ျပည္သူမ်ားအေနျဖင့္ ႀကိဳက္ရာပါတီကို ေထာက္ခံႏိုင္ၿပီး ပဋိပကၡမျဖစ္ရန္ႏွင္႔ အမုန္းတရားမ်ား ပြားလာေအာင္ မလုပ္ၾကရန္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး တိုက္တြန္း

0
25

ပြည်သူများအနေဖြင့် ကြိုက်ရာပါတီကို ထောက်ခံနိုင်ပြီး ပဋိပက္ခမဖြစ်ရန်နှင့် အမုန်းတရားများ ပွားလာအောင် မလုပ်ကြရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တိုက်တွန်း

ပြည်သူများအနေဖြင့် ကြိုက်ရာပါတီကို ထောက်ခံနိုင်ပြီး ပါတီမတူသူအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ပဋိပက္ခမဖြစ်ကြရန် အမုန်းတရားများ ပွားလာအောင် မလုပ်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တိုက်တွန်းပြောကြားသည်။

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ ဒေသခံမဲဆန္ဒရှင် မိဘပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေအနေနဲ့ ကိုယ်ကြိုက်တဲ့ပါတီကို ထောက်ခံလို့ရပါတယ်။ စိတ်ဝမ်းကွဲပြားပြီးတော့ အချင်းချင်း ပဋိပက္ခဖြစ်လောက်အောင် အမုန်းတရားတွေ ပွားလာအောင်တော့ မလုပ်ကြပါနဲ့။ ပါတီတွေရှိနေတာလည်း သူ့ဘာသူရှိပါစေ။ သွားပြီးတော့ ရန်စတာ ရန်ထောင်တာတွေ မလုပ်ပါနဲ့။ ကိုယ့်ပါတီ ကိုယ့်ကိုယ်စားလှယ်တွေ ရဖို့အတွက် အလုပ်ကလေးတစ်လုပ်ပဲလိုတယ်။ အဲဒါကတော့ နိုဝင်ဘာ (၈)ရက်နေ့မှာ ပယ်မဲမဖြစ်အောင် စနစ်တကျ အမှန်ခြစ်တုံးလေးကို ထုပြီးတော့ မဲပေးလိုက်ရုံပဲဖြစ်တယ်” ဟု ဦးသောင်းအေးက ပြောသည်။

ပါတီဝင်များ တစ်ဖက်နှင့်တစ်ဖက် မကောင်းပြောကာ တိုက်ခိုက်နေခြင်း၊ ခိုက်ရန်ဖြစ်ပွားနေခြင်းသည် နိုင်ငံရေးလမ်းကြောင်းအတွက် မကောင်းနိုင်ကြောင်း ဦးသောင်းအေးက ဆက်လက်ပြောကြားသည်။

“အမှန်တကယ်တော့ ဒီမိုကရေစီဆိုတာက ကိုယ်ကြိုက်တဲ့ပါတီနဲ့ ကိုယ်ကြိုက်တဲ့လူပုဂ္ဂိုလ်ကို ကိုယ့်ဟာကို ရွေးချယ်တာပဲ။ ဒါကိုမဟုတ်ဘဲနဲ့ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ပြီးတော့ တစ်ဖက်မကောင်းကြောင်း တစ်ဖက်ကပြန်ပြီးတော့ ချေပတိုက်ခိုက်နေတာတွေဟာ ကျွန်တော်တို့နိုင်ငံရေးရဲ့လမ်းကြောင်း မကောင်းတဲ့သဘောဖြစ်တယ်။ တချို့နေရာတွေမှာ အုပ်စုတွေကွဲပြီးတော့ ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိနေတာ တွေ့ရပါတယ်”ဟု ဦးသောင်းအေးက ပြောသည်။

နိုဝင်ဘာလ ၈ ရက်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ပါတီပေါင်း ၉၃ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

HM
#TheFifthWave

(Zawgyi)

ျပည္သူမ်ားအေနျဖင့္ ႀကိဳက္ရာပါတီကို ေထာက္ခံႏိုင္ၿပီး ပဋိပကၡမျဖစ္ရန္ႏွင္႔ အမုန္းတရားမ်ား ပြားလာေအာင္ မလုပ္ၾကရန္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး တိုက္တြန္း

ျပည္သူမ်ားအေနျဖင့္ ႀကိဳက္ရာပါတီကို ေထာက္ခံႏိုင္ၿပီး ပါတီမတူသူအခ်င္းခ်င္း စိတ္ဝမ္းကဲြျပားကာ ပဋိပကၡမျဖစ္ၾကရန္ အမုန္းတရားမ်ား ပြားလာေအာင္ မလုပ္ၾကရန္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြ႔ံၿဖိဳးေရးပါတီမွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက တိုက္တြန္းေျပာၾကားသည္။

ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားသို႔ သြားေရာက္ကာ ေဒသခံမဲဆႏၵရွင္ မိဘျပည္သူမ်ားႏွင့္ ေတြ႔ဆံုရာတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ျပည္သူေတြအေနနဲ႔ ကိုယ္ႀကိဳက္တဲ့ပါတီကို ေထာက္ခံလို႔ရပါတယ္။ စိတ္ဝမ္းကဲြျပားၿပီးေတာ့ အခ်င္းခ်င္း ပဋိပကၡျဖစ္ေလာက္ေအာင္ အမုန္းတရားေတြ ပြားလာေအာင္ေတာ့ မလုပ္ၾကပါနဲ႔။ ပါတီေတြရွိေနတာလည္း သူ႔ဘာသူရွိပါေစ။ သြားၿပီးေတာ့ ရန္စတာ ရန္ေထာင္တာေတြ မလုပ္ပါနဲ႔။ ကိုယ့္ပါတီ ကိုယ့္ကိုယ္စားလွယ္ေတြ ရဖို႔အတြက္ အလုပ္ကေလးတစ္လုပ္ပဲလိုတယ္။ အဲဒါကေတာ့ ႏိုဝင္ဘာ (၈)ရက္ေန႔မွာ ပယ္မဲမျဖစ္ေအာင္ စနစ္တက် အမွန္ျခစ္တံုးေလးကို ထုၿပီးေတာ့ မဲေပးလိုက္ရံုပဲျဖစ္တယ္” ဟု ဦးေသာင္းေအးက ေျပာသည္။

ပါတီဝင္မ်ား တစ္ဖက္ႏွင့္တစ္ဖက္ မေကာင္းေျပာကာ တိုက္ခိုက္ေနျခင္း၊ ခိုက္ရန္ျဖစ္ပြားေနျခင္းသည္ ႏိုင္ငံေရးလမ္းေၾကာင္းအတြက္ မေကာင္းႏိုင္ေၾကာင္း ဦးေသာင္းေအးက ဆက္လက္ေျပာၾကားသည္။

“အမွန္တကယ္ေတာ့ ဒီမိုကေရစီဆိုတာက ကိုယ္ႀကိဳက္တဲ့ပါတီနဲ႔ ကိုယ္ႀကိဳက္တဲ့လူပုဂၢိဳလ္ကို ကိုယ့္ဟာကို ေရြးခ်ယ္တာပဲ။ ဒါကိုမဟုတ္ဘဲနဲ႔ တစ္ဖက္နဲ႔တစ္ဖက္ တုိက္ခိုက္ၿပီးေတာ့ တစ္ဖက္မေကာင္းေၾကာင္း တစ္ဖက္ကျပန္ၿပီးေတာ့ ေခ်ပတိုက္ခိုက္ေနတာေတြဟာ ကၽြန္ေတာ္တို႔ႏိုင္ငံေရးရဲ႕လမ္းေၾကာင္း မေကာင္းတဲ့သေဘာျဖစ္တယ္။ တခ်ိဳ႕ေနရာေတြမွာ အုပ္စုေတြကဲြၿပီးေတာ့ ခိုက္ရန္ျဖစ္ပြားမႈေတြ ရွိေနတာ ေတြ႔ရပါတယ္”ဟု ဦးေသာင္းေအးက ေျပာသည္။

ႏိုဝင္ဘာလ ၈ ရက္တြင္ ၂၀၂၀ ျပည့္ႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို က်င္းပသြားမည္ျဖစ္ၿပီး ပါတီေပါင္း ၉၃ ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

HM
#TheFifthWave

Leave a Reply