ရန္ကုန္ႏွင့္ ရခိုင္တြင္ Facility Quarantine ကို ၁၄ရက္အစား ၇ရက္ေျပာင္းလဲသတ္မွတ္

0
19

ရန်ကုန်နှင့် ရခိုင်တွင် Facility Quarantine ကို ၁၄ရက်အစား ၇ရက်ပြောင်းလဲသတ်မှတ်

ရန်ကုန်တိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်အသွားအလာကန့်သတ်ထားရှိခြင်း Facility Quarantine ကို ၁၄ရက်အစားခုနစ်ရက်သို့ပြောင်းလဲသတ်မှတ်လိုက်ကြောင်းစက်တင်ဘာ၂၀ရက်ညပိုင်းကကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ကြေညာချက်အရသိရသည်။

ထုတ်ပြန်ချက်တွင် ပြည်ပနိုင်ငံများမှ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ ဖြင့် ပြန်လည်ရောက်ရှိလာသူများ၊ နေအိမ် တွင် နေထိုင်ရေးအစီအစဉ် သတ်မှတ်ထား သော တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ် ကွက်၊ ကျေးရွာများမှ ရောက်ရှိလာသူများ (က) သတ်မှတ်ထားသောနေရာတွင်အသွား အလာကန့်သတ်ထားရှိခြင်း ခုနစ်ရက် ထား ရှိရန်၊ (ခ)သတ်မှတ်ထားသောနေရာတွင် အ သွားအလာကန့်သတ်ထားရှိသည့်ရက်မှစ၍ ငါးရက်မြောက်နေ့တွင် ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးရန်၊ (ဂ) ဓာတ်ခွဲနမူနာတွင် ရောဂါ ပိုးမတွေ့ရှိပါက နေအိမ်တွင် ခုနစ်ရက် ဆက်လက်၍ အသွားအလာကန့်သတ်ထား ရှိရန်၊ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နာတာရှည် အ ဆုတ်ရောဂါ စသည့် ရောဂါအခံရှိသူများ၊ ကိုယ်ခံအားနည်းသူများ၊ နေအိမ်အခန်းသီး ခြားဖြင့် နေထိုင်ခြင်းမရှိဘဲ စုပေါင်းနေထိုင် သူများနှင့် နေအိမ်တွင် သွေးတိုး၊ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ် ရောဂါ၊ နာတာရှည်အဆုတ်ရောဂါ စသည့် ရောဂါအခံရှိသူများ၊ ကိုယ်ခံအားနည်းသူ များနှင့် အတူနေထိုင်သူများအား နေအိမ် တွင် ခုနစ်ရက် အသွားအလာကန့်သတ်ထား ရှိခြင်းအစား သတ်မှတ်ထားသော နေရာ တွင် Facility Quarantine ခုနစ်ရက် ဆက်လက်၍ အသွားအလာကန့်သတ်ထားရှိရန် တို့ ပါဝင်သည်။

HM
#TheFifthWaveNews

(Zawgyi)

ရန္ကုန္ႏွင့္ ရခိုင္တြင္ Facility Quarantine ကို ၁၄ရက္အစား ၇ရက္ေျပာင္းလဲသတ္မွတ္

ရန္ကုန္တိုင္းေဒသႀကီးႏွင့္ရခိုင္ျပည္နယ္တို႔တြင္အသြားအလာကန႔္သတ္ထားရွိျခင္း Facility Quarantine ကို ၁၄ရက္အစားခုနစ္ရက္သို႔ေျပာင္းလဲသတ္မွတ္လိုက္ေၾကာင္းစက္တင္ဘာ၂၀ရက္ညပိုင္းကက်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကထုတ္ျပန္ေၾကညာခ်က္အရသိရသည္။

ထုတ္ျပန္ခ်က္တြင္ ျပည္ပႏိုင္ငံမ်ားမွ ကုန္းလမ္း၊ ေရလမ္း၊ ေလေၾကာင္းလမ္းတို႔ ျဖင့္ ျပန္လည္ေရာက္ရွိလာသူမ်ား၊ ေနအိမ္ တြင္ ေနထိုင္ေရးအစီအစဥ္ သတ္မွတ္ထား ေသာ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ ရပ္ ကြက္၊ ေက်း႐ြာမ်ားမွ ေရာက္ရွိလာသူမ်ား (က) သတ္မွတ္ထားေသာေနရာတြင္အသြား အလာကန႔္သတ္ထားရွိျခင္း ခုနစ္ရက္ ထား ရွိရန္၊ (ခ)သတ္မွတ္ထားေသာေနရာတြင္ အ သြားအလာကန႔္သတ္ထားရွိသည့္ရက္မွစ၍ ငါးရက္ေျမာက္ေန႔တြင္ ဓာတ္ခြဲနမူနာ ရယူ စစ္ေဆးရန္၊ (ဂ) ဓာတ္ခြဲနမူနာတြင္ ေရာဂါ ပိုးမေတြ႕ရွိပါက ေနအိမ္တြင္ ခုနစ္ရက္ ဆက္လက္၍ အသြားအလာကန႔္သတ္ထား ရွိရန္၊ ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ နာတာရွည္ အ ဆုတ္ေရာဂါ စသည့္ ေရာဂါအခံရွိသူမ်ား၊ ကိုယ္ခံအားနည္းသူမ်ား၊ ေနအိမ္အခန္းသီး ျခားျဖင့္ ေနထိုင္ျခင္းမရွိဘဲ စုေပါင္းေနထိုင္ သူမ်ားႏွင့္ ေနအိမ္တြင္ ေသြးတိုး၊ဆီးခ်ိဳ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေက်ာက္ကပ္ ေရာဂါ၊ နာတာရွည္အဆုတ္ေရာဂါ စသည့္ ေရာဂါအခံရွိသူမ်ား၊ ကိုယ္ခံအားနည္းသူ မ်ားႏွင့္ အတူေနထိုင္သူမ်ားအား ေနအိမ္ တြင္ ခုနစ္ရက္ အသြားအလာကန႔္သတ္ထား ရွိျခင္းအစား သတ္မွတ္ထားေသာ ေနရာ တြင္ Facility Quarantine ခုနစ္ရက္ ဆက္လက္၍ အသြားအလာကန႔္သတ္ထားရွိရန္ တို႔ ပါဝင္သည္။

HM
#TheFifthWaveNews

Leave a Reply