NLDပါတီ တံဆိပ်အသုံးပြုပြီး ကြေညာချက်အတု ထုတ်ပြန်သူအား တရားစွဲမည်

0
201

နေပြည်တော် ၊ ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တံဆိပ်တုံးအား သုံးပြုပြီး ကြေညာချက်အတု ထုတ်သူအား တရားစွဲမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း နေပြည်တော်ခရိုင် (NLD)အလုပ်အမှုဆောင်အဖွဲ့မှ သိရှိရသည်။

“အခုချိန်ထိတော့ ဘယ်သူဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး။ ခိုင်လုံတဲ့သက်သေလည်း ရှာနေတုန်းပါပဲ။ ဒါပေမယ့်အနီးစပ်ဆုံးတော့ သိနေရပြီပေါ့။ ဘထိန်နဲ့ပတ်သက်ပြီး သတင်းအမှားထုတ်တာကို ဆိုလိုရင်းမဟုတ်ဘူး။ကျွန်တော်တို့ရဲ့ပါတီတံဆိပ်ကို အတု သုံးစွဲတဲ့ အတွက်ကြောင့် ဒါကိုအခြေခံပြီးတရားစွဲဆိုမှု လုပ်ဆောင် သွားမှာပါ “ ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်အလုပ်အမှုဆောင်အဖွဲ့မှ ဦးထွန်းဝင်း ကပြောသည်။

အဆိုပါကြေညာချက်အတုတွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်အား အရံဗဟိုအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေး လိုက်သည်။ (၂၈. ၁.၂၀၁၈ ) ရက်နေ့တွင်ကျင်းပသော ဗဟို အလုပ်အမှုဆောင်အဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်အရ “ ဟု ဖော်ပြထားကြောင်းသိရှိရသည်။

ကြေညာချက်အတုသည် ၂၈ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာဝန်းအတွင်း ရှိ အစည်းအဝေးခန်းမ၌ NLD ပါတီ ဗဟိုအလုပ်အမှု့ဆောင်များ အစည်းအဝေးအပြီး ပေါ်ထွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သူအကြောင်းကို ကျွန်တော်တို့ ဒီအစည်းအဝေးမှာ ဘာမှ မဆွေးနွေး ခဲ့ပါဘူး”ဟု အစည်းအဝေးအပြီး ပါတီ ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက သတင်းထောက်များ မေးမြန်းမှုအား ဖြေကြားခဲ့သည်။

ကြေညာချက်အတု ထုတ်ပြန်သူအား တရားစွဲဆိုနိုင်ရန် ဗဟို အလုပ်အမှု ဆောင်အား တင်ပြပြီး တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“တရားစွဲဆိုဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ ဘယ်လို လုပ်ရမလဲဆိုတာ ဗဟိုကို တင်ပြအုံးမှာပါ ဒီတံဆိပ်တုံးကို အသုံးပြုရင်တရားဝင် ထုတ်ပြန် တဲ့ ဟာမှ မဟုတ်ရင် ပါတီအနေနဲ့ နစ်နာတယ်။ ပြည်သူတွေ အနေနဲ့ လည်း ကျွန်တော်တို့ပါတီကို ပြည်သူတွေအမြင် မကြည်အောင် ရှုပ်ထွေးအောင် လုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က သည်းခံနေမှာ မဟုတ်ပါဘူး” ဟုဦးထွန်းဝင်း ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တံဆိပ်တုံးအား အသုံးပြု၍ ဦးဝင်ထိန်းအား ရာထူးမှ နှုတ်ထွက်ခွင့်ပြု သည်ဟူသော ကြေညာချက် အတုမျိုးလဲ ထွက်ပေါ်ခဲ့ဖူးပြီး ဥပဒေအရ တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

နေပြည်တော် ၊ ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တံဆိပ်တုံးအား သုံးပြုပြီး ကြေညာချက်အတုထုတ်သူအားတရားစွဲမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း နေပြည်တော်ခရိုင် (NLD)အလုပ်အမှုဆောင်အဖွဲ့မှ သိရှိရသည်။

“အခုချိန်ထိတော့ ဘယ်သူဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး။ ခိုင်လုံတဲ့သက်သေလည်းရှာနေတုန်းပါပဲ။ ဒါပေမယ့်အနီးစပ်ဆုံးတော့ သိနေရပြီပေါ့။ဘထိန်နဲ့ပတ်သက်ပြီးသတင်းအမှားထုတ်တာကို ဆိုလိုရင်းမဟုတ်ဘူး။ကျွန်တော်တို့ရဲ့ပါတီတံဆိပ်ကို အတု သုံးစွဲတဲ့ အတွက်ကြောင့် ဒါကိုအခြေခံပြီးတရားစွဲဆိုမှု လုပ်ဆောင် သွားမှာပါ “ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်အလုပ်အမှုဆောင်အဖွဲ့မှ ဦးထွန်းဝင်း ကပြောသည်။

အဆိုပါကြေညာချက်အတုတွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်အား အရံဗဟိုအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေး လိုက်သည်။ (၂၈. ၁.၂၀၁၈ ) ရက်နေ့တွင်ကျင်းပသော ဗဟို အလုပ်အမှုဆောင်အဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်အရ “ ဟု ဖော်ပြထားကြောင်းသိရှိရသည်။

ကြေညာချက်အတုသည် ၂၈ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာဝန်းအတွင်း ရှိ အစည်းအဝေးခန်းမ၌ NLD ပါတီ ဗဟိုအလုပ်အမှု့ဆောင်များ အစည်းအဝေးအပြီး ပေါ်ထွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သူအကြောင်းကို ကျွန်တော်တို့ ဒီအစည်းအဝေးမှာ ဘာမှ မဆွေးနွေး ခဲ့ပါဘူး”ဟု အစည်းအဝေးအပြီး ပါတီ ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက သတင်းထောက်များမေးမြန်းမှုအား ဖြေကြားခဲ့သည်။

Leave a Reply