လူမႈကြန္ယက္တြင္တပ္မေတာ္ရံုးစာအတုျဖန္႔ေဝေနမႈ စံုစမ္းစစ္ေဆးမည္

0
35

လူမှုကွန်ယက်တွင်တပ်မတော်ရုံးစာအတုဖြန့်ဝေနေမှု စုံစမ်းစစ်ဆေးမည်

တပ်မတော်၏ ရုံးစာ(လျှို့ဝှက်များကို)အတုပြုလုပ်ပြီး လူမှုကွန်ယက်တွင်ဖြန့်ဝေလျက်ရှိရာယင်းစာဖြန့်ဝေမှုများကိုမည်သို့သောရည်ရွယ်ချက်ဖြင့်ပြုလုပ်ကြောင်းသိရှိစေရန်လစုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟုတပ်မတော်သတင်းမှန်ပြန်ကြားရေးမှဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

မင်းဒင်အမည်ဖြင့်လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက တပ်မတော်၏ ထိပ်တန်းလှို့ဝှက်စာအတုပြုလုပ်ကာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက်ဦးစီးကော်မတီနှင့်ဆပ်ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုအကြောင်းကြားခြင်းအကြောင်းအရာပါစာကိုလူမှုကွန်ယက်တွင်ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီးယင်းစာမှာအတုသာဖြစ်ကြောင်းဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

“ထိပ်တန်းလျို့ ဝှက် စာတွေကို ထုတ်တဲ့ အခါမှာ လျို့ဝှက်ချက်တွေ မျိုးစုံရှိပါတယ်။ အချက် ၇ ချက် ၈ ချက်နီးပါးရှိတယ်။ အမှန်တော့ တပ်မတော် မှာ ထိပ်တန်းလျို့ဝှက်လို့ သတ်မှတ် တဲ့ ဟာ အများစုသည် စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ မျိုးပဲ ဖြစ်တယ်။ နောင်လာမဲ့ စစ်ဆင်ရေး မှာ လုပ်မဲ့ ဟာကို သတ်မှတ်တာဖြစ်တယ်။ နောက်တခါ ထိပ်တန်းလျို့ဝှက်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆီ မှာ တိတိ ကျကျ စည်းမျဉ်းတွေ ရှိပါတယ်။ ဒီ ထိပ်တန်း လျို့ဝှက်ကော ဥပမာ ပြောရမယ်ဆိုရင် အဲ့ ဒီ စာ တွေကို လေ့လာကြည့်ရင် သိတယ်။ ထိပ်တန်းလျို့ဝှက် ဆိုတာသည် သူက ကျွန်တော်တို့ ဘယ်တော့ မှ တပ်နာမည်တွေနဲ့ ဖြန့်တာ မရှိပါဘူး”ဟု လျှိုုဝှက်စာနှင့် တပ်မတော်၏ လုပ်ထုံးလုပ်နည်းများကိုပြောသည်။

ဆက်လက်၍၎င်းက ” ဒါနဲ့ ပတ်သက်ပြိး သူတို့ သည် တပ်မတော်က စာရွက်စာတမ်းတွေကို သာမာန်ရုံးစာတွေ ကိုယူပြီးတော့ပိပိရိရိလိမ်ထားတဲ့ဟာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြိးကျွန်တော်ပြောလိုတာကတော့ ပြည်သူ လူထု အနေနဲ့ရော ကျွန်တော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ ရော ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သွေးခွဲမှုတွေ များပြားလာတာ ဖြစ်လို့ သတိရှိကြဖို့ ကျွန်တော်တို့ ပြောလိုပါတယ်။ ဒီဟာ နဲ့ ပတ်သက်ပြိး ကျတော့ ဒီအတု လုပ်တဲ့ သူကို အွန်လိုင်းပေါ်ကပဲ လိုက်ရှာပြီး ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာတော့ စုံးစမ်းစစ်ဆေးသွားပါမယ်။”ဟုဖြည့်စွက်ပြောကြားသည်။

အဆိုပါမင်းဒင်အမည်ဖြင့် လူမှုကွန်ယက်အသုံးပြုသူ ရုံးစာအတုဖြန့်ဝေရာတွင် ကြိုက်နှစ်သက်မှု၃၁၀၀ ကျော်
မှတ်ချက်ပေးသူ၁၀၀ကျော်နှင့်ဖြန့်ဝေသူ၁၁၀၀ကျော်ရှိခဲ့သည်။

HM,ယဉ်ကေနွယ်
#TheFifthWave

(zawgyi)

 

တပ္မေတာ္၏ ရံုးစာ(လွ်ိဳ႕ဝွက္မ်ားကို)အတုျပဳလုပ္ၿပီး လူမႈကြန္ယက္တြင္ျဖန္႔ေဝလ်က္ရိွရာယင္းစာျဖန္႔ေဝမႈမ်ားကိုမည္သို႔ေသာရည္ရြယ္ခ်က္ျဖင့္ျပဳလုပ္ေၾကာင္းသိရွိေစရန္လစံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္သြားမည္ဟုတပ္မေတာ္သတင္းမွန္ျပန္ၾကားေရးမွဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

မင္းဒင္အမည္ျဖင့္လူမႈကြန္ယက္အသံုးျပဳသူတစ္ဦးက တပ္မေတာ္၏ ထိပ္တန္းလွိဳ႕၀ွက္စာအတုျပဳလုပ္ကာ မိတ္ဖက္ပါတီေအာင္ႏိုင္ေရးအတြက္ဦးစီးေကာ္မတီႏွင့္ဆပ္ေကာ္မတီဖြဲ႕စည္းတာဝန္ေပးအပ္ထားရွိမႈအေၾကာင္းၾကားျခင္းအေၾကာင္းအရာပါစာကိုလူမႈကြန္ယက္တြင္ျဖန္႔ေဝခ့ဲျခင္းျဖစ္ၿပီးယင္းစာမွာအတုသာျဖစ္ေၾကာင္းဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

“ထိပ္တန္းလ်ိဳ႕ ၀ွက္ စာေတြကို ထုတ္တဲ့ အခါမွာ လ်ိဳ႕၀ွက္ခ်က္ေတြ မ်ိဳးစံုရွိပါတယ္။ အခ်က္ ၇ ခ်က္ ၈ ခ်က္နီးပါးရွိတယ္။ အမွန္ေတာ့ တပ္မေတာ္ မွာ ထိပ္တန္းလ်ိဳ႕၀ွက္လို႔ သတ္မွတ္ တဲ့ ဟာ အမ်ားစုသည္ စစ္ဆင္ေရးနဲ႔ ပတ္သက္တဲ့ မ်ိဳးပဲ ျဖစ္တယ္။ ေနာင္လာမဲ့ စစ္ဆင္ေရး မွာ လုပ္မဲ့ ဟာကို သတ္မွတ္တာျဖစ္တယ္။ ေနာက္တခါ ထိပ္တန္းလ်ိဳ႕၀ွက္နဲ႔ ပတ္သက္လို႔ ကၽြႏ္ေတာ္တုိ႔ ဆီ မွာ တိတိ က်က် စည္းမ်ဥ္းေတြ ရွိပါတယ္။ ဒီ ထိပ္တန္း လ်ိဳ႕၀ွက္ေကာ ဥပမာ ေျပာရမယ္ဆိုရင္ အဲ့ ဒီ စာ ေတြကို ေလ့လာၾကည့္ရင္ သိတယ္။ ထိပ္တန္းလ်ိဳ႕၀ွက္ ဆိုတာသည္ သူက ကၽြန္ေတာ္တို႔ ဘယ္ေတာ့ မွ တပ္နာမည္ေတြနဲ႔ ျဖန္႔တာ မရွိပါဘူး”ဟု လၽွိုုဳဝွက္စာႏွင့္ တပ္မေတာ္၏ လုပ္ထံုးလုပ္နည္းမ်ားကိုေျပာသည္။

ဆက္လက္၍၎က ” ဒါနဲ႔ ပတ္သက္ၿပိး သူတို႔ သည္ တပ္မေတာ္က စာရြက္စာတမ္းေတြကို သာမာန္ရံုးစာေတြ ကိုယူၿပီးေတာ့ပိပိရိရိလိမ္ထားတဲ့ဟာျဖစ္ပါတယ္။ဒါနဲ႔ပတ္သက္ၿပိးကၽြႏ္ေတာ္ေျပာလိုတာကေတာ့ ျပည္သူ လူထု အေနနဲ႔ေရာ ကၽြန္ေတာ္တို႔ သက္ဆိုင္ရာ အဖြဲ႔အစည္းေတြ နဲ႔ ေရာ ေရြးေကာက္ပြဲ နီးလာတာနဲ႔အမွ် ေသြးခြဲမႈေတြ မ်ားျပားလာတာ ျဖစ္လို႔ သတိရွိၾကဖို႔ ကၽြန္ေတာ္တုိ႔ ေျပာလိုပါတယ္။ ဒီဟာ နဲ႔ ပတ္သက္ၿပိး က်ေတာ့ ဒီအတု လုပ္တဲ့ သူကို အြန္လိုင္းေပၚကပဲ လိုက္ရွာၿပီး ဘယ္လို ရည္ရြယ္ခ်က္နဲ႔ လုပ္တယ္ဆိုတာေတာ့ စံုးစမ္းစစ္ေဆးသြားပါမယ္။”ဟုျဖည့္စြက္ေျပာၾကားသည္။

အဆိုပါမင္းဒင္အမည္ျဖင့္ လူမႈကြန္ယက္အသံုးျပဳသူ ရံုးစာအတုျဖန္႔ေဝရာတြင္ ႀကိဳက္ႏွစ္သက္မႈ၃၁၀၀ ေက်ာ္
မွတ္ခ်က္ေပးသူ၁၀၀ေက်ာ္ႏွင့္ျဖန္႔ေဝသူ၁၁၀၀ေက်ာ္ရွိခ့ဲသည္။

HM,ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply