ေရႊလီၿမိဳ႕အဝင္၌ရွိေသာ အေကာက္ခြန္ ဂိတ္အား ယေန႔ ျပန္ဖြင့္

0
27

ရွှေလီမြို့အဝင်၌ရှိသော အကောက်ခွန် ဂိတ်အား ယနေ့ ပြန်ဖွင့်

စက်တင်ဘာ ၂၂

တရုတ်နိုင်ငံ ရွှေလီမြို့တွင် COVID -19 ရောဂါပိုးတွေ့လူနာ တွေ့ရှိမှုကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့အဝင်၌ရှိသော အကောက်ခွန်ဂိတ်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်မှ စတင် ပိတ်ထားခဲ့ရာ တစ်ပတ်အကြာတွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှ သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ ကုန်တင်ယာဉ်များ (အဝင်)နှင့် တရုတ်ကုန်တင်ယာဉ်များ(အထွက်) ဝင်ထွက်ခွင့် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

“တရုတ်နိုင်ငံ ရွှေလီမြို့အဝင်မှာရှိတဲ့အကောက်ခွန်ဂိတ်ကို စက်တင်ဘာလ ၁၅ ရက်
ဒေသစံတော်ချိန် မနက် ၆ နာရီခွဲမှာ ပိတ်ထားခဲ့ တာ ဒီနေ့ စက်တင်ဘာလ ၂၂ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီခွဲမှာ ပြန်လည်ဖွင့်လှစ် လိုက်ပါတယ်”ဟု
မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဌ ဦးမင်းသိန်း က ပြောသည်။

အဆိုပါ ကြယ်ဂေါင်- ရွှေလီ လော့ဒေါင်းချထားမှု ကို စက်တင်ဘာလ ၂၁ ရက်က ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စာသင်ကျောင်းများကိုမူ စက်တင်ဘာလ ၂၆ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ရုပ်ရှင်ရုံများ၊ KTV များနှင့် အနှိပ်ခန်းများကိုမူ ဖွင့်ခွင့် မပြုသေး ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ပိုးတွေ့လူနာတွေ့ရှိခဲ့သဖြင့် စက်တင်ဘာလ ၁၄ ရက်မှစ၍ ရွှေလီမြို့အတွင်း ဆေးရုံနှင့် ဈေးဝယ်စင်တာမှလွဲပြီး ဝင်ထွက် သွားလာခွင့် ကန့်သတ်ကာ Lockdown ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၊ တရုတ်နိုင်ငံဘက်မှ အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းများကိုလည်း စက်တင်ဘာ (၁၅)ရက်မှစ၍ ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ခဲ့သည့်အတွက် တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်း ခဲ့ရသည်။

မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံတို့နှင့် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း ၁၈ ခု တရားဝင် ဖွင့်လှစ်ပြီး အပြန်အလှန် ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(Zawgyi)

ေရႊလီၿမိဳ႕အဝင္၌ရွိေသာ အေကာက္ခြန္ ဂိတ္အား ယေန႔ ျပန္ဖြင့္

စက္တင္ဘာ ၂၂

တ႐ုတ္နိုင္ငံ ေရႊလီၿမိဳ႕တြင္ COVID -19 ေရာဂါပိုးေတြ႕လူနာ ေတြ႕ရွိမႈေၾကာင့္ တ႐ုတ္နိုင္ငံ ေရႊလီၿမိဳ႕အဝင္၌ရွိေသာ အေကာက္ခြန္ဂိတ္ကို ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၅ ရက္မွ စတင္ ပိတ္ထားခဲ့ရာ တစ္ပတ္အၾကာတြင္ ျပန္လည္ ဖြင့္လွစ္ေပးခဲ့ေၾကာင္း မူဆယ္ဆန္စပါး ကုန္စည္ဒိုင္မွ သိရသည္။

ထို႔ေၾကာင့္ ျမန္မာနိုင္ငံမွ ကုန္တင္ယာဥ္မ်ား (အဝင္)ႏွင့္ တ႐ုတ္ကုန္တင္ယာဥ္မ်ား(အထြက္) ဝင္ထြက္ခြင့္ ရရွိသြားၿပီျဖစ္ေၾကာင္း သိရသည္။

“တ႐ုတ္နိုင္ငံ ေရႊလီၿမိဳ႕အဝင္မွာရွိတဲ့အေကာက္ခြန္ဂိတ္ကို စက္တင္ဘာလ ၁၅ ရက္
ေဒသစံေတာ္ခ်ိန္ မနက္ ၆ နာရီခြဲမွာ ပိတ္ထားခဲ့ တာ ဒီေန႔ စက္တင္ဘာလ ၂၂ ရက္ ေဒသစံေတာ္ခ်ိန္ မနက္ ၆ နာရီခြဲမွာ ျပန္လည္ဖြင့္လွစ္ လိုက္ပါတယ္”ဟု
မူဆယ္ဆန္စပါး ကုန္စည္ဒိုင္မွ ဒုတိယဥကၠဌ ဦးမင္းသိန္း က ေျပာသည္။

အဆိုပါ ၾကယ္ေဂါင္- ေရႊလီ ေလာ့ေဒါင္းခ်ထားမႈ ကို စက္တင္ဘာလ ၂၁ ရက္က ပုံမွန္အတိုင္း ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး စာသင္ေက်ာင္းမ်ားကိုမူ စက္တင္ဘာလ ၂၆ ရက္တြင္ ျပန္လည္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္းႏွင္႔ ႐ုပ္ရွင္႐ုံမ်ား၊ KTV မ်ားႏွင့္ အႏွိပ္ခန္းမ်ားကိုမူ ဖြင့္ခြင့္ မျပဳေသး ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၁၂ ရက္က တ႐ုတ္နိုင္ငံ၊ ေရႊလီၿမိဳ႕တြင္ ပိုးေတြ႕လူနာေတြ႕ရွိခဲ့သျဖင့္ စက္တင္ဘာလ ၁၄ ရက္မွစ၍ ေရႊလီၿမိဳ႕အတြင္း ေဆး႐ုံႏွင့္ ေဈးဝယ္စင္တာမွလြဲၿပီး ဝင္ထြက္ သြားလာခြင့္ ကန႔္သတ္ကာ Lockdown ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ၊ တ႐ုတ္နိုင္ငံဘက္မွ အေကာက္ခြန္ ရွင္းလင္းေရး လုပ္ငန္းမ်ားကိုလည္း စက္တင္ဘာ (၁၅)ရက္မွစ၍ ရက္အကန္႔အသတ္မရွိ ဆိုင္းငံ့ခဲ့သည့္အတြက္ တ႐ုတ္-ျမန္မာ နယ္စပ္စီးပြားေရး ၁၀၀ ရာခိုင္ႏွုန္း ရပ္ဆိုင္း ခဲ့ရသည္။

ျမန္မာနိုင္ငံသည္ တ႐ုတ္၊ ထိုင္း၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ လာအိုနိုင္ငံတို႔ႏွင့္ နယ္စပ္ကုန္ သြယ္ေရးလမ္းေၾကာင္း ၁၈ ခု တရားဝင္ ဖြင့္လွစ္ၿပီး အျပန္အလွန္ ကုန္သြယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္လၽွက္ရွိသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply