
0
29

ရန်ကုန်ရှိ ဧရာဝတီဘဏ်ခွဲ ၄၃ ဘဏ် ယာယီ ပိတ်မည်

COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်းရန်ကုန်တိုင်းအတွင်းရှိ ဧရာဝတီဘဏ်ခွဲပေါင်း
၇၈ ဘဏ်ကို ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပြီး ဘဏ်ခွဲ ၄၃ ဘဏ်ကို ယာယီပိတ်ထားမည် ဖြစ်ကြောင်း ဧရာဝတီဘဏ် လီမိတက်က ထုတ်ပြန် ထားသည်။

အဆိုပါ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘဏ်ခွဲများကို စက်တင်ဘာလ ၂၁မှ စတင်ပြီး လျှော့ချဖွင့်လှစ်၍ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရန်ကုန်တိုင်းအတွင်းရှိ ယာယီပိတ်ထားမည့် ဘဏ်ခွဲများမှာ သုဝဏ္ဏ ၊ ရန်ကင်း၊ တက္ကသိုလ် ရိပ်သာလမ်း၊ ပန်းဆိုးတန်းလမ်း၊ နှင်းဆီကုန်း၊ မပိုလမ်း၊ ပိတောက်ချောင်း၊ ရတနာလမ်း၊ ယုဇနပလာဇာ၊ နိုဗိုတယ်၊ လေးထောင့်ကန်၊ ဗိုလ်စွန်ပက် ၊ မြန်မာပလာဇာ၊ မြောက်ဒဂုံ-၂ ၊ ရွှေဘုံသာ-၂၊ ကျွန်းတော ၊ သီလဝါ၊ မြန်မာ့ဂုဏ်ရည်၊ လမ်းမတော်ပလာဇာ၊ ကြည့်မြင်တိုင်-၃၊ ဗိုလ်အောင်ကျော်-၂၊ မြယာကုန်း၊ မော်တင်၊ လှိုင်ပါရမီ၊ ကမာရွတ်ဗဟိုလမ်း၊ နတ်မောက်လမ်း၊ ဒေါပုံ-၂ ၊ Junction City ၊ တာမွေ၊ သုဓမ္မာလမ်း၊ ကျိုက်ဝိုင်း၊ ထန်းခြောက်ပင်၊ သမိန်ဗရမ်း၊ လှိုင်သာယာ-၃ ၊ MICT ၊ ဗဟိုလမ်း၊ ပန်းလှိုင်လမ်း၊ သုမင်္ဂလာ၊ ပုဇွန်တောင်(mini)၊ အင်းယား(mini)၊ ရှင်စောပု(mini)၊ ရွှေမင်္ဂလာစျေး(mini)နှင့် ကျောက်တန်းတို့ ပါဝင်သည်။

ဧရာဝတီဘဏ်အနေဖြင့် COVID-19 ဖြစ်ပွားနေစဉ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင် ရွက်ရာတွင် မိမိတို့နှင့် ဆက်သွယ် ဆက်ဆံနေသော Customer များနှင့် မိမိတို့ဘဏ်ဝန် ထမ်းများ၏ ကျန်းမာရေးကို အဓိကဦးစား ပေးအဖြစ် ထားရှိဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီဘဏ် ကထုတ်ပြန်ထားသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(Zawgyi)



ထိုသို့ ရန်ကုန်တိုင်းအတွင်းရှိ ယာယီပိတ်ထားမည့် ဘဏ်ခွဲများမှာ သုဝဏ္ဏ ၊ ရန်ကင်း၊ တက္ကသိုလ် ရိပ်သာလမ်း၊ ပန်းဆိုးတန်းလမ်း၊ နှင်းဆီကုန်း၊ မပိုလမ်း၊ ပိတောက်ချောင်း၊ ရတနာလမ်း၊ ယုဇနပလာဇာ၊ နိုဗိုတယ်၊ လေးထောင့်ကန်၊ ဗိုလ်စွန်ပက် ၊ မြန်မာပလာဇာ၊ မြောက်ဒဂုံ-၂ ၊ ရွှေဘုံသာ-၂၊ ကျွန်းတော ၊ သီလဝါ၊ မြန်မာ့ဂုဏ်ရည်၊ လမ်းမတော်ပလာဇာ၊ ကြည့်မြင်တိုင်-၃၊ ဗိုလ်အောင်ကျော်-၂၊ မြယာကုန်း၊ မော်တင်၊ လှိုင်ပါရမီ၊ ကမာရွတ်ဗဟိုလမ်း၊ နတ်မောက်လမ်း၊ ဒေါပုံ-၂ ၊ Junction City ၊ တာမွေ၊ သုဓမ္မာလမ်း၊ ကျိုက်ဝိုင်း၊ ထန်းခြောက်ပင်၊ သမိန်ဗရမ်း၊ လှိုင်သာယာ-၃ ၊ MICT ၊ ဗဟိုလမ်း၊ ပန်းလှိုင်လမ်း၊ သုမင်္ဂလာ၊ ပုဇွန်တောင်(mini)၊ အင်းယား(mini)၊ ရှင်စောပု(mini)၊ ရွှေမင်္ဂလာဈေး(mini)နှင့် ကျောက်တန်းတို့ ပါဝင်သည်။


ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply