
0
23

ရန်ကုန်တိုင်းတရားလွှတ်တော် စီရင်ချက်အမိန့်ချမှတ်ခြင်းကို အွန်လိုင်းမှ ပြုလုပ်သွားမည်

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ စက်တင်ဘာ၂၄ရက်တွင် ပြုလုပ်မည့် တရားသူကြီးများ၏ စီရင်ချက် အမိန့်ချမှတ်ခြင်းကို ZoomMeeting အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်သွားမည်ဟု တရားလွှတ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။

အမိန့်ချမှတ်နေခြင်းကို Zoom Application (Meeting Id- 767 909 9874, passcode yangonHC) မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုရန်နှင့်ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားစီရင်ရေး ဌာနခွဲဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်လည်းဖော်ပြထားမည်ဟု ထုတ်ပြန်ထားသည်။

စီရင်ချက် အမိန့်ချမှတ်ခြင်းများကို ရုံးခန်းအမှတ်(၁) တရားခွင်တွင် ရုံးထိုင်ချမှတ်မည်ဖြစ်ပြီး စီရင်အမိန့်ချမှုကို Zoom Meeting မှတစ်ဆင့် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က စက်တင်ဘာ ၂၁ရက်တွင်ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

တရားလွှတ်တော်တရားသူကြီး (၂)၊ (၄)၊ (၅)၊ (၆)၊ (၇) က နံနက် ၁၀နာရီ ကစတင်၍လည်းကောင်း၊ တရားလွှတ်တော်တရားသူကြီး (၃)က မွန်းလွဲ ၃ နာရီတွင်လည်းကောင်း စီရင်ချက်ချမှတ်မည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

HM
#TheFifthWave

(Zawgyi)






HM
#TheFifthWave

Leave a Reply