မႏၲေလးခရိုင္အတြင္းတြင္ သုံးပတ္ေက်ာ္အတြင္း ကိုဗစ္ပိုးေတြ႕လူနာ ၈၀ ေက်ာ္ရွိ

0
25

မန္တလေးခရိုင်အတွင်းတွင် သုံးပတ်ကျော်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၈၀ ကျော်ရှိ

မန္တလေးခရိုင်အတွင်းတွင် သြဂုတ် ၂၇ ရက်မှ ယနေ့အချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ ၈၀ ကျော်ရှိပြီဖြစ်ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီးဒေါက်စုစုဒွေးထံက သိရသည်။

မန္တလေးခရိုင်အတွင်းရှိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ အောင်မြေသာစံမြို့နယ်တွင် (၄)ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် (၁၈)ဦး၊ မဟာအောင်မြေမြို့နယ်တွင် (၁၃)ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် (၆)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၄)ဦး၊ အမရပူရမြို့နယ်တွင် (၂၅)ဦး၊ ပုသိမ်ကြီးမြို့နယ်တွင် (၁၀)ဦးစီ ရှိကြောင်း (၂၁-၉-၂၀၂၀) ရက်နေ့ နံနက်ပိုင်းအထိ စာရင်းများအရ သိရသည်။

” မနေ့ကထိတော့ လူနာက ၈၀ ပဲရှိသေးတာပေါ့။ လူနာက တစ်ဖြေးဖြေးတိုးလာတယ် ။ ခုတော့ ၈၀ ကျော်လောက်ဖြစ်နေပြီ ။ ရောဂါသက်သာလု့ိဆေးရုံးဆင်းသွားတဲ့သူတွေလဲ ရှိတာပေါ့နော် ” ဟု ၎င်းကပြောသည် ။

လက်ရှိတွင် မန္တလေးမြို့ ကုတင် ၃၀၀ ဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၆၀ ကျော် ၊ ကန်တော်နဒီတွင် လူနာ ၂၀ ကျော်ကို ကုသပေးလျက်ရှိပြီး ၊ မန္တလေးတိုင်းတွင် COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ ၁၇၀ ဝန်းကျင်ခန့် ရှိကာ သေဆုံးလူနာ တစ်ယောက်သာရှိကြောင်း သိရသည် ။

မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ ၆၄၇၁ ဦး ရှိပြီး သေဆုံးသူ ၁၀၀ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

 

မႏၲေလးခ႐ိုင္အတြင္းတြင္ သုံးပတ္ေက်ာ္အတြင္း ကိုဗစ္ပိုးေတြ႕လူနာ ၈၀ ေက်ာ္ရွိ

မႏၲေလးခ႐ိုင္အတြင္းတြင္ ၾသဂုတ္ ၂၇ ရက္မွ ယေန႔အခ်ိန္ထိ ကိုဗစ္ပိုးေတြ႕လူနာ ၈၀ ေက်ာ္ရွိၿပီျဖစ္ေၾကာင္း မႏၲေလးအေထြေထြေရာဂါကု ေဆး႐ုံအုပ္ႀကီးေဒါက္စုစုေဒြးထံက သိရသည္။

မႏၲေလးခ႐ိုင္အတြင္းရွိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားမွာ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ (၄)ဦး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ (၁၈)ဦး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ (၁၃)ဦး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ (၆)ဦး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ (၄)ဦး၊ အမရပူရၿမိဳ႕နယ္တြင္ (၂၅)ဦး၊ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ (၁၀)ဦးစီ ရွိေၾကာင္း (၂၁-၉-၂၀၂၀) ရက္ေန႔ နံနက္ပိုင္းအထိ စာရင္းမ်ားအရ သိရသည္။

” မေန႔ကထိေတာ့ လူနာက ၈၀ ပဲရွိေသးတာေပါ့။ လူနာက တစ္ေျဖးေျဖးတိုးလာတယ္ ။ ခုေတာ့ ၈၀ ေက်ာ္ေလာက္ျဖစ္ေနၿပီ ။ ေရာဂါသက္သာလု႔ိေဆး႐ုံးဆင္းသြားတဲ့သူေတြလဲ ရွိတာေပါ့ေနာ္ ” ဟု ၎ကေျပာသည္ ။

လက္ရွိတြင္ မႏၲေလးၿမိဳ႕ ကုတင္ ၃၀၀ ေဆး႐ုံႀကီးတြင္ ကိုဗစ္အတည္ျပဳလူနာ ၆၀ ေက်ာ္ ၊ ကန္ေတာ္နဒီတြင္ လူနာ ၂၀ ေက်ာ္ကို ကုသေပးလ်က္ရွိၿပီး ၊ မႏၲေလးတိုင္းတြင္ COVID-19 ဓါတ္ခြဲ အတည္ျပဳလူနာ ၁၇၀ ဝန္းက်င္ခန႔္ ရွိကာ ေသဆုံးလူနာ တစ္ေယာက္သာရွိေၾကာင္း သိရသည္ ။

ျမန္မာႏိုင္ငံတြင္ COVID-19 ဓါတ္ခြဲ အတည္ျပဳ လူနာ ၆၄၇၁ ဦး ရွိၿပီး ေသဆုံးသူ ၁၀၀ ဦး ရွိခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန စက္တင္ဘာလ ၂၂ ရက္ နံနက္ပိုင္း သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply