မီဒီယာလုပ္ငန္း Stay at Homeတြင္အၾကံဳးဝင္ျခင္းရွိမရွိ စာနယ္ဇင္းေကာင္စီက အစိုးရကို စာေရးပို႔ၿပီး ေမးမည္ဟု သိရ

0
25
မီဒီယာလုပ်ငန်း Stay at Homeတွင်အကြုံးဝင်ခြင်းရှိမရှိ စာနယ်ဇင်းကောင်စီက အစိုးရကို စာရေးပို့ပြီး မေးမည်ဟု သိရ
 
ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ)အားနေအိမ်တွင်နေထိုင်ရန်အစီအစဉ်အကြုံးဝင်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပြီးလုပ်ငန်းခွင်ဝင်ရောက်ခွင့်ရသောလုပ်ငန်းအမျိုးအစားတွင်မီဒီယာလုပ်ငန်းမပါဝင်သဖြင့်ယင်းကိုရှင်းလင်းစာသိနိုင်ရန်အတွက်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကသက်ဆိုင်ရာအစိုးရသို့စာရေးသားပေးပို့မေးမြန်းသွားမည်ဖြစ်ကြောင်းသိရသည်။
 
အစိုးရ၏ထုတ်ပြန်ကြေညာချက်တွင်လိုက်နာရန်ပျက်ကွက်ပါကတည်ဆဲဥပဒေများဖြင့်အရေးယူမည်ဟုပါဝင်သဖြင့်ယခုကဲ့သို့စာရေးသားပေးပို့မေမြန်းရခြင်းဖြစ်ကြောင်းသိရသည်။
 
“ကျွန်တော်တို့အနေနဲ့ကဒီကိစ္စမှာလုပ်ငန်းခွင်ဝင်ရောက်ရတဲ့အမျိုးအစားမှမီဒီယာမပါဘူးဖြစ်နေတယ်၊ဒါရှင်းရှင်းလင်းလင်းမဖော်ပြထားဘူး ၊ဒါကြောင့် ကောင်စီအနေနဲ့ ဝန်ကြီးဌာန ဒါမှမဟုတ် သမ္မတကိုစာရေးသားပေးပို့မေးမြန်းဖို့လုပ်နေပါတယ်”ဟုစာနယ်ဇင်းကောင်စီမှတာဝန်ရှိသူဦးမြင့်ကျော်ကပြောသည်။
 
ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ထုတ်ပြန်ချက်အရ လုပ်ငန်းခွင် ဝင်ရောက်ရမည့် လုပ်ငန်းအမျိုးအစားမှာပုဂ္ဂလိကလုပ်ငန်းများအနေဖြင့်ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊စက်သုံးဆီအရောင်ဆိုင်များ၊စားသောက်ကုန်နှင့်သားငါးအအေးခန်းလုပ်ငန်းများ၊ဆေးဝါးနှင်းဆေးပစ္စည်းထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများမပါဝင်ကြောင်းသိရသည်။
 
အထက်ပါအိမ်တွင်းနေထိုင်ရန်အကျုံးမဝင်သည့်လုပ်ငန်းများတွင်မီဒီယာလုပ်ငန်းမပါဝင်သည့်အတွက်သတင်းအချက်အလက်မှန်ကန်စွာဖြန့်ဝေရေးအတွက်အခက်အခဲရှိလာနိုင်ကြောင်းမီဒီယာအသိုင်းအဝိုင်းကဝေဖန်ပြောဆိုလျက်ရှိသည်။
 
HM
#TheFifthWave
 
( Zawgyi )
 
 
ရန္ကုန္တိုင္းေဒသႀကီးၿမိဳ႕နယ္အားလံုး(ကိုကိုးကြ်န္းၿမိဳ႕နယ္မပါ)အားေနအိမ္တြင္ေနထိုင္ရန္အစီအစဥ္အၾကံဳးဝင္ေၾကာင္းက်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကထုတ္ျပန္ေၾကညာထားၿပီးလုပ္ငန္းခြင္ဝင္ေရာက္ခြင့္ရေသာလုပ္ငန္းအမ်ိဳးအစားတြင္မီဒီယာလုပ္ငန္းမပါဝင္သျဖင့္ယင္းကိုရွင္းလင္းစာသိႏိုင္ရန္အတြက္ျမန္မာႏိုင္ငံစာနယ္ဇင္းေကာင္စီကသက္ဆိုင္ရာအစိုးရသို႔စာေရးသားေပးပို႔ေမးျမန္းသြားမည္ျဖစ္ေၾကာင္းသိရသည္။
 
အစိုးရ၏ထုတ္ျပန္ေၾကညာခ်က္တြင္လိုက္နာရန္ပ်က္ကြက္ပါကတည္ဆဲဥပေဒမ်ားျဖင့္အေရးယူမည္ဟုပါဝင္သျဖင့္ယခုက့ဲသို႔စာေရးသားေပးပို႔ေမျမန္းရျခင္းျဖစ္ေၾကာင္းသိရသည္။
 
“ကၽြန္ေတာ္တို႔အေနနဲ႔ကဒီကိစၥမွာလုပ္ငန္းခြင္ဝင္ေရာက္ရတ့ဲအမ်ိဳးအစားမွမီဒီယာမပါဘူးျဖစ္ေနတယ္၊ဒါရွင္းရွင္းလင္းလင္းမေဖာ္ျပထားဘူး ၊ဒါေၾကာင့္ ေကာင္စီအေနနဲ႔ ဝန္ႀကီးဌာန ဒါမွမဟုတ္ သမၼတကိုစာေရးသားေပးပို႔ေမးျမန္းဖို႔လုပ္ေနပါတယ္”ဟုစာနယ္ဇင္းေကာင္စီမွတာဝန္ရွိသူဦးျမင့္ေက်ာ္ကေျပာသည္။
 
က်န္းမာေရးဝန္ႀကီးဌာန၏ထုတ္ျပန္ထုတ္ျပန္ခ်က္အရ လုပ္ငန္းခြင္ ဝင္ေရာက္ရမည့္ လုပ္ငန္းအမ်ိဳးအစားမွာပုဂၢလိကလုပ္ငန္းမ်ားအေနျဖင့္ဘဏ္ႏွင့္ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ား၊စက္သံုးဆီအေရာင္ဆိုင္မ်ား၊စားေသာက္ကုန္ႏွင့္သားငါးအေအးခန္းလုပ္ငန္းမ်ား၊ေဆးဝါးႏွင္းေဆးပစၥည္းထုတ္လုပ္ေရးႏွင့္ျဖန္႔ျဖဴးေရာင္းခ်ေရးလုပ္ငန္းမ်ား၊ေရသန္႔ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်ေရးလုပ္ငန္းမ်ား၊ေန႔စဥ္တစ္ကိုယ္ေရသံုးပစၥည္းထုတ္လုပ္သည့္လုပ္ငန္းမ်ားမပါဝင္ေၾကာင္းသိရသည္။
 
အထက္ပါအိမ္တြင္းေနထိုင္ရန္အက်ံဳးမဝင္သည့္လုပ္ငန္းမ်ားတြင္မီဒီယာလုပ္ငန္းမပါဝင္သည့္အတြက္သတင္းအခ်က္အလက္မွန္ကန္စြာျဖန္႔ေဝေရးအတြက္အခက္အခဲရွိလာႏိုင္ေၾကာင္းမီဒီယာအသိုင္းအဝိုင္းကေဝဖန္ေျပာဆိုလ်က္ရွိသည္။
 
HM
#TheFifthWave

Leave a Reply