အမရပူရၿမိဳ႕နယ္ရွိ သံဃာတစ္ပါးထံမွ ပိုးေတြ႔ရွိသျဖင့္ ေက်ာင္းရွိသံဃာ ၆၂ ပါးအား စစ္ေဆးရာ ပိုးမေတြ႕

0
30

အမရပူရမြို့နယ်ရှိ သံဃာတစ်ပါးထံမှ ပိုးတွေ့ရှိသဖြင့် ကျောင်းရှိသံဃာ ၆၂ ပါးအား စစ်ဆေးရာ ပိုးမတွေ့

မန္တလေးအမရပူရမြို့နယ်ရှိ ဗားကရာကျောင်းတိုက် တွင် စာသင်သံဃာတစ်ပါးထံမှ စက်တင်ဘာ(၁၈)ရက်နံနက်ပိုင်းက COVID ပိုးတွေ့ရှိသဖြင့် ကျောင်း
ရှိ သံဃာ ၆၂ ပါးနှင့် ကပ္ပိယ (၁၁) ဦးကို ပထမအကြိမ် ပိုးရှိမရှိ စစ်ဆေးခဲ့ရာ ပိုးမတွေ့ခဲ့ကြောင်းသိရသည် ။

လက်ရှိတွင် အဆိုပါ ပိုးတွေ့ သံဃာတော်နေထိုင်ရာ မဟာဝရဇိန်မစိုးရိမ်ကျောင်းရှိ သံဃာ (၆၂) ပါး နှင့် ကပ္ပိယ (၁၁) ဦးကို Quaratine Center သို့ မပို့ဆောင်ဘဲ အဆိုပါ ကျောင်းတိုက်အတွင်း အသွားအလာကန့်သတ်ကာ lockdown ချထားသည် ။

” ပထမအကြိမ်စစ်ဆေးရာမှာတော့ Negative ထက်ပါတယ် အကုန်လုံးပေါ့ ၊သံဃာတွေအတွက် ဆွမ်းကွမ်းကတော့ တိုင်းအမျိုးသမီးကော်မတီက ချက်ပို့တာပေါ့ ” ဟု အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းက ပြောသည်။

ရောဂါပိုးတွေ့ရှိသော စာသင်သားသံဃာတော်သည် ဆွမ်းခံထွက်လေ့ရှိသော်လည်း မဖြစ်ပွားမှီတစ်ပတ်အကြာဆွမ်းခံထွက်ခြင်းမရှိခဲ့ဘဲ စာသင်သားသံဃာတော်နှင့်သွားခဲ့သည့် သုံးဘီး ဆိုင်ကယ်တက္ကဆီသမားကို ပြင်ဦးလွင်မြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်ကြီး)သို့ ပို့ဆောင် ထားသည်။

လက်ရှိ မန္တလေးတွင် COVID-19 အတည်ပြုလူနာ ၇၀ ကျော်ရှိပြီး မန္တလေးတိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ၁၄၀ ကျော်ရှိသည် ။

မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ ၄၆၂၁ ဦး ရှိပြီး သေဆုံးသူ ၇၅ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

အမရပူရၿမိဳ႕နယ္ရွိ သံဃာတစ္ပါးထံမွ ပိုးေတြ႔ရွိသျဖင့္ ေက်ာင္းရွိသံဃာ ၆၂ ပါးအား စစ္ေဆးရာ ပိုးမေတြ႕

မႏၱေလးအမရပူရၿမိဳ႕နယ္ရွိ ဗားကရာေက်ာင္းတိုက္ တြင္ စာသင္သံဃာတစ္ပါးထံမွ စက္တင္ဘာ(၁၈)ရက္နံနက္ပိုင္းက COVID ပိုးေတြ႕ရွိသျဖင့္ ေက်ာင္း
ရွိ သံဃာ ၆၂ ပါးႏွင့္ ကပၸိယ (၁၁) ဦးကို ပထမအၾကိမ္ ပိုးရွိမရွိ စစ္ေဆးခဲ႔ရာ ပိုးမေတြ႕ခဲ႔ေၾကာင္းသိရသည္ ။

လက္ရွိတြင္ အဆိုပါ ပိုးေတြ႕ သံဃာေတာ္ေနထိုင္ရာ မဟာဝရဇိန္မစိုးရိမ္ေက်ာင္းရွိ သံဃာ (၆၂) ပါး ႏွင့္ ကပၸိယ (၁၁) ဦးကို Quaratine Center သို့ မပို့ေဆာင္ဘဲ အဆိုပါ ေက်ာင္းတိုက္အတြင္း အသြားအလာကန႔္သတ္ကာ lockdown ခ်ထားသည္ ။

” ပထမအၾကိမ္စစ္ေဆးရာမွာေတာ့ Negative ထက္ပါတယ္ အကုန္လံုးေပါ့ ၊သံဃာေတြအတြက္ ဆြမ္းကြမ္းကေတာ့ တိုင္းအမ်ိဳးသမီးေကာ္မတီက ခ်က္ပို႔တာေပါ့ ” ဟု အမရပူရၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဖသက္ထြန္းက ေျပာသည္။

ေရာဂါပိုးေတြ႔ရွိေသာ စာသင္သားသံဃာေတာ္သည္ ဆြမ္းခံထြက္ေလ့ရွိေသာ္လည္း မျဖစ္ပြားမွီတစ္ပတ္အၾကာဆြမ္းခံထြက္ျခင္းမရွိခဲ့ဘဲ စာသင္သားသံဃာေတာ္ႏွင့္သြားခဲ့သည့္ သံုးဘီး ဆိုင္ကယ္တကၠဆီသမားကို ျပင္ဦးလြင္ၿမိဳ႕နယ္ရွိ ဗဟိုဝန္ထမ္းတကၠသိုလ္(ဇီးပင္ႀကီး)သို႔ ပို႔ေဆာင္ ထားသည္။

လက္ရွိ မႏၱေလးတြင္ COVID-19 အတည္ျပဳလူနာ ၇၀ ေက်ာ္ရွိျပီး မႏၱေလးတိုင္းတြင္ ကိုဗစ္အတည္ျပဳလူနာ ၁၄၀ ေက်ာ္ရွိသည္ ။

ျမန္မာနုိင္ငံတြင္ COVID-19 ဓါတ္ခြဲ အတည္ျပဳ လူနာ ၄၆၂၁ ဦး ရွိျပီး ေသဆုံးသူ ၇၅ ဦး ရွိခဲ႔ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာန စက္တင္ဘာလ ၁၉ ရက္ နံနက္ပိုင္း သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply