တပ္မ်က္ႏွာစာရွိ အျခားေသာ ပါတီမ်ားမွ ဆိုင္းဘုတ္မ်ား ေရြ႔သြားေသာ္လည္း NLD ပါတီဆိုင္းဘုတ္မွာ ဆက္လက္စိုက္ထူထားဆဲျဖစ္၍ သက္ဆိုင္ရာသို႔ ထပ္မံ အသိေပး အေၾကာင္းၾကားထားဟု သိရ

0
17

တပ်မျက်နှာစာရှိ အခြားသော ပါတီများမှ ဆိုင်းဘုတ်များ ရွေ့သွားသော်လည်း NLD ပါတီဆိုင်းဘုတ်မှာ ဆက်လက်စိုက်ထူထားဆဲဖြစ်၍ သက်ဆိုင်ရာသို့ ထပ်မံ အသိပေး အကြောင်းကြားထားဟု သိရ

တပ်မျက်နှာစာရှိ အခြားသော ပါတီများမှ ဆိုင်းဘုတ်များ ရွေ့သွားသော်လည်း NLD ပါတီဆိုင်းဘုတ်မှာ ဆက်လက်စိုက်ထူထားဆဲဖြစ်၍ သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်၊ ခရိုင် အဆင့်ဆင့်သို့ တပ်တာဝန်ရှိသူများမှ ထပ်မံအသိပေးအကြောင်းကြားထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်းရှေ့မျက်နှာစာ တပ်ရင်းဂိတ် အုတ်တံတိုင်းနှင့် ပေ ၂၀၀ ခန့်အကွာ ရန်ကုန်-ပြည် ကားလမ်းဘေး ကားမှတ်တိုင်အနီး၌ စက်တင်ဘာ ၁၃ ရက်တွင် NLD ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှ လည်းကောင်း ၊ စက်တင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်းကောင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ပါတီဆိုင်းဘုတ်များ အသီးသီး စိုက်ထူခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းတွင် တပ်မှတာဝန်ရှိသူတို့က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ ဆိုင်းဘုတ်များတပ်မျက်နှာစာမှ လွတ်ကင်းရာနေရာများသို့ ရွှေ့ပြောင်း စိုက်ထူပေးရန် မေတ္တာရပ်ခံခဲ့ရာ စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ ၎င်းတို့၏ပါတီ ဆိုင်းဘုတ်များအား ကားလမ်း၏ တစ်ဖက်ခြမ်းနေရာသို့ ပြောင်းရွှေ့စိုက်ထူခဲ့ပြီး ၊ NLD ပါတီဆိုင်းဘုတ်မှာ မရွေ့ပေးပဲ ဆက်လက်စိုက်ထူထားဆဲဖြစ်နေ၍ သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်၊ ခရိုင် အဆင့်ဆင့်သို့ တပ်တာဝန်ရှိသူများမှ ထပ်မံ အသိပေး အကြောင်းကြားထားကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ZYMH
#TheFifthWave

(zawgyi)

တပ္မ်က္ႏွာစာရွိ အျခားေသာ ပါတီမ်ားမွ ဆိုင္းဘုတ္မ်ား ေရြ႔သြားေသာ္လည္း NLD ပါတီဆိုင္းဘုတ္မွာ ဆက္လက္စိုက္ထူထားဆဲျဖစ္၍ သက္ဆိုင္ရာသို႔ ထပ္မံ အသိေပး အေၾကာင္းၾကားထားဟု သိရ

တပ္မ်က္ႏွာစာရွိ အျခားေသာ ပါတီမ်ားမွ ဆိုင္းဘုတ္မ်ား ေရြ႔သြားေသာ္လည္း NLD ပါတီဆိုင္းဘုတ္မွာ ဆက္လက္စိုက္ထူထားဆဲျဖစ္၍ သက္ဆိုင္ရာ ရပ္ေက်း၊ ၿမိဳ႕နယ္၊ ခ႐ိုင္ အဆင့္ဆင့္သို႔ တပ္တာဝန္ရွိသူမ်ားမွ ထပ္မံအသိေပးအေၾကာင္းၾကားထားေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရး ထုတ္ျပန္ခ်က္အရ သိရွိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္ရွိ နယ္ေျမခံတပ္ရင္းေရွ႕မ်က္ႏွာစာ တပ္ရင္းဂိတ္ အုတ္တံတိုင္းႏွင့္ ေပ ၂၀၀ ခန႔္အကြာ ရန္ကုန္-ျပည္ ကားလမ္းေဘး ကားမွတ္တိုင္အနီး၌ စက္တင္ဘာ ၁၃ ရက္တြင္ NLD ပါတီႏွင့္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီတို႔မွ လည္းေကာင္း ၊ စက္တင္ဘာ ၁၅ ရက္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွလည္းေကာင္း ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး ပါတီဆိုင္းဘုတ္မ်ား အသီးသီး စိုက္ထူခဲ႔ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စက္တင္ဘာ ၁၅ ရက္မြန္းလြဲပိုင္းတြင္ တပ္မွတာဝန္ရွိသူတို႔က ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ထံ ဆိုင္းဘုတ္မ်ားတပ္မ်က္ႏွာစာမွ လြတ္ကင္းရာေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္း စိုက္ထူေပးရန္ ေမတၱာရပ္ခံခဲ့ရာ စက္တင္ဘာ ၁၅ ရက္ႏွင့္ ၁၆ ရက္တြင္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ ပါတီႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီတို႔မွ ၎တို႔၏ပါတီ ဆိုင္းဘုတ္မ်ားအား ကားလမ္း၏ တစ္ဖက္ျခမ္းေနရာသို႔ ေျပာင္းေ႐ႊ႕စိုက္ထူခဲ့ၿပီး ၊ NLD ပါတီဆိုင္းဘုတ္မွာ မေရြ႔ေပးပဲ ဆက္လက္စိုက္ထူထားဆဲျဖစ္ေန၍ သက္ဆိုင္ရာ ရပ္ေက်း၊ ၿမိဳ႕နယ္၊ ခ႐ိုင္ အဆင့္ဆင့္သို႔ တပ္တာဝန္ရွိသူမ်ားမွ ထပ္မံ အသိေပး အေၾကာင္းၾကားထားေၾကာင္း တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ ထုတ္ျပန္ခ်က္အရ သိရသည္။

ZYMH
#TheFifthWave

Leave a Reply