မႏၲေလးၿမိဳ႕တြင္ ဖ်ားနာေရာဂါမ်ားႏွင္႔ပတ္သက္၍ မည္သူမဆိုအခမဲ႔လာေရာက္ျပသႏိုင္သည္႔ အထူးကုေဆးခန္းမ်ား ဖြင္႔ေပးထားေၾကာင္း သိရ

0
22

မန္တလေးမြို့တွင် ဖျားနာရောဂါများနှင့်ပတ်သက်၍ မည်သူမဆိုအခမဲ့လာရောက်ပြသနိုင်သည့် အထူးကုဆေးခန်းများ ဖွင့်ပေးထားကြောင်း သိရ

မန္တလေးမြို့တွင် ဖျားနာရောဂါများနှင့်ပတ်သက်၍ မည်သူမဆိုအခမဲ့လာရောက်ပြသနိုင်သည့် အထူးကုဆေးခန်းများ ဖွင့်ပေးထားကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) မှ သိရသည် ။

လက်ရှိ COVID-19 ရောဂါကူးစက်မှုပြန်လည်မြင့်တက်လာချိန်တွင်မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်း ဒေသကြီး) တို့ပူးပေါင်း၍ ဖျားနာသီးသန့်(ဖျား /နှာစေး /ချောင်းဆိုး/ လည်ချောင်းနာ /အနံ့မရခြင်း စသဖြင့်)ရောဂါများအား လူမျိူး ဘာသာ ကျားမ အသက်အရွယ် မရွေးအခမဲ့ ကုသမှု ပေးနိုင်ရန်ရည်ရွယ်ထားကြောင်းသိရသည် ။

” ကိုဗစ်နဲ့ ပတ်သက်လို့ လာကြသူတော်တော်များလာတယ်။ လာတဲ့ သူက ဖျားတဲ့သူ များတယ် ။ လူနာတွေများလာရင် ဆေးရုံကြီးမှာစုပြုံများပြားသွားတာမျိုးမဖြစ်အောင် အခုကာလမှာ အထွေထွေရောဂါကုဆေးခန်းတွေလည်းပိတ်ကြတော့ ဖျားနာတာနဲ့ပတ်သက်ပြီး ဆေးရုံကိုလည်းမသွားချင်သူတွေ အထူးသဖြင့်ချို့တဲ့တဲ့သူတွေအနေနဲ့ ကိုယ့်မြို့နယ်ထဲမှာ ပြသနိုင်အောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ပေးတာပါ ” ဟု မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်း)မှ ဒေါက်တာ ခင်မောင်ကျော်ကပြောသည် ။

ပြည်သူများအနေဖြင့် ဖျားခြင်း ၊ လည်ချောင်းနာခြင်း ၊ချောင်းခြောက်ဆိုးခြင်းများဖြစ်ပေါ်ပါက ဆေးခန်းသို့အခမဲ့လာရောက်ပြသနိုင်ပြီးမိသားစုဆရာဝန်များ၊ Private ဆေးရုံများတွင်လည်း အအေးမိလက္ခဏာဖြင့်လာပြသူလူနာအားလုံးကိုလွှဲပြောင်းပေးရန်အသိပေးထားကြောင်းသိရသည် ။

ဖျားနာကုသရေးဆေးခန်းများမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်သည့် မှတ်တမ်းများအရ ချမ်းမြသာစည်ဆေးခန်းတွင် ၃၀ဦး ခန့်လာရောက်ပြသခဲ့ရာတွင် ၈ ဦး ၊ အောင်မြေသာစံမြို့နယ်တွင် လူနာ၂၀ ဦးခန့်လာရောက်ပြသရာတွင် ၆ ဦး ကိုလွှဲပြောင်းပို့ဆောင်ခဲ့ကာ ၎င်းတို့၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးချက်အရ Negative (ပိုးမတွေ့) အဖြေ ရရှိကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(Zawgyi)

မႏၲေလးၿမိဳ႕တြင္ ဖ်ားနာေရာဂါမ်ားႏွင္႔ပတ္သက္၍ မည္သူမဆိုအခမဲ႔လာေရာက္ျပသႏိုင္သည္႔ အထူးကုေဆးခန္းမ်ား ဖြင္႔ေပးထားေၾကာင္း သိရ

မႏၲေလးၿမိဳ႕တြင္ ဖ်ားနာေရာဂါမ်ားႏွင္႔ပတ္သက္၍ မည္သူမဆိုအခမဲ႔လာေရာက္ျပသႏိုင္သည္႔ အထူးကုေဆးခန္းမ်ား ဖြင္႔ေပးထားေၾကာင္း ျမန္မာနိုင္ငံ ဆရာဝန္အသင္း (မႏၲေလးတိုင္းေဒသႀကီး) မွ သိရသည္ ။

လက္ရွိ COVID-19 ေရာဂါကူးစက္မႈျပန္လည္ျမင္႔တက္လာခ်ိန္တြင္မႏၲေလးတိုင္းေဒသႀကီး က်န္းမာေရး ဦးစီးဌာန ႏွင့္ ျမန္မာနိုင္ငံဆရာဝန္အသင္း(မႏၲေလးတိုင္း ေဒသႀကီး) တို ့ပူးေပါင္း၍ ဖ်ားနာသီးသန္႔(ဖ်ား /ႏွာေစး /ေခ်ာင္းဆိုး/ လည္ေခ်ာင္းနာ /အနံ ့မရျခင္း စသျဖင့္)ေရာဂါမ်ားအား လူမ်ိဴး ဘာသာ က်ားမ အသက္အရြယ္ မေရြးအခမဲ့ ကုသမွု ေပးႏိုင္ရန္ရည္ရြယ္ထားေၾကာင္းသိရသည္ ။

” ကိုဗစ္နဲ႔ ပတ္သက္လို႔ လာၾကသူေတာ္ေတာ္မ်ားလာတယ္။ လာတဲ့ သူက ဖ်ားတဲ့သူ မ်ားတယ္ ။ လူနာေတြမ်ားလာရင္ ေဆးရံုႀကီးမွာစုၿပံဳမ်ားျပားသြားတာမ်ိဳးမျဖစ္ေအာင္ အခုကာလမွာ အေထြေထြေရာဂါကုေဆးခန္းေတြလည္းပိတ္ၾကေတာ႔ ဖ်ားနာတာနဲ႔ပတ္သက္ၿပီး ေဆးရံုကိုလည္းမသြားခ်င္သူေတြ အထူးသျဖင္႔ခ်ိဳ႕တဲ႔တဲ႔သူေတြအေနနဲ႔ ကိုယ္႔ၿမိဳ႕နယ္ထဲမွာ ျပသႏိုင္ေအာင္ စတဲ႔ ရည္ရြယ္ခ်က္ေတြနဲ႔ ဖြင္႔လွစ္ေပးတာပါ ” ဟု ျမန္မာနိဳင္ငံဆရာ၀န္အသင္း(မႏၲေလးတိုင္း)မွ ေဒါက္တာ ခင္ေမာင္ေက်ာ္ကေျပာသည္ ။

ျပည္သူမ်ားအေနျဖင္႔ ဖ်ားျခင္း ၊ လည္ေခ်ာင္းနာျခင္း ၊ေခ်ာင္းေျခာက္ဆိုးျခင္းမ်ားျဖစ္ေပၚပါက ေဆးခန္းသို႔အခမဲ႔လာေရာက္ျပသႏိုင္ျပီးမိသားစုဆရာဝန္မ်ား၊ Private ေဆး႐ုံမ်ားတြင္လည္း အေအးမိလကၡဏာျဖင့္လာျပသူလူနာအားလုံးကိုလႊဲေျပာင္းေပးရန္အသိေပးထားေၾကာင္းသိရသည္ ။

ဖ်ားနာကုသေရးေဆးခန္းမ်ားမွ မႏၲေလးေဆးရံုႀကီးသို႔ ပို႔ေဆာင္သည့္ မွတ္တမ္းမ်ားအရ ခ်မ္းျမသာစည္ေဆးခန္းတြင္ ၃၀ဦး ခန္႔လာေရာက္ျပသခဲ႔ရာတြင္ ၈ ဦး ၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ လူနာ၂၀ ဦးခန္႔လာေရာက္ျပသရာတြင္ ၆ ဦး ကိုလႊဲေျပာင္းပို႔ေဆာင္ခဲ့ကာ ၎တို႔၏ ဓါတ္ခြဲနမူနာမ်ားကို စစ္ေဆးခ်က္အရ Negative (ပိုးမေတြ႕) အေျဖ ရရွိေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

 

 

 

 

Leave a Reply