တ႐ုတ္-ျမန္မာ နယ္စပ္တြင္ ကိုဗစ္ေရာဂါ ပိုးေတြ႕ရွိမႈမ်ားပါက ကုန္သြယ္ေရး ရပ္ဆိုင္းမွု ၾကာျမင့္ႏိုင္

0
23

တရုတ်-မြန်မာ နယ်စပ်တွင် ကိုဗစ်ရောဂါ ပိုးတွေ့ရှိမှုများပါက ကုန်သွယ်ရေး ရပ်ဆိုင်းမှု ကြာမြင့်နိုင်

တရုတ်-မြန်မာ နယ်စပ်ဖြစ်သော ရွှေလီနယ်စပ် တွင် ကိုဗစ်ရောဂါ ပိုးတွေ့ရှိမှု များလာပါက ကုန်သွယ်ရေး ရပ်ဆိုင်းမှု ကြာမြင့်နိုင်ကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ပိုးတွေ့လူနာ တွေ့ရှိခဲ့သဖြင့် စက်တင်ဘာလ ၁၄ ရက်မှစ၍ ရွှေလီမြို့အတွင်း ဆေးရုံနှင့် ဈေးဝယ်စင်တာမှ လွဲ၍ ဝင်ထွက် သွားလာခွင့် ကန့်သတ်ထားပြီး Lockdown ပြုလုပ်ထားသည်။

“Lockdown ချပြီး စက်တင်ဘာလ ၁၆ ရက်ကစပြီး တစ်နေ့ကို လူ ၅၀၀၀၀ လောက် သူတို့ ရောဂါ စစ်ပေးနေတယ်။ နောက် ၄ ရက်လောက်ဆိုပြီးပြီ။ သူက လူဦးရေ နှစ်သိန်းကျော်ရှိတယ်။ တကယ်လို့များ ရွှေလီမြို့မှာ ဆေးစစ်ပြီးသွားလို့ ပိုးတွေ့တဲ့လူက အနည်းအကျဉ်းပဲတွေ့မယ် အများကြီး မတွေ့ဘူးဆိုရင်တော့ နောက် ၇ ရက်ဆို ပြန်ဖွင့်ပေးလိမ့်မယ်။ အကောက်ခွန်ရှင်းလင်းရေး ဂိတ်ကိုလည်း ပြန်ဖွင့်ပေးမယ်လို့ ယူဆတယ်၊ တကယ်လို့ ပိုးတွေ့တဲ့လူနာများလို့ ဆက်ပြီး ပိတ်ထားရင်တော့ အကောက်ခွန်ရှင်းလင်းရေး ဂိတ်တွေလည်း ပိတ်အုံးမှာဘဲ၊ ဆက်ပြီးတော့ အကောက်ခွန်ရှင်းလင်းရေးဂိတ် ဆက်ပိတ် ထားရင်တော့ ဒီလိုပဲ စီးပွားရေးက ရပ်ဆိုင်းသွားအုံးမှာဘဲ။ ဘာလို့လည်းဆိုတော့ ဒီဂိတ်တစ်ဂိတ်ကဘဲ ဝင်ရတာကိုး”ဟု မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှ ဒုတိယ ဥက္ကဌ ဦးမင်းသိန်း က ပြောသည်။

ရွှေလီမြို့ကို ရောဂါပိုး စစ်ဆေးပြီးမှသာ ပြန်ဖွင့် ပေးမည်ဖြစ်သဖြင့် သီတင်းပတ် တစ်ပတ်ခန့် ကြာမြင့်မည်ဟု သိရှိရပြီး မူဆယ်နယ်စပ် ဂိတ်တွင်မူ ကုန်ကားများ ပုံမှန်သွားလာခွင့်ပြု ထားကာ ကြယ်ဂေါင်အထိ ဝင်ရောက်သွားလာ နိုင်ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံဘက်မှ စက်တင်ဘာလ (၁၅)ရက်မှစ၍ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားကြောင်း သိရသည်။

ရွှေလီမြို့၌ COVID-19 ကို ထိရောက်စွာ တားဆီးကာကွယ်ရေးအတွက် စက်တင်ဘာလ ၁၄
ရက်နောက်ပိုင်း ထူးခြားကိစ္စမှတစ်ပါး ရွှေလီမြို့အဝင်/ အထွက်အား အချိန် (၇) ရက် ယာယီသတ်မှတ်၍ ဝင်/ ထွက်ခွင့် မပြုရန်နှင့် ရွှေလီမြို့တော်တစ်ခုလုံး Stay at Home လုပ်ဆောင်ကြရန် ကြေညာထားကြောင်း
သိရသည်။

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း တွင် လက်ရှိ ကုန်သွယ်မှု ရပ်ဆိုင်းလိုက်သည့် မူဆယ်-ရွှေလီ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းမှ ယခုဘဏ္ဍာနှစ် အတွင်း ကုန်သွယ်မှု တန်ဖိုး ၄ ဒသမ ၅ ဘီလီယံကျော်ရှိပြီး မြန်မာနိုင်ငံမှ ဆန်စပါး အပါအဝင် လယ်ယာ ထွက်ကုန်များ၊ ဂဏန်း၊ ပုစွန်နှင့် ရေထွက်ကုန်များ ကုန်သွယ်နေခြင်းဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWave

(Zawgyi)

တ႐ုတ္-ျမန္မာ နယ္စပ္တြင္ ကိုဗစ္ေရာဂါ ပိုးေတြ႕ရွိမႈမ်ားပါက ကုန္သြယ္ေရး ရပ္ဆိုင္းမွု ၾကာျမင့္ႏိုင္

တ႐ုတ္-ျမန္မာ နယ္စပ္ျဖစ္ေသာ ေရႊလီနယ္စပ္ တြင္ ကိုဗစ္ေရာဂါ ပိုးေတြ႕ရွိမႈ မ်ားလာပါက ကုန္သြယ္ေရး ရပ္ဆိုင္းမွု ၾကာျမင့္ႏိုင္ေၾကာင္း မူဆယ္ဆန္စပါး ကုန္စည္ဒိုင္မွသိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၂ ရက္က တ႐ုတ္နိုင္ငံ၊ ေရႊလီၿမိဳ႕တြင္ ပိုးေတြ႕လူနာ ေတြ႕ရွိခဲ့သျဖင့္ စက္တင္ဘာလ ၁၄ ရက္မွစ၍ ေရႊလီၿမိဳ႕အတြင္း ေဆး႐ုံႏွင့္ ေဈးဝယ္စင္တာမွ လြဲ၍ ဝင္ထြက္ သြားလာခြင့္ ကန႔္သတ္ထားၿပီး Lockdown ျပဳလုပ္ထားသည္။

“Lockdown ခ်ၿပီး စက္တင္ဘာလ ၁၆ ရက္ကစၿပီး တစ္ေန႔ကို လူ ၅၀၀၀၀ ေလာက္ သူတို႔ ေရာဂါ စစ္ေပးေနတယ္။ ေနာက္ ၄ ရက္ေလာက္ဆိုျပီးၿပီ။ သူက လူဦးေရ ႏွစ္သိန္းေက်ာ္ရွိတယ္။ တကယ္လို႔မ်ား ေရႊလီၿမိဳ႕မွာ ေဆးစစ္ၿပီးသြားလို႔ ပိုးေတြ႕တဲ့လူက အနည္းအက်ဥ္းပဲေတြ႕မယ္ အမ်ားႀကီး မေတြ႕ဘူးဆိုရင္ေတာ့ ေနာက္ ၇ ရက္ဆို ျပန္ဖြင့္ေပးလိမ့္မယ္။ အေကာက္ခြန္ရွင္းလင္းေရး ဂိတ္ကိုလည္း ျပန္ဖြင့္ေပးမယ္လို႔ ယူဆတယ္၊ တကယ္လို႔ ပိုးေတြ႕တဲ့လူနာမ်ားလို႔ ဆက္ၿပီး ပိတ္ထားရင္ေတာ့ အေကာက္ခြန္ရွင္းလင္းေရး ဂိတ္ေတြလည္း ပိတ္အုံးမွာဘဲ၊ ဆက္ၿပီးေတာ့ အေကာက္ခြန္ရွင္းလင္းေရးဂိတ္ ဆက္ပိတ္ ထားရင္ေတာ့ ဒီလိုပဲ စီးပြားေရးက ရပ္ဆိုင္းသြားအုံးမွာဘဲ။ ဘာလို႔လည္းဆိုေတာ့ ဒီဂိတ္တစ္ဂိတ္ကဘဲ ဝင္ရတာကိုး”ဟု မူဆယ္ဆန္စပါး ကုန္စည္ဒိုင္မွ ဒုတိယ ဥကၠဌ ဦးမင္းသိန္း က ေျပာသည္။

ေရႊလီၿမိဳ႕ကို ေရာဂါပိုး စစ္ေဆးၿပီးမွသာ ျပန္ဖြင့္ ေပးမည္​ျဖစ္သျဖင့္ သီတင္းပတ္ တစ္ပတ္ခန႔္ ၾကာျမင့္မည္ဟု သိရွိရၿပီး မူဆယ္နယ္စပ္ ဂိတ္တြင္မူ ကုန္ကားမ်ား ပုံမွန္သြားလာခြင့္ျပဳ ထားကာ ၾကယ္ေဂါင္အထိ ဝင္ေရာက္သြားလာ နိုင္ေၾကာင္း သိရသည္။

ထို႔ုျပင္ တ႐ုတ္နိုင္ငံဘက္မွ စက္တင္ဘာလ (၁၅)ရက္မွစ၍ အေကာက္ခြန္ရွင္းလင္းေရး လုပ္ငန္းမ်ားကို ရက္အကန္႔အသတ္မရွိ ဆိုင္းငံ့ထားေၾကာင္း သိရသည္။

ေရႊလီၿမိဳ႕၌ COVID-19 ကို ထိေရာက္စြာ တားဆီးကာကြယ္ေရးအတြက္ စက္တင္ဘာလ ၁၄
ရက္ေနာက္ပိုင္း ထူးျခားကိစၥမွတစ္ပါး ေရႊလီၿမိဳ႕အဝင္/ အထြက္အား အခ်ိန္ (၇) ရက္ ယာယီသတ္မွတ္၍ ဝင္/ ထြက္ခြင့္ မျပဳရန္ႏွင့္ ေရႊလီၿမိဳ႕ေတာ္တစ္ခုလုံး Stay at Home လုပ္ေဆာင္ၾကရန္ ေၾကညာထားေၾကာင္း
သိရသည္။

ျမန္မာ-တ႐ုတ္ နယ္စပ္ ကုန္သြယ္ေရး လမ္းေၾကာင္း တြင္ လက္ရွိ ကုန္သြယ္မွု ရပ္ဆိုင္းလိုက္သည့္ မူဆယ္-ေရႊလီ နယ္စပ္ကုန္ သြယ္ေရးလမ္းေၾကာင္းမွ ယခုဘ႑ာႏွစ္ အတြင္း ကုန္သြယ္မွု တန္ဖိုး ၄ ဒသမ ၅ ဘီလီယံေက်ာ္ရွိၿပီး ျမန္မာနိုင္ငံမွ ဆန္စပါး အပါအဝင္ လယ္ယာ ထြက္ကုန္မ်ား၊ ဂဏန္း၊ ပုစြန္ႏွင့္ ေရထြက္ကုန္မ်ား ကုန္သြယ္ေနျခင္းျဖစ္သည္။

ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply