တစ္နိဳင္ငံလံုးရွိ စားေသာက္ဆုိင္မ်ား အားလံုး ပါဆယ္စနစ္ျဖင္႔သာ ေရာင္းရမည္

0
30

တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်များ အားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းရမည်

လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ရောဂါသည် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ မှ တဆင့် ကူးစက်မှုများတွေ့နေရသည့် အတွက် တစ်နိုင်ငံလုံး အတိုင်း အတာ အနေဖြင့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအားလုံးကို ဆိုင်ထိုင်ခွင့်ပြုတော့ မည် မဟုတ်ပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည် ဖြစ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်ရှိ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မတ်လ ကုန်ခါနီးက ထုတ်ပြန်ကြေညာခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ချမှတ်ထားသည့် လမ်းညွှန်မှုနှင့်အညီ ဆိုင်များကို ပြီးခဲ့သည့် ဇွန်လပိုင်းက ပြန်လည် ဖွင့်လှစ်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

“အခုနောက်ဆုံး လက်ရှိ ပြည်တွင်း ကူးစက်မှုမှာ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ ထိုင်ရာ က ကူးစက်မှုတွေ တွေ့ရှိရတတဲ့ အတွက် တစ်နိုင်ငံ လုံးအတိုင်း အတာ နဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ မှာ ဆိုင်ထိုင်စနစ် ခွင့်ပြုတော့ မှာ မဟုတ်ပဲ Take away စနစ် နဲ့ ရောင်းချရမှာဖြစ်ပါတယ်” ဟု ဦးဇော်ဌေး ကပြောသည်။
ယခု ထပ်မံ၍ ကိုဗစ် ၁၉ ရောဂါသည် ဖြစ်ပွားမှုနှုန်း မြင့်တက်လာသည့်အတွက် ဆိုင်ထိုင်စနစ် ခွင့်မပြုခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် ကိုကိုးကျွန်း မြို့နယ်မှ လွှဲ၍ ကျန်သည့် မြို့နယ်များ ကို Stay Home နေရန် အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ထားပြီး ဈေးများ၊ Mall များ ဖွင့်ခွင့်ပေးထားကာ စားသောက်ကုန်၊ သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်၊ တစ်ကိုယ် ရည်သုံးပစ္စည်း ၊ဆေးဝါး နှင့် လျှပ်စစ် ပစ္စည်း အရောင်းဆိုင် များကိုသာ ဖွင့်လှစ် ခွင့်ပေးထားကြောင်း ၊ မီဒီယာများ အနေဖြင့်လည်း Work From Home ဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်ပြီး မဖြစ် မနေ သွားရောက်ရ န်လိုအပ်ပါက ကျန်းမာရေး စည်းမျဉ်းစည်းကမ်းနှင့် အညီ သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ ကို အကြောင်းကြားဆောင်ရွက်ရမည်ဖြစ်ကြောင်း လည်း ဦးဇော်ဌေး ကပြောသည်။

ရဟန်းသံဃာများ ဆွမ်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ ၊အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ယခင် က ညွှန်ကြားထားကြောင်း သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက် အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၆၄၇၁ ရှိပြီး သေဆုံးသူပေါင်း ၁၀၀ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

(zawgyi)

လက္ရွိ ျဖစ္ပြားေနသည့္ ကိုဗစ္ ၁၉ ေရာဂါသည္ စားေသာက္ဆိုင္မ်ား၊ လက္ဖက္ရည္ဆိုင္မ်ား မွ တဆင့္ ကူးစက္မႈမ်ားေတြ႔ေနရသည့္ အတြက္ တစ္နုိင္ငံလံုး အတုိင္း အတာ အေနျဖင့္ စားေသာက္ဆိုင္မ်ား၊ လက္ဖက္ရည္ဆိုင္မ်ားအားလံုးကို ဆိုင္ထိုင္ခြင့္ျပဳေတာ့ မည္ မဟုတ္ပဲ ပါဆယ္စနစ္ျဖင္႔သာ ေရာင္းခ်ရမည္ ျဖစ္ေၾကာင္း သမၼတရံုး၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ကေျပာသည္။

ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္႐ွိ စားေသာက္ဆိုင္မ်ား လက္ဖက္ရည္ဆိုင္မ်ားကို ပါဆယ္စနစ္ျဖင့္သာ ေရာင္းခ်ရန္ မတ္လ ကုန္ခါနီးက ထုတ္ျပန္ေၾကညာခဲ့ၿပီး က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ၏ ခ်မွတ္ထားသည့္ လမ္းၫႊန္မႈႏွင့္အညီ ဆိုင္မ်ားကို ၿပီးခဲ့သည္ ့ ဇြန္လပိုင္းက ျပန္လည္ ဖြင့္လွစ္ရန္ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။

“အခုေနာက္ဆံုး လက္ရွိ ျပည္တြင္း ကူးစက္မႈမွာ စားေသာက္ဆုိင္ေတြ၊ လက္ဖက္ရည္ဆိုင္ေတြ ထိုင္ရာ က ကူးစက္မႈေတြ ေတြ႔ရွိရတတဲ့ အတြက္ တစ္နုိင္ငံ လံုးအတိုင္း အတာ နဲ႕ စားေသာက္ဆုိင္ေတြ၊ လက္ဖက္ရည္ဆိုင္ေတြ မွာ ဆိုင္ထိုင္စနစ္ ခြင့္ျပဳေတာ့ မွာ မဟုတ္ပဲ Take away စနစ္ နဲ႔ ေရာင္းခ်ရမွာျဖစ္ပါတယ္” ဟု ဦးေဇာ္ေဌး ကေျပာသည္။
ယခု ထပ္မံ၍ ကိုဗစ္ ၁၉ ေရာဂါသည္ ျဖစ္ပြားမႈႏႈန္း ျမင့္တက္လာသည့္အတြက္ ဆိုင္ထိုင္စနစ္ ခြင့္မျပဳျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္း ေဒသႀကီးတြင္ ကိုကိုးကၽြန္း ၿမိဳ႕နယ္မွ လႊဲ၍ က်န္သည့္ ၿမိဳ႕နယ္မ်ား ကို Stay Home ေနရန္ အားကစားနွင့္ က်န္းမာေရး ၀န္ႀကီးဌာန မွ ထုတ္ျပန္ထားၿပီး ေစ်းမ်ား၊ Mall မ်ား ဖြင့္ခြင့္ေပးထားကာ စားေသာက္ကုန္၊ သားငါး၊ ကုန္စိမ္း၊ ကုန္ေျခာက္၊ တစ္ကိုယ္ ရည္သံုးပစၥည္း ၊ေဆး၀ါး ႏွင့္ လွ်ပ္စစ္ ပစၥည္း အေရာင္းဆိုင္ မ်ားကိုသာ ဖြင့္လွစ္ ခြင့္ေပးထားေၾကာင္း ၊ မီဒီယာမ်ား အေနျဖင့္လည္း Work From Home ျဖင့္သာ လုပ္ေဆာင္ရမည္ျဖစ္ၿပီး မျဖစ္ မေန သြားေရာက္ရ န္လိုအပ္ပါက က်န္းမာေရး စည္းမ်ဥ္းစည္းကမ္းႏွင့္ အညီ သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရး တာ၀န္ရွိသူမ်ား ကို အေၾကာင္းၾကားေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း လည္း ဦးေဇာ္ေဌး ကေျပာသည္။

ရဟန္းသံဃာမ်ား ဆြမ္းကိစၥႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ပရဟိတ ၊အလွဴရွင္မ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္ ယခင္ က ညႊန္ၾကားထားေၾကာင္း သိရသည္။

စက္တင္ဘာလ ၂၂ ရက္ေန႔ နံနက္ပိုင္းက်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ေၾကညာခ်က္ အရ တစ္နိဳင္ငံလံုး အတိုင္းအတာျဖင္႔ ေရာဂါကူးစက္ခံရသူေပါင္း ၆၄၇၁ ႐ွိၿပီး ေသဆံုးသူေပါင္း ၁၀၀ ဦး႐ွိေနၿပီျဖစ္ေၾကာင္း သိရသည္။

ယဥ္ေကႏြယ္
#TheFifthWaveNews

Leave a Reply