ေနျပည္ေတာ္တြင္ COVID-19 အတည္ျပဳလူနာ ၆၅ ဦး ထိ႐ွိ

0
21

နေပြည်တော်တွင် COVID-19 အတည်ပြုလူနာ ၆၅ ဦး ထိရှိ

နေပြည်တော်ကောင်စီ နယ်မြေတွင် စက်တင်ဘာလ ၁၈ရက်နေ့ အထိ COVID-19 အတည်ပြုလူနာ ၆၅ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ကောင်စီနယ်မြေ ရှိမြို့နယ် ၈ မြို့နယ် လုံးတွင် positive လူနာများတွေ့ရှိရမှု တွင် ဇမ္ဗူသီရိမြို့နယ်တွင် ၄၀ ဦးဖြင့် အများဆုံးတွေ့ရှိရပြီး ဒက္ခိဏသီရိမြို့နယ် တွင်၈ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၆ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၄ ဦး၊ ပျဉ်းမနား မြို့နယ်တွင် ၄ ဦး နှင့် ဇေယျာသီရိမြို့နယ်၊ လယ်ဝေး မြို့နယ် နှင့် တပ်ကုန်း မြို့နယ်တို့တွင် ၁ ဦးစီတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

COVID ပိုး တွေ့ရှိသည့် လူနာများကို စောင့်ကြည့်လူနာများ၊အသွားအလာကန့်သတ်ထား သူများနှင့် ကျန်းမာရေးစစ်ဆေးရာတွင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၊ ပိုးတွေ့ရှိသည့် လူနာများ ၆၅ ဦး ထဲ မှ ၁၁ ဦးမှာ ဆေးရုံမှဆင်းခွင့် ရရှိထားပြီး ကျန် သည့် ၅၄ ဦးသည် ဆေးကု သ လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ဝန်ကြီးဌာန အလိုက် ဝန်ထမ်းများကိုလည်း ရောဂါ ပိုး ရှိ မရှိ ဆေးစစ်မှုများ လုပ်ဆောင်နေလျက်ရှိရာ စစ်ဆေးမှုအရ ယနေ့ အထိ ရောဂါပိုးတွေ့ရှိခြင်း မရှိသေးကြောင်း နှင့် ဝန်ထမ်းများကို နှစ်ပတ်ရုံးတက် နှစ်ပတ် နား၍ ရုံးလုပ်ငန်းများဆောင်ရွက်ရန် ကိုဗစ် ၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားချက်ထုတ်ထား သည်။

နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ ဆေးရုံများတွင် အရေးကြီး လူနာများကို ဦးစားပေးဆောင်ရွက်နေပြီး သာမာန် ဖျားနာ သူများကို အိမ်ပြန်လွှတ်ကာ ၊ ဆေးရုံ တွင်း လူ အဝင် အထွက်ကိုလည်း ကန့်သတ် လျော့ချထားကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWave

(zawgyi)

ေနျပည္ေတာ္တြင္ COVID-19 အတည္ျပဳလူနာ ၆၅ ဦး ထိ႐ွိ

ေနျပည္ေတာ္ေကာင္စီ နယ္ေျမတြင္ စက္တင္ဘာလ ၁၈ရက္ေန ့ အထိ COVID-19 အတည္ျပဳလူနာ ၆၅ဦးအထိ ရွိလာၿပီျဖစ္ေၾကာင္း ေကာင္စီ၏ ထုတ္ျပန္ေၾကညာခ်က္အရ သိရသည္။

ေကာင္စီနယ္ေျမ ရွိၿမိဳ့နယ္ ၈ ျမိဳ့နယ္ လုံးတြင္ positive လူနာမ်ားေတြ႕ရွိရမႈ တြင္ ဇမၺဴသီရိၿမိဳ့နယ္တြင္ ၄၀ ဦးျဖင့္ အမ်ားဆုံးေတြ႕ရွိရၿပီး ဒကၡိဏသီရိၿမိဳ့နယ္ တြင္၈ ဦး၊ ဥတၱရသီရိၿမိဳ့နယ္တြင္ ၆ ဦး၊ ပုဗၺသီရိၿမိဳ့နယ္တြင္ ၄ ဦး၊ ပ်ဥ္းမနား ၿမိဳ ့နယ္တြင္ ၄ ဦး ႏွင့္ ေဇယ်ာသီရိျမိဳ႕နယ္၊ လယ္ေဝး ၿမိဳ႕နယ္ ႏွင္ ့ တပ္ကုန္း ၿမိဳ့နယ္တို႕တြင္ ၁ ဦးစီေတြ႕ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါ႐ွိသည္။

COVID ပိုး ေတြ႕႐ွိသည့္ လူနာမ်ားကို ေစာင့္ၾကည့္လူနာမ်ား၊အသြားအလာကန႔္သတ္ထား သူမ်ားႏွင့္ က်န္းမာေရးစစ္ေဆးရာတြင္ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ၊ ပိုးေတြ႔ရွိသည့္ လူနာမ်ား ၆၅ ဦး ထဲ မွ ၁၁ ဦးမွာ ေဆး႐ုံမွဆင္းခြင္႔ ရ႐ွိထားၿပီး က်န္ သည့္ ၅၄ ဦးသည္ ေဆးကု သ လ်က္ ရွိေၾကာင္း သိရသည္။

လက္႐ွိတြင္ ဝန္ႀကီးဌာန အလိုက္ ဝန္ထမ္းမ်ားကိုလည္း ေရာဂါ ပိုး ႐ွိ မ႐ွိ ေဆးစစ္မႈမ်ား လုပ္ေဆာင္ေနလ်က္႐ွိရာ စစ္ေဆးမႈအရ ယေန႔ အထိ ေရာဂါပိုးေတြ႔႐ွိျခင္း မ႐ွိေသးေၾကာင္း ႏွင္႔ ၀န္ထမ္းမ်ားကို ႏွစ္ပတ္ရံုးတက္ ႏွစ္ပတ္ နား၍ ရံုးလုပ္ငန္းမ်ားေဆာင္ရြက္ရန္ ကိုဗစ္ ၁၉ ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ညႊန္ၾကားခ်က္ထုတ္ထား သည္။

ေနျပည္ေတာ္ ေကာင္စီ နယ္ေျမ အတြင္းရွိ ေဆးရံုမ်ားတြင္ အေရးႀကီး လူနာမ်ားကို ဦးစားေပးေဆာင္ရြက္ေနၿပီး သာမာန္ ဖ်ားနာ သူမ်ားကို အိမ္ျပန္လႊတ္ကာ ၊ ေဆးရံု တြင္း လူ အ၀င္ အထြက္ကိုလည္း ကန္႔သတ္ ေလ်ာ့ခ်ထားေၾကာင္း သိရသည္။

ယဥ္ေကႏြယ္
#TheFifthWave

 

 

Leave a Reply