ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းေပးရန္ ထပ္မံ တင္ျပသြားမည္ဟု PPP ပါတီ ဒုဥကၠဌဆို

0
65
ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် ထပ်မံ တင်ပြသွားမည်ဟု PPP ပါတီ ဒုဥက္ကဌဆို
နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် ထပ်မံတင်ပြသွားမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။
Covid-19 ကြောင့် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် မဲဆွယ် စည်းရုံးခွင့် မရှိသည့်အတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များမှာ အခက်အခဲများစွာရှိသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီပေါင်း ၃၀ မှအိတ်ဖွင့်ပေးစာပေးပို့ထားကြောင်း သိရသည်။
“ အဲဒီသတင်းကို ကြားမိသလို အန်ကယ်တို့ကိုလည်း စည်းရုံးပါတယ်။ အန်ကယ်တို့ကလည်း အိတ်ဖွင့်ပေးစာပေးပြီးပြီ၊ ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ ပြောတဲ့ အစောဆုံးပါတီလည်းဖြစ်ပါတယ်။ သပိတ်မှောက်တာတော့ မမှောက်ပါဘူး၊ ဒါပေမဲ့ CEC အစည်းအဝေးရှိတယ်။ အစည်းအဝေးမှာဘယ်လိုဆုံးဖြတ်မလဲတော့ မသိဘူး၊ အခြေအနေကလည်းဆိုးနေတဲ့အတွက် ပြန်လည်သုံးသပ်ပေးဖို့ ထပ်ပြီးတင်ပြသွားမယ်”ဟု ရွေးကောက်ပွဲ မရွှေ့ဆိုင်းပါက သပိတ်မှောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ကူးစက်လူနာများလာသည့်အတွက် ကိုကိုးကျွန်းမှလွဲ၍ ကျန်မြို့နယ်ကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ Stay at Home သတ်မှတ်ထားပြီး ၊ UEC မှ စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာလ ၆ ရက်အထိ တရားဝင်မဲဆွယ်စည်းရုံးခွင့်ပြုထားသော်လည်း Covid-19 ညွှန်ကြားချက်ကြောင့် ပါတီအနေနှင့် အခက်အခဲများစွာရှိနေကြောင်း သိရသည်။
“သပိတ်မှောက်မယ့်အထဲတော့ ကျွန်တော်တို့ပါတီမပါပါဘူး၊ ရွေးကောက်ပွဲကော်မရှင်ကို အကြံပြုတိုက်တွန်းထားတာပဲရှိပါတယ်။ အိတ်ဖွင့်ပေးစာပေးပို့တာမဟုတ်ဘူး၊ တိုက်ရိုက်စာလိပ်မူပြီး ပို့တာပါ၊ သုံးကြိမ်ရှိပြီ ၊ ခုထိတော့ အကြောင်းမပြန်ပါဘူး”ဟု ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
ဆုသက်နှင်း
#TheFifthWave
( Zawgyi )
ႏိုဝင္ဘာ ၈ ရက္တြင္က်င္းပမည့္ ေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းေပးရန္ ထပ္မံတင္ျပသြားမည္ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ဒုတိယဥကၠ႒ ဦးေက်ာ္ေဇယ်က ေျပာသည္။
Covid-19 ေၾကာင့္ Stay at Home သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားတြင္ မဲဆြယ္ စည္းရံုးခြင့္ မရွိသည့္အတြက္ ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္မ်ားမွာ အခက္အခဲမ်ားစြာရွိသည့္အတြက္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံသို႔ ေရြးေကာက္ပြဲေရႊ႕ဆိုင္းေပးရန္ ႏိုင္ငံေရးပါတီေပါင္း ၃၀ မွအိတ္ဖြင့္ေပးစာေပးပို႔ထားေၾကာင္း သိရသည္။
“ အဲဒီသတင္းကို ၾကားမိသလို အန္ကယ္တို႔ကိုလည္း စည္းရံုးပါတယ္။ အန္ကယ္တို႔ကလည္း အိတ္ဖြင့္ေပးစာေပးၿပီးၿပီ၊ ေရြးေကာက္ပြဲကို ေနာက္ဆုတ္ေပးဖို႔ ေျပာတဲ့ အေစာဆံုးပါတီလည္းျဖစ္ပါတယ္။ သပိတ္ေမွာက္တာေတာ့ မေမွာက္ပါဘူး၊ ဒါေပမဲ့ CEC အစည္းအေဝးရွိတယ္။ အစည္းအေဝးမွာဘယ္လိုဆံုးျဖတ္မလဲေတာ့ မသိဘူး၊ အေျခအေနကလည္းဆိုးေနတဲ့အတြက္ ျပန္လည္သံုးသပ္ေပးဖို႔ ထပ္ၿပီးတင္ျပသြားမယ္”ဟု ေရြးေကာက္ပြဲ မေရႊ႕ဆိုင္းပါက သပိတ္ေမွာက္မည္ဟု သတင္းမ်ား ထြက္ေပၚေနသည္႔အေပၚ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ဒုတိယဥကၠ႒ ဦးေက်ာ္ေဇယ်က ေျပာသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီး၌ ကူးစက္လူနာမ်ားလာသည့္အတြက္ ကိုကိုးကြ်န္းမွလြဲ၍ က်န္ၿမိဳ႕နယ္ကို စက္တင္ဘာ ၂၄ ရက္မွ ေအာက္တိုဘာ ၇ ရက္အထိ Stay at Home သတ္မွတ္ထားၿပီး ၊ UEC မွ စက္တင္ဘာ ၈ ရက္မွ ႏိုဝင္ဘာလ ၆ ရက္အထိ တရားဝင္မဲဆြယ္စည္းရံုးခြင့္ျပဳထားေသာ္လည္း Covid-19 ညႊန္ၾကားခ်က္ေၾကာင့္ ပါတီအေနႏွင့္ အခက္အခဲမ်ားစြာရွိေနေၾကာင္း သိရသည္။
“သပိတ္ေမွာက္မယ့္အထဲေတာ့ ကြ်န္ေတာ္တို႔ပါတီမပါပါဘူး၊ ေရြးေကာက္ပြဲေကာ္မရွင္ကုိ အၾကံျပဳတိုက္တြန္းထားတာပဲရွိပါတယ္။ အိတ္ဖြင့္ေပးစာေပးပို႔တာမဟုတ္ဘူး၊ တိုက္ရိုက္စာလိပ္မူၿပီး ပို႔တာပါ၊ သံုးႀကိမ္ရွိၿပီ ၊ ခုထိေတာ့ အေၾကာင္းမျပန္ပါဘူး”ဟု ျပည္သူ႔ပါတီမွ ဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။
ဆုသက္ႏွင္း

Leave a Reply