေးလုပ်ပြီးနောက် သမီးနှင့်သမက် COVID ကူးစက်သဖြင့် ဒေသခံများစိုးရိမ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက် မန္တလေးလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဋ္ဌ၏ သမီးနှင့် သားမက်တွင် COVID ကူးစက်ခံရပြီး ၊ ကူးစက်မခံရခင် တစ်ပတ်အတွင်း မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်ခဲ့မှုများရှိသဖြင့် ဒေသခံများကစိုးရိမ်နေသည်ဟု လှိုင်သာယာမြို့နယ် PPP လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်ဦးကပြောသည်။

အဆိုပါ ရပ်ကျေးဥက္ကဋ္ဌ၏သမီးနှင့်သားမက်တို့သည် စက်တင်ဘာ ၁၆ရက်က ကူးစက်ခံခဲ့ရပြီး ရပ်ကျေးဥက္ကဋ္ဌက စက်တင်ဘာ ၈ ရက် နှင့် ၉ ရက် တို့တွင် ပါတီအလံလွှင့်ထူခြင်းများ Mask Camping ပြုလုပ်ခြင်းများအပြင် မဲဆွယ်စည်းရုံးမှုများပါပြုလုပ်ခဲ့သဖြင့် ဒေသခံများကစိုးရိမ်နေခြင်းဖြစ်ကြောင်း သိရသည်။

“၁၄ရပ်ကွက် မန္တလေးလမ်း လူနာ၂ယောက်ဆိုတာ ၊ ၁၄ရပ်ကွက်ရဲ့မန္တလေးလမ်းပေါ်မှာရှိတဲ့ NLD ပါတီ ရပ်ကွက် ဥက္ကဌဗျ။ အဲဒါကို လုံးဝဖုံးထားပြီးတော့ ဘယ်နားမှာလဲဆိုတာ သွားမေးရင်စုံစမ်းဆဲလို့ပဲပြောတယ်”ဟု ကိုသိန်းဇော်ဦးကပြောသည်။

လက်ရှိတွင် အဆိုပါကူးစက်ခံထားရသည့်နေအိမ်ကို Lock Down ချထားပြီးကူးစက်ခံရသူများကို ဖောင်ကြီးသို့ပို့ဆောင်ထားပြီဟု လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောသည်။

“အခုအဲဒီရုံးမှာ Lock Down ချထားတယ်။ အဝါရောင်ကြိုးနဲ့ တားထားတယ်။ လုံခြုံရေးတွေ ဘာတွေချမထားဘူး။ အဲဒီအိမ်ကလူ ညနေက ဖုန်းထွက်သုံးနေတာတွေ့ရတယ်။ကျွန်တော်တို့က ပါတီချင်းတိုက်ခိုက်တာမဟုတ်ဘူး။ ကပ်ရောဂါဖြစ်တဲအတွက် ထိန်ချန်လိုက်မယ်ဆိုရင် အခြားသူတွေပါ ကူးမှာစိုးလို့ပါ ။ ဥပမာ သူတို့က ဒီလ ၈ရက် ၉ရက်မှာ ဆိုင်းဘုတ်တွေ ထောင်ကြတယ်။ Camping လုပ်တယ် ၊ Maskတွေဝေတယ်။ စည်းရုံးရေးလုပ်တဲ့အတွက်ကြောင့် သူတို့ဆီက တဆင့် လူတွေဆီမပြန့်နိုင်ဘူးလား။ အဲဒါကြောင့်လုံးဝဖျောက်ထားတယ် ။ ကျွန်တော်တို့ရပ်ကွက်ထဲမှာလည်း ပိုးတွေ့လူနာတွေရှိပါတယ်။ တွေ့တဲ့အိမ်တိုင်းကို အပြင်ကသော့ခတ်ပြီးတော့ အပြင်ကနေပြီးတော့ မီးသတ်တို့က စေတနာ့ဝန်ထမ်းတွေစောင့်နေကြတယ်။ဒါပေမယ့် အဲဒီရုံးကြတော့ လုံးဝအစောင့်မရှိဘူး”ဟု ဦးသိန်းဇော်ဦးက ပြောသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ရပ်ကျေးဥက္ကဋ္ဌကို ကူးခြင်း မဟုတ်ပဲ သူ့သမီးနှင့် သားမက်ကိုကူးခြင်းဖြစ်ကြောင်း ၊ ကူးသည့်သူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားကာ ၎င်းတို့နှင့် ထိစပ်ခဲ့သူများကို ရှာရန်နှင့် အနံ့မရသူများကို ထားရှိရန် နေရာများ စီစဉ်ထားကြောင်း ၊ အများထင်သလို ဖုံးကွယ်ထားခြင်း မဟုတ်ကြောင်း ပြောခဲ့သည် ။

ဇော်ထွန်း
#TheFifthWaveNews

(zawgyi)

NLD ရပ္ေက်းဥကၠဌ မဲဆြယ္စည္းရံုးေရးလုပ္ၿပီးေနာက္ သမီးႏွင့္သမက္ COVID ကူးစက္သျဖင့္ ေဒသခံမ်ားစိုးရိမ္

ရန္ကုန္္တိုင္းေဒသၾကီး လိႈင္သာယာျမိဳ႕နယ္ (၁၄)ရပ္ကြက္ မႏၱေလးလမ္းရွိ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ရပ္ေက်းဥကၠ႒၏ သမီးႏွင့္ သားမက္တြင္ COVID ကူးစက္ခံရျပီး ၊ ကူးစက္မခံရခင္ တစ္ပတ္အတြင္း မဲဆြယ္စည္းရံုးျခင္းမ်ား လုပ္ေဆာင္ခဲ့မႈမ်ားရွိသျဖင့္ ေဒသခံမ်ားကစိုးရိမ္ေနသည္ဟု လိႈင္သာယာျမိဳ႕နယ္ PPP လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးသိန္းေဇာ္ဦးကေျပာသည္။

အဆိုပါ ရပ္ေက်းဥကၠ႒၏သမီးႏွင့္သားမက္တို႕သည္ စက္တင္ဘာ ၁၆ရက္က ကူးစက္ခံခဲ့ရျပီး ရပ္ေက်းဥကၠ႒က စက္တင္ဘာ ၈ ရက္ ႏွင္႔ ၉ ရက္ တို႔တြင္ ပါတီအလံလႊင့္ထူျခင္းမ်ား Mask Camping ျပဳလုပ္ျခင္းမ်ားအျပင္ မဲဆြယ္စည္းရံုးမႈမ်ားပါျပဳလုပ္ခဲ့သျဖင့္ ေဒသခံမ်ားကစိုးရိမ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“၁၄ရပ္ကြက္ မႏၱေလးလမ္း လူနာ၂ေယာက္ဆိုတာ ၊ ၁၄ရပ္ကြက္ရဲ႕မႏၱေလးလမ္းေပၚမွာရွိတဲ့ NLD ပါတီ ရပ္ကြက္ ဥကၠဌဗ်။ အဲဒါကို လံုးဝဖံုးထားျပီးေတာ့ ဘယ္နားမွာလဲဆုိတာ သြားေမးရင္စံုစမ္းဆဲလို႕ပဲေျပာတယ္”ဟု ကိုသိန္းေဇာ္ဦးကေျပာသည္။

လက္ရွိတြင္ အဆိုပါကူးစက္ခံထားရသည့္ေနအိမ္ကို Lock Down ခ်ထားျပီးကူးစက္ခံရသူမ်ားကို ေဖာင္ၾကီးသို႕ပို႕ေဆာင္ထားျပီဟု လိႈင္သာယာျမိဳ႕နယ္ တိုင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူကေျပာသည္။

“အခုအဲဒီရံုးမွာ Lock Down ခ်ထားတယ္။ အဝါေရာင္ၾကိဳးနဲ႕ တားထားတယ္။ လံုျခံဳေရးေတြ ဘာေတြခ်မထားဘူး။ အဲဒီအိမ္ကလူ ညေနက ဖုန္းထြက္သံုးေနတာေတြ႕ရတယ္။ကြ်န္ေတာ္တို႕က ပါတီခ်င္းတိုက္္ခိုက္တာမဟုတ္ဘူး။ ကပ္ေရာဂါျဖစ္တဲအတြက္ ထိန္ခ်န္လိုက္မယ္ဆိုရင္ အျခားသူေတြပါ ကူးမွာစိုးလို႔ပါ ။ ဥပမာ သူတို႕က ဒီလ ၈ရက္ ၉ရက္မွာ ဆိုင္းဘုတ္ေတြ ေထာင္ၾကတယ္။ Camping လုပ္တယ္ ၊ Maskေတြေဝတယ္။ စည္းရံုးေရးလုပ္တဲ့အတြက္ေၾကာင့္ သူတို႕ဆီက တဆင္႔ လူေတြဆီမျပန္႕ႏိုင္ဘူးလား။ အဲဒါေၾကာင့္လံုးဝေဖ်ာက္ထားတယ္ ။ ကြ်န္ေတာ္တို႕ရပ္ကြက္ထဲမွာလည္း ပိုးေတြ႕လူနာေတြရွိပါတယ္။ ေတြ႕တဲ့အိမ္တိုင္းကို အျပင္ကေသာ့ခတ္ျပီးေတာ့ အျပင္ကေနျပီးေတာ့ မီးသတ္တို႕က ေစတနာ့ဝန္ထမ္းေတြေစာင့္ေနၾကတယ္။ဒါေပမယ့္ အဲဒီရံုးၾကေတာ့ လံုးဝအေစာင့္မရွိဘူး”ဟု ဦးသိန္းေဇာ္ဦးက ေျပာသည္။

ထိုအေျခအေနမ်ားႏွင့္ပတ္သက္ျပီး လိႈင္သာယာျမိဳ႕နယ္ တိုင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူက ရပ္ေက်းဥကၠ႒ကို ကူးျခင္း မဟုတ္ပဲ သူ႕သမီးႏွင္႔ သားမက္ကိုကူးျခင္းျဖစ္ေၾကာင္း ၊ ကူးသည္႔သူမ်ားကိုလည္း က်န္းမာေရးဝန္ၾကီးဌာန ၏ လမ္းညႊန္ခ်က္ႏွင္႔အညီ ေဆာင္ရြက္ထားကာ ၄င္းတို႔ႏွင္႔ ထိစပ္ခဲ့သူမ်ားကို ရွာရန္ႏွင္႔ အနံ႕မရသူမ်ားကို ထားရွိရန္ ေနရာမ်ား စီစဥ္ထားေၾကာင္း ၊ အမ်ားထင္သလို ဖုံးကြယ္ထားျခင္း မဟုတ္ေၾကာင္း ေျပာခဲ႔သည္ ။

ေဇာ္ထြန္း
#TheFifthWaveNews

Leave a Reply