လက္မွတ္မထိုးထားသည့္ အိတ္ဖြင့္ေပးစာမ်ားသာ ေ႐ြးေကာ္သို႔ေရာက္

0
20
လက်မှတ်မထိုးထားသည့် အိတ်ဖွင့်ပေးစာများသာ ရွေးကော်သို့ရောက်
 
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှ Covid-19 ကြောင့် ရွေးကောက်ပွဲ ရွေ့ဆိုင်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အိတ်ဖွင့်ပေးစာ ပေးပို့ထားသော်လည်း အိတ်ဖွင့်ပေးစာများတွင် လက်မှတ်ရေးထားသည့်စာများမပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
 
Covid-19 ကြောင့် Stay at Home သတ်မှတ်ထားသည့်မြို့နယ်များတွင် နိုင်ငံရေးပါတီများမှ မဲဆွယ်စည်းရုံးခွင့်မရှိဟု ထုတ်ပြန်ကြေညာထားသည့်အတွက် ပါတီများမှ အခက်အခဲများစွာရှိသောကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီများက ရွေးကောက်ပွဲကော်မရှင်ထံသို့ အိတ်ဖွင့်ပေးစာများ ပေးပို့ထားကြောင်း သိရသည်။
 
“ မဲဆွယ်စည်းရုံးခွင့် အချက် ၅ ချက်ထဲမှာပါတဲ့ အွန်လိုင်းကနေ မဲဆွယ်စည်းရုံးလို့ရပါတယ်။ အခုလည်းပါတီတော်တော်များများက အဲဒီအတိုင်းလုပ်ဆောင်နေကြပါတယ်။ ပြီးတော့ အိတ်ဖွင့်ပေးစာတွေကရောက်တယ်။ ဒါပေမဲ့ လက်မှတ်မထိုးထားဘူး စာတွေက၊ တံဆိပ်တုံးတွေတော့ပါတယ်။ လက်မှတ်ထိုးပြီးပေးထားတာ မရှိပါဘူး”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောသည်။
 
Covid-19 ကြောင့် ရခိုင်ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း ၄၈ မြို့နယ်ကို Stay at Home သတ်မှတ်ထားခြင်း ဖြစ်သည်။
 
“ကျွန်တော်ကနိုင်ငံရေးပါတီတွေက အိတ်ဖွင့်ပေးစာပေးပို့တဲ့နေရာမှာ လက်မှတ်ထိုးထားတဲ့ဟာတစ်စောင်မှ မပါဘူးလို့ပြောတာပါ၊ အိတ်ဖွင့်ပေးစာပေးပို့တဲ့နေရာမှာ ဘယ်သူပါ၊ ဘယ်ပါတီကပါဆိုပြီး လက်မှတ်ထိုးဖို့လိုပါတယ်။ တရားမဝင်ဘူးလို့တော့ မပြောလိုပါဘူး”ဟု၎င်းကဆက်လက်ပြောကြာခဲ့သည်။
 
နိုဝင်ဘာလ ၈ ရက်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ပါတီပေါင်း ၉၃ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
 
ဆုသက်နှင်း
#TheFifthWave
 
( Zawgyi )
 
 
ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီမ်ားမွ Covid-19 ေၾကာင့္ ေ႐ြးေကာက္ပြဲ ေ႐ြ႔ဆိုင္းေပးရန္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ အိတ္ဖြင့္ေပးစာ ေပးပို႔ထားေသာ္လည္း အိတ္ဖြင့္ေပးစာမ်ားတြင္ လက္မွတ္ေရးထားသည့္စာမ်ားမပါဝင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ေျပာသည္။
 
Covid-19 ေၾကာင့္ Stay at Home သတ္မွတ္ထားသည့္ၿမိဳ႕နယ္မ်ားတြင္ ႏိုင္ငံေရးပါတီမ်ားမွ မဲဆြယ္စည္း႐ုံးခြင့္မရွိဟု ထုတ္ျပန္ေၾကညာထားသည့္အတြက္ ပါတီမ်ားမွ အခက္အခဲမ်ားစြာရွိေသာေၾကာင္႔ ေ႐ြးေကာက္ပြဲေ႐ႊ႕ဆိုင္းေပးရန္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအပါအဝင္ ႏိုင္ငံေရးပါတီမ်ားက ေ႐ြးေကာက္ပြဲေကာ္မရွင္ထံသို႔ အိတ္ဖြင့္ေပးစာမ်ား ေပးပို႔ထားေၾကာင္း သိရသည္။
 
“ မဲဆြယ္စည္း႐ုံးခြင့္ အခ်က္ ၅ ခ်က္ထဲမွာပါတဲ့ အြန္လိုင္းကေန မဲဆြယ္စည္း႐ုံးလို႔ရပါတယ္။ အခုလည္းပါတီေတာ္ေတာ္မ်ားမ်ားက အဲဒီအတိုင္းလုပ္ေဆာင္ေနၾကပါတယ္။ ၿပီးေတာ့ အိတ္ဖြင့္ေပးစာေတြကေရာက္တယ္။ ဒါေပမဲ့ လက္မွတ္မထိုးထားဘူး စာေတြက၊ တံဆိပ္တုံးေတြေတာ့ပါတယ္။ လက္မွတ္ထိုးၿပီးေပးထားတာ မရွိပါဘူး”ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ အဖြဲ႕ဝင္ဦးျမင့္ႏိုင္က ေျပာသည္။
 
Covid-19 ေၾကာင့္ ရခိုင္ျပည္နယ္အပါအဝင္ ၿမိဳ႕နယ္ေပါင္း ၄၈ ၿမိဳ႕နယ္ကို Stay at Home သတ္မွတ္ထားျခင္း ျဖစ္သည္။
 
“ကြၽန္ေတာ္ကႏိုင္ငံေရးပါတီေတြက အိတ္ဖြင့္ေပးစာေပးပို႔တဲ့ေနရာမွာ လက္မွတ္ထိုးထားတဲ့ဟာတစ္ေစာင္မွ မပါဘူးလို႔ေျပာတာပါ၊ အိတ္ဖြင့္ေပးစာေပးပို႔တဲ့ေနရာမွာ ဘယ္သူပါ၊ ဘယ္ပါတီကပါဆိုၿပီး လက္မွတ္ထိုးဖို႔လိုပါတယ္။ တရားမဝင္ဘူးလို႔ေတာ့ မေျပာလိုပါဘူး”ဟု၎ကဆက္လက္ေျပာၾကာခဲ့သည္။
 
ႏိုဝင္ဘာလ ၈ ရက္တြင္ ၂၀၂၀ ျပည့္ႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို က်င္းပသြားမည္ျဖစ္ၿပီး ပါတီေပါင္း ၉၃ ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။
 
ဆုသက္ႏွင္း
#TheFifthWave

Leave a Reply