အမရပူရ ဗားကရာေက်ာင္းတိုက္တြင္ သံဃာတစ္ပါးထံမွ ပိုးေတြ႔ရွိသျဖင့္ ေက်ာင္းကို Lockdownခ်

0
21

အမရပူရ ဗားကရာကျောင်းတိုက်တွင် သံဃာတစ်ပါးထံမှ ပိုးတွေ့ရှိသဖြင့် ကျောင်းကို Lockdownချ

မန္တလေးအမရပူရမြို့နယ်ရှိ ဗားကရာကျောင်းတိုက် တွင် စာသင်သံဃာတစ်ပါးထံမှ စက်တင်ဘာ(၈)ရက် နံနက်ပိုင်းက COVID ပိုးတွေ့ရှိသဖြင့် ကျောင်းကိုLockdown ချထားကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် အဆိုပါ ပိုးတွေ့ သံဃာတော်နေထိုင်ရာ မဟာဝရဇိန်မစိုးရိမ်ကျောင်းရှိ သံဃာ (၆၂) ပါး နှင့် ကပ္ပိယ (၁၁) ဦးကို Quaratine Center သို့ မပို့ဆောင်ဘဲ အဆိုပါ ကျောင်းတိုက်အတွင်း အသွားအလာ ကန့်သတ်ထားကြောင်း သိရသည် ။

” ပြီးခဲ့တဲ့နှစ်ရက်လောက်က အနံ့မရတာကြောင့် မြို့နယ်ဆေးရုံကိုပို့လိုက်တယ် ။ ဒီမနက်မှအဖြေသိရတာ။ သိသိချင်းပဲ ဒီကျောင်းတိုက်ထဲက ဆရာတော်(၆၂)ပါးနဲ့ ကပ္ပိယ(၁၁)ဦးရှိတယ်။ အဲဒီတော့ မနက်ကစပြီး ကျောင်းကိုLock Downချလိုက်တယ်။ ကျောင်းကိုဆေးဖျန်းတယ်။ ဆရာတော်တွေဆွမ်းအတွက်ကိုတော့ မြို့နယ်စီခန့်ကနေပြီး အခြေခံစားကုန်တွေလှူဒါန်းပေးထားတယ် ” ဟု အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းက ပြောသည်။

ရောဂါပိုးတွေ့ရှိသော စာသင်သားသံဃာတော်သည် ဆွမ်းခံထွက်လေ့ရှိသော်လည်း မဖြစ်ပွားမီ တစ်ပတ်အကြာ ဆွမ်းခံထွက်ခြင်းမရှိခဲ့ဘဲ စာသင်သားသံဃာတော်နှင့်သွားခဲ့သည့် သုံးဘီး ဆိုင်ကယ်တက္ကဆီသမားကို ပြင်ဦးလွင်မြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်ကြီး)သို့ ပို့ဆောင် ထားသည်။

လက်ရှိ မန္တလေးတွင် COVID-19 အတည်ပြုလူနာ ၆၀ ကျော်ရှိပြီး မန္တလေးတိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ၁၃၀ ကျော်ရှိသည် ။

မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ ၄၂၉၉ ဦး ရှိပြီး သေဆုံးသူ ၆၁ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

နေသူရိန်လင်း
#TheFifthWave

(zawgyi)

အမရပူရ ဗားကရာေက်ာင္းတိုက္တြင္ သံဃာတစ္ပါးထံမွ ပိုးေတြ႔ရွိသျဖင့္ ေက်ာင္းကို Lockdownခ်

မႏၱေလးအမရပူရၿမိဳ႕နယ္ရွိ ဗားကရာေက်ာင္းတိုက္ တြင္ စာသင္သံဃာတစ္ပါးထံမွ စက္တင္ဘာ(၈)ရက္ နံနက္ပိုင္းက COVID ပိုးေတြ႕ရွိသျဖင့္ ေက်ာင္းကိုLockdown ခ်ထားေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔ထံမွ သိရသည္။

လက္ရွိတြင္ အဆိုပါ ပိုးေတြ႕ သံဃာေတာ္ေနထိုင္ရာ မဟာဝရဇိန္မစိုးရိမ္ေက်ာင္းရွိ သံဃာ (၆၂) ပါး ႏွင့္ ကပၸိယ (၁၁) ဦးကို Quaratine Center သို့ မပို့ေဆာင္ဘဲ အဆိုပါ ေက်ာင္းတိုက္အတြင္း အသြားအလာ ကန႔္သတ္ထားေၾကာင္း သိရသည္ ။

” ၿပီးခဲ့တဲ့ႏွစ္ရက္ေလာက္က အနံ႔မရတာေၾကာင့္ ၿမိဳ႔နယ္ေဆးရံုကိုပို႔လိုက္တယ္ ။ ဒီမနက္မွအေျဖသိရတာ။ သိသိခ်င္းပဲ ဒီေက်ာင္းတိုက္ထဲက ဆရာေတာ္(၆၂)ပါးနဲ႔ ကပၸိယ(၁၁)ဦးရွိတယ္။ အဲဒီေတာ့ မနက္ကစၿပီး ေက်ာင္းကိုLock Downခ်လိုက္တယ္။ ေက်ာင္းကိုေဆးဖ်န္းတယ္။ ဆရာေတာ္ေတြဆြမ္းအတြက္ကိုေတာ့ ၿမိဳ႕နယ္စီခန္႔ကေနၿပီး အေျခခံစားကုန္ေတြလွဴဒါန္းေပးထားတယ္ ” ဟု အမရပူရၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဖသက္ထြန္းက ေျပာသည္။

ေရာဂါပိုးေတြ႔ရွိေသာ စာသင္သားသံဃာေတာ္သည္ ဆြမ္းခံထြက္ေလ့ရွိေသာ္လည္း မျဖစ္ပြားမီ တစ္ပတ္အၾကာ ဆြမ္းခံထြက္ျခင္းမရွိခဲ့ဘဲ စာသင္သားသံဃာေတာ္ႏွင့္သြားခဲ့သည့္ သံုးဘီး ဆိုင္ကယ္တကၠဆီသမားကို ျပင္ဦးလြင္ၿမိဳ႕နယ္ရွိ ဗဟိုဝန္ထမ္းတကၠသိုလ္(ဇီးပင္ႀကီး)သို႔ ပို႔ေဆာင္ ထားသည္။

လက္ရွိ မႏၱေလးတြင္ COVID-19 အတည္ျပဳလူနာ ၆၀ ေက်ာ္ရွိျပီး မႏၱေလးတိုင္းတြင္ ကိုဗစ္အတည္ျပဳလူနာ ၁၃၀ ေက်ာ္ရွိသည္ ။

ျမန္မာနုိင္ငံတြင္ COVID-19 ဓါတ္ခြဲ အတည္ျပဳ လူနာ ၄၂၉၉ ဦး ရွိျပီး ေသဆုံးသူ ၆၁ ဦး ရွိခဲ႔ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာန စက္တင္ဘာလ ၁၈ ရက္ နံနက္ပိုင္း သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။

ေနသူရိန္လင္း
#TheFifthWave

Leave a Reply