
0
26

နိုင်ငံတကာ အထောက်အပ ံ့ငွေကြေးမရှိ ဟု ရွေးကော်မှ ငြင်းဆို

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အသုံးစရိတ်များတွင် နိုင်ငံတကာ အထောက်အပ ံ့ငွေကြေးမရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ငြင်းဆိုလိုက်သည်။

ရွေးကောက်ပွဲအသုံးစရိတ်ကို ပြည်ပအထောက်အပံ့ လုံးဝယူမည်မဟုတ်ဘဲ နိုင်ငံတော်မှ ချထားပေးသည့် ငွေကြေးကိုသာ သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

“ ရွေးကောက်ပွဲအသုံးစရိတ် ပိုလျံငွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်အပ်သွားမယ်။ ကျွန်တော်တို့မှာ နိုင်ငံတကာအထောက်အပံ့ငွေရေးကြေးရေးမရှိပါဘူး”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် လျာထားရန်ပုံငွေမှာ ၄၂ ဒသမ ၁၅ ဘီလျံ ရယူသုံးစွဲလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ၃၈.၈၂ ဘီလျံလျာထားကြောင်း သိရသည်။

ဒုတိယအကြိမ် မဲစာရင်းကို စက်တင်ဘာလ ကုန်တွင် ကြေညာသွားမည်ဖြစ်ပြီး Covid-19 ကာလအတွင်းဖြစ်သည့်အတွက် အွန်လိုင်းမှ မဲစာရင်းကြည့်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည့် အဖွဲ့အစည်း ၁၂ ဖွဲ့ ၊ လူပေါင်း ၈၄၁၆ ဦး မှ စောင့်ကြည့်မည်ဖြစ်ကြောင်း၊ ယင်းအပြင် မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ၉၂ ပါတီမှဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(Zawgyi)







ဆုသက်နှင်း

Leave a Reply